Monday, November 12, 2012
0
ဖမ်းဆီး ခေါ်ဆောင်သွားသော တပ်သား (၃)ဦးကိစ္စနှင့်ပတ်သက်ပြီး မြန်မာနယ်စပ်လုံခြုံရေးတပ်ဖွဲ့ နစကမှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့ဘီဂျီဘီသို့ ယမန်နေ့က ဒုတိယအကြိမ်မြှောက်စာတစ်စောင်ရေး သားပေးပို့လိုက်သည်ဟု သတင်း ရရှိသည်။


ယခုကဲ့သို့ နစကတပ်ဖွဲ့မှ စာရေးသားပေးပို့ကြောင်းကို ယမန်နေ့သောကြာနေ့က လက်ခံရရှိခဲ့ကြောင်း ဘင်္ဂလာဒေခ်ျ့ဘက်က အတည်ပြု ပြောကြားသည်။

နတ်ကျောက်ဆရီမြို့ အခြေစိုက် အမှတ် ၁၅ဘီဂျီဘီ တပ်ရင်း တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး Mahabubur Rahmanက မြန်မာနစကတပ်ဖွဲ့မှစာကိုလက်ခံရရှိကြောင်းနှင့်စာထဲတွင်ဖမ်းဆီးခေါ်ဆောင်သွားသောမြန် မာနိုင်ငံသားများကို ရှာဖွေကယ်တင်ပေးရန် အကူအညီတောင်းခံထားသည်ဟုဖေါ်ပြထားကြောင်း ပြောဆို သည်။

မြန်မာနစကတပ်ဖွဲ့မှ အဆိုပါ ဒုတိယအကြိမ်မြှောက်စာကို နှစ်နိုင်ငံတပ်မှူး အဆင့် ပြုလုပ်ခဲ့သော အလံ တင် ဆွေးနွေးပွဲ အပြီး နာရီ (၂၀) အတွင်းတွင် ပေးပို့ခဲ့သည်ဟု ဆိုသည်။မြန်မာ စစ်တပ်နှင့် နီးစပ်သော သတင်းအရ အဆိုပါစာထဲတွ င်မြန်မာဘက်က တပ်သား(၃)ဦးကို ဘင်္ဂလာဒေခ်ျ့ နယ်မြေထဲသို့ဖမ်းဆီးခေါ် ဆာင်သွားကြောင်း၊ သို့ အတွက်  အဆိုပါ တပ်သား (၃) ဦး အမြန်ဆုံး ပြန်လည် လွှတ်မြောက်လာမည်ကို ကူညီပေးရန်မျှော်လင့်ကြောင်း၊မဟုတ်ပါကဘင်္ဂလာဒေခ်ျ့နယ်မြေထဲထိ ၀င်ရောက်ရှာဖွေမည်ဟု စာထဲတွင် ပါဝင်သည်ဟု ဆိုသည်။

အဆိုပါ မြန်မာဘက်က တပ်သား (၃) ဦးကို ဘင်္ဂလာဒေခ်ျ့တွင် အခြေစိုက်သော လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုမှ  ဖမ်းဆီး ခေါ်ဆောင်သွားသဖြင့် နယ်စပ် အခြေအနေမှာ တင်းမာနေပြီး အချိန်မရွှေး သေနတ် ထပေါက်နိုင်သဖြင့်  နယ်စပ်နေ ပြည်သူများ အကြား စိုးရိမ်မူများ တိုးပွားနေသည်ဟု သိရသည်။

0 comments: