Monday, November 12, 2012
0
ယနေ့ကမ္ဘာကြီးကရွာကြီးတစ်ရွာပမာဖြစ်သွားပြီကမ္ဘာတစ်ဝှန်းဆက်သွယ်မှုကလည်း၊တဖြည်းဖြည်းပိုမို ကျယ်ပြန့်လာကြသည်။ တိုးတက်ပြောင်းလဲလာသော လူ့ လောက၀န်းကျင်တွင် ဘယ်နေရာကိုသွား သွား၊ဆေးလိပ်သောက်ခြင်း၊စီးကရက် သောက်ခြင်းကိုမြင်တွေ့ကြရသည်။လူ့ မြင်ကွင်းဝယ်ဥမမယ်၊စာ မမြောက်ဆယ်ကျော်သက်အရွယ်၊ငယ်ငယ်ရွယ်ရွယ်ကလေးများပင်ဆေးလိပ်သောက်တတ်ကြသည်။လမ်းဆုံ လမ်းခွလူစည်ကားရာနေရာ၊ရုပ်ရှင်၊ဇာတ်ပွဲ၊သဘင်များ၊ဂီတဖျော် ဖြေပွဲများ၌ပင်မိသားစုဝင်ငွေရရေးအတွက်   ဆေးလိပ်ဗန်းကလေးမျာကို ကိုယ်စီကိုင်ဆောင်၍ဆေးလိပ်ရောင်းချနေကြသော  လူငယ်များ၏ ၀မ်းဆာ ရှာဖွေမှုကိုမြင်ရတိုင်း၊စိတ်မကောင်းပါ။မိသားစုဝင်ငွေလုပ်ငန်းတစ်ခုအနေဖြင့်၊ ဆေးလိပ်ရောင်းချရာမှ၊ ၀ယ် ယူသူကိုမီးခြစ်ခြစ်ပေးရာမှ၊  မီးညှိပေးရာမှ သူတို့လေးတွေဆေးလိပ်သောက်တတ်ကြပေမည်။

ဆေးလိပ်သောက်သူ၊ဆေးလိပ်စွဲသူတစ်ဦးအနေဖြင့်မိမိတစ်နေ့တာ သောက်သုံးမှုကို ““တစ်လိပ်ကိုဘယ်ေ လာက်၊ဆယ်လိပ်ကိုဘယ်လောက်””ဆိုသည်ကိုဂဏန်းသင်္ချာကိန်းဂဏန်းဖြင့်တွက်စစ်၍ရပါသည်။ ဤသို့သင်္ချာနည်းကိန်းဂဏန်းများဖြင့်တွက်ချက်၍မရနိုင်သောကုန် ကျစရိတ်များရှိပါသေးသည်။

မိမိခံတွင်းတွင်အရသာရှိသည်ဟူ၍ပဲဖြစ်ဖြစ်၊စိတ်ကိုရွှင်လန်းတက်ကြွမှုရနိုင်မည်ထင်၍သောက်သည်ပဲဖြစ်ြ
ဖစ်၊စိတ်ခံစားမှုလျော့ပါးစေသည်ဟူ၍၊မြင်သဖြင့်သောက်သည်ပဲဖြစ်ဖြစ်၊စီးကရက်ဆေးလိပ်ကိုလက်ကြားညှပ် ထားရခြင်းကိုဂုဏ်ယူဟန်လုပ်ဟိတ်ထုတ်သည်ပဲဖြစ်ဖြစ်၊ဘေးထွက်ဆိုးကျိုးအရဆေးလိပ်ငွေ့ကလူ့ခန္ဓာကိုယ် အဆုတ်ထဲသို့ဝင်သည်။အဆုတ်မှတစ်ဆင့်သွေးကြောထဲသို့ဝင်သည်။နောက်လူ့ခန္ဓာကိုယ်အနှံ့ပျံ့နှံ့သွားစေ သည်။

ဆေးလိပ်၏ဖွဲ့ည်းမှုတွင်နီကိုတင်း၊ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့၊ကင်ဆာဖြစ်စေသောဓာတ်ငွေ့များဖြင့် ဖွဲ့စည်းထားသည်။အသက်ရှူလမ်းကြောင်းမှတစ်ဆင့်အဆုတ်ကိုတိုက်ရိုက်ထိခိုက်စေသည်။အသက်ရှူလမ်းေ ကြာင်းရောဂါ၊လေရှူပြွန်ရောင်ရောဂါ၊အဆုတ်ကင်ဆာ၊နှလုံး သွေးကြောကျဉ်းရောဂါ၊သွေးကြောပိတ်ရောဂါ၊ အစာအိမ်၊ အူသိမ်ရောဂါ၊ကိုယ်ဝန်ပျက် ကျရောဂါ၊  ပန်ကရိယ၊  သားအိမ်ခေါင်းကင်ဆာ——အို–စုံလို့–စုံလို့ –ရောဂါမျိုးစုံက ဆွေမျိုးအုပ်စုဖွဲ့၍၀င်ရောက်နှိပ် စက်ကြပါလိမ့်မည်။

ဆေးလိပ်သောက်သောကိုယ်ဝန်ဆောင်မိခင်သည်၊မိမိရင်သွေးငယ်၊မျိုးဆက်သစ်များကိုပါဆိုးကျိုး၊ဆိုးမွေ ၊ဘေးထွက်ဆိုးကျိုးများကိုတစ်သက်လုံးခံစာစေသည်။ဆေးပေါ့လိပ်၊ဆေးလိပ်၊စီးကရက်တို့၏ကုန်ကျစရိတ် ထက်မှန်းဆတွက်ဆ၍မရနိုင်သောဆုံးရှုံးမှုများကား၊အပေါင်းနှင့်အသင်းနှင့်ဝင်ရောက်နှိပ်စက်ကြပါ သည်။ ဆွေနှင့်မျိုးနှင့်လက်တွဲခေါ်၍ခန္ဓာ ကိုယ်ကိုဖိကြထောင်းကြပါသည်။

နိုင်ငံတော်၏ကျန်းမာရေးမျက်နှာစာဝယ်(၁၉၉၅)ခုနှစ်ကမ်္ဘာ့ဆေးလိပ်မ သောက်ရေးနေ့ ဆောင်ပုဒ်တစ်ခု ကိုပြေး ၍အမှတ်ရမိသည်။
““သင်ထင်သည်ထက်ဆုံးရှုံးမှာ ဆေး လိပ်သောက်ခြင်းပါ”””Tobacco Costs More Than You Think”
စီးကရက်တစ်လိပ်၏အန္တရာယ်ကအန္တရာယ်ပေါင်း(၄၀၀၀)ကျော်အထိအား နှင့်အင်နှင့်ဘေးထွက်ဆိုးကျိုးမျာေ ပးနေ ပြီဖြစ်၍၊အပြစ်မဲ့သောကမ္ဘာ့ လူဦးရေ ငါးသန်းကျော်စီးကရက်ကြောင့် ရခဲလှ သော လူ့ဘ၀ကြီးကို လက်ကလေးဝှေ့ ရမ်းခြင်းပင်မပြုနိုင်ဘဲ သေဆုံးသွားကြရ  ပြီကော။

ခေတ်ကြီးတိုးတက်မှုသိပ္ပံနည်းပညာဖွံ့ဖြိုးသောကာလ၀ယ်စီးကရက်ဆေးလိပ်တွင်လူ့စိတ်ကိုစွဲလမ်းစေသော နီကိုတင်း ဓာတ်ပါဝင်မှုနှင့်အန္တရာယ်ရှိ၊ဓာတုပစ္စည်း   (၄၀၀၀)ကျော်ပါဝင်နေမှုပင်မသိလိုက်ဘဲ၊   အရွယ် မရောက်မီ သေဆုံးကုန်ကြပါပြီ။

ဆေးလိပ်သောက်ခြင်းကြောင့်၊လူသားအကျိုးပြုလုပ်ငန်းများပြုလုပ်ခွင့်မရ ဘဲ၊နှစ်စဉ် ကမ္ဘာ့လူဦးရေငါးသန်း ၊နှစ်စဉ်သေဆုံးကုန်ကြပါပြီ။ယနေ့ ကမ်္ဘာမှာဆေးလိပ်သောက်သုံးသူ ၁ဒဿမ ၃ဘီလီယံအထိ ကိန်းဂဏန်း များတိုးမြှင့်လာသည်။မြန်မာနိုင်ငံတွင်လည်း အသက်(၁၃)နှစ် အရွယ်လူ့  ဘ၀အကြောင်း ဂဃနဏမသိသူ ပင် ဆေးလိပ်ကိုလက်မှာညှပ်၍ ဟန်လုပ်ချင် ကြသည်။

မိဘအုပ်ထိန်းသူဆရာ/မများက အချိန်နှင့်တစ်ပြေးညီ၊မိမိတို့ဝန်းကျင်မှ လောကလူသားမျိုးဆက်သစ် ကလေးများ၏ အနာဂတ်ဘ၀ရှေ့ရေးကိုငှဲ့ညှာသောအားဖြင့် နီကိုတင်း၏သားကောင်များမဖြစ်ရလေေ အာင်ယနေ့ပင်တားဆီး ပိတ်ပင်သင့်ပါကြောင်းတိုက်တွန်းရလိုပါ ၏။

0 comments: