Wednesday, August 14, 2013
0



တရုတ်နိုင်ငံအရှေ့မြောက်ဘက်က ဆန်ရှိပြည်နယ်မှာ သားဖွားဆေးရုံ ကနေ အမွှာကလေး ၂ယောက်ကို လူကုန်ကူးသူတွေထံရောင်းချခဲ့တဲ့အမှု မကြာသေးခင်က ဖြစ်ပွားခဲ့ပါတယ်။ မိန်းကလေးအမွှာကို ဆေးရုံက လက်ထောက်ဒါရိုက်တာဖြစ်သူ အမျိုးသမီး ဒေါက်တာ Zhang Shuxiz က ခိုးယူရောင်းချခဲ့တာပါ။ ကလေးတွေကို တဦးချင်းခွဲပြီး ကလေးလိုချင်တဲ့ မိသားစု ၂ စုကို ရောင်းချခဲ့တာဖြစ်ပါတယ်။

မေလ ၂၉ ရက်နေ့က မွေးဖွားခဲ့ပြီးတဲ့နောက် ဆရာဝန်က ကလေးတွေ ကျန်းမာရေးဆိုးဆိုးဝါး ၀ါး ဖြစ်နေတဲ့အတွက် စွန့်ထားခဲ့ဖို့ မိဘတွေကိုပြောဆိုခဲ့ပါတယ်။ ကလေးတွေဟာ ဦးနှောက်ထိခိုက် ပျက်ဆီးနိုင်ပြီး ဒုက္ခိတ ဖြစ်မယ်လို့ မိဘတွေကို လိမ်ညာပြောဆိုခဲ့ပါတယ်။

ကလေးတွေကို ခိုးရောင်းလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ကြောင်း၊ အဲဒီဆရာဝန်မဟာ ကလေး မိဘတွေနဲ့ ရင်းနှီးသူလည်း ဖြစ်ကြောင်း ဖခင်ဖြစ်သူက သတင်းထောက်တွေကို ပြောပါတယ်။ ၂ လကြာ ရဲများက စုံစမ်းရှာဖွေခဲ့ပြီး အခုအခါမှာတော့ ကလေး ၂ ယောက်စလုံးကို ပြန်လည် ရှိခဲ့ပြီးမိဘ လက်ကို အပ်နှံလိုက်ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်က အဆိုပါသတင်းထွက်ပေါ်လာပြီးတဲ့နောက် အလားတူဖြစ်ရပ်မျိုး အမှုပေါင်း ၅၅ မှုကို ရဲများက လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီထဲမှာ အမှု ၂၆ မှုက ဒေါက်တာ Zhang Shuxiz နဲ့ ပတ်သက်နေတယ်လို့ ဆိုပါတယ်။ သူ့ကိုလူကုန်ကူးသူလို့ ယူဆရတဲ့သူ ၈ ယောက်နဲ့အတူ ဖမ်းဆီးလိုက် ပါတယ်။

အဲဒီ အမွှာမိန်းကလေး ၂ ယောက်နဲ့ အတူ ဆေးရုံက ခိုးယူရောင်းချခဲ့တဲ့ယောကျာှးုလေးတယောက်ကို လည်း ကယ်တင်နိုင်ခဲ့ပါတယ်။
 
ကိုးကား- CNN

0 comments: