Saturday, October 13, 2012
0
အလုံးစုံ ထောက်ပံ့မှုပါသော အခမဲ့မသင်မနေရ မူလတန်းပညာရေး စနစ်ကို အပြည့်အဝ အကောင်အထည် ဖော်နိုင်ရန် လာမည့်ပညာသင်နှစ် အစတွင် စတင်စမ်းသပ် သွားမည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရသည်။ လက်ရှိတွင် အခမဲ့ မသင်မနေရ မူလတန်း ပညာရေးစနစ် အကောင် အထည် ဖော်နေမှုတွင် ကျောင်းဝင် ကြေး၊ ကျောင်း လ ခ အပါအဝင် ဗလာစာအုပ် ၆ အုပ်နှင့် ပြဋ္ဌာန်း စာအုပ်တို့ကိုသာ ကျောင်းသား တစ်ဦးချင်းစီကို ထောက်ပံ့ပေးနိုင် သေးရာ၊ ထပ်မံတိုးချဲ့၍ ဆောင်ရွက်ပေးနိုင်ရန် အတွက် တစ်မြို့ နယ်ချင်းစီအလိုက် ကုန်ကျစရိတ် သိရှိနိုင်ရန်စမ်းသပ်မည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ပြောသည်။ ”၂ဝ၁၃ဇွန်လမှာ နေပြည် တော်ထဲ က မြို့နယ်တစ်မြို့နယ် လောက်တော့စလုပ်မယ်”ဟု ဒုတိယဝန်ကြီးက ဆက်ပြောသည်။ လာမည့်နှစ်တွင်ထိုသို့ ဆောင် ရွက်မှုအရ ကုန်ကျစရိတ်ကို သိရှိ ရခြင်းဖြင့် နောင်နှစ်များတွင် ဘတ်ဂျက်အခြေအနေကို ကြည့်၍ ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။ Thinking Classroom Foundation မှ ဒေါက်တာ သိန်းလွင် က ပညာရေးဆိုသည်မျိုးမှာ ရေ ရှည်ရင်းနှီးမြှုပ်နှံရမည့် လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည်ဟု ပြောသည်။ ၈၈မျိုးဆက်ခေါင်းဆောင် ကိုမင်း ကိုနိုင်ကလည်း လက်ရှိရနေသည့် ပညာရေးအသုံးစရိတ်ကို တိုးမြှ¶င့်ရန် တွန်းအားပေးဖို့ လိုနေပြီဖြစ်ကြောင်း မူလတန်းပြ ဆရာ၊ ဆရာမတို့၏ လစာနည်းပါးမှုကို အမြန်ဆုံး ဖြေ ရှင်းသင့်ပါကြောင်း မှတ်ချက်ပြုခဲ့ သည်။

0 comments: