Saturday, October 13, 2012
0
ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ဒေသအချို့ကို ရှေးဟောင်းနေရာတည်ရှိရာဇုန်နှင့် ကာကွယ်ထိန်းသိမ်းထားသောဇုန်များအဖြစ်သတ်မှတ်

ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိဒေသအချို့ကို ရှေးဟောင်းနေရာတည်ရှိရာဇုန်နှင့်ကာကွယ်ထိန်းသိမ်းထားသောဇုန်အဖြစ် ယဉ်ကျေးမှုဝန်ကြီးဌာနက သတ်မှတ်ထားကြောင်း ၀န်ကြီးဌာန၏ထုတ်ပြန် ချက်အရ သိရှိရသည်။

ရခိုင်ပြည်နယ်တွင် ကျောက်တော်မြို့နယ်၊ မဟာမုနိကျေးရွာ၊ ဓည၀တီမြို့ဟောင်းဒေသနှင့် မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာနှင့် သလ’ာဝတီကျေးရွာ၊ ဝေသာလီမြို့ဟောင်းဒေသတို့တွင် ရှေးဟောင်းနေရာ တည်ရှိရာဇုန်နှင့် ကာကွယ်ထိန်းသိမ်းထားသောဇုန်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အတွင်းရှိအမြင့်ရွာဒေသနှင့် သုံးပန်လှ (အနိမ့်)ရွာဒေသအား ကာကွယ်ထိန်း သိမ်းထားသောဇုန်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယဉ်ကျေးမှုဝန်ကြီးဌာနသည် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေအရ အဆိုပါ ဒေသများအား ရှေးဟောင်း နေရာတည်ရှိရာဇုန် (Ancient Site Zone-AZ) နှင့်ကာကွယ်ထိန်းသိမ်း ထားသောဇုန် (Protected & Preserved Zone-PZ) အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

0 comments: