Saturday, October 13, 2012
0
အခြေခံ ပညာအဆင့် သင်ရိုးညွှန်းတမ်းအားလုံးကို ခေတ်စနစ်နှင့် ညီအောင် ပြုပြင်ပြောင်းလဲမှုကို ယခုအောက်တိုဘာ ၁၅ ရက်မှစကာ ပညာရှင်အသီးသီး တို့ဖြင့်   ဆောင်ရွက်ကြမည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရသည်။ ၁၂ တန်းပညာရေး စနစ်ကို ပြောင်းလဲကျင့်သုံးတော့မည့် မြန်မာနိုင်ငံအနေဖြင့် အဓိကကျသော   ပြဋ္ဌာန်း သင်ရိုးညွှန်းတမ်းကိစ္စ ပြု ပြင်ပြောင်းလဲမှုကို အရင် ဆောင် ရွက်ခြင်းဖြစ်သည်ဟု ပညာရေး ဝန်ကြီးဌာန ထိပ်တန်းအဆင့်မြင့် အရာရှိကြီးတစ်ဦးက ပြောသည်။ ”တစ်ဦး တစ်ယောက်ထဲ နေလို့ မရဘူးလေ။ ကျန်ခဲ့လို့လည်း မရဘူး။ ဒါကြောင့် သင်ရိုးတွေကို Update လုပ်တာ” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။  သူငယ်တန်းမှ စတင်ကာ တက္ကသိုလ်ဝင်တန်းအထိ ပါဝင် မည်ဖြစ်ကာ ဘာသာရပ် အသစ် ထပ်တိုးသွားရန် လတ်တလော မရှိသေးသလိုအကုန်လုံးကို ပြောင်း လဲသွားမည်လည်းမဟုတ်ဟု ပညာ ရေးဝန်ကြီးဌာနမှ သိရှိရသည်။  အငြိမ်းစားဝန်ထမ်းတစ်ဦး ဖြစ်ပြီး လက်ရှိတွင် နိုင်ငံတကာ ပညာရေးအတိုင်ပင်ခံ ဆောင်ရွက် နေသူ အသက် ၆ဝကျော်အရွယ်ရှိ ဆရာတစ်ဦးက အိမ်နီးချင်းနိုင်ငံ များတွင် နယူတန်၏ နိယာမကို ၇ တန်းအဆင့်သို့ပင်ချကာ သင်နေကြ ပြီကို ကြည့်ခြင်းအားဖြင့် အခြေ အနေကို အကဲခတ်နိုင် ပါ   ကြောင်း ထောက်ပြလိုက်သည်။ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ကလည်း မဆလခေတ်တစ်ခေတ်လုံး၊ စစ်အစိုးရ လက်ထက် တစ်လျှောက် လုံးတွင် သင်ရိုးတို့ကို ဝိဇ္ဇာ၊ သိပ္ပံ ခွဲလိုက် ပြန်ပေါင်း လိုက်ဖြင့်သော် လည်းကောင်းနှင့် ပညာရေးဝန်ကြီး တစ်ဦးပြောင်းတိုင်း အမျိုးမျိုးသော ပြောင်းလဲမှုတို့က တည်ငြိမ်   သော ပညာရေးစနစ်ကို ဖြစ်မလာခဲ့ပါကြောင်း အာမခံချက်ရှိသော ပညာရေးစနစ်တစ်ခု ဖြစ်စေချင်ပါကြောင်း ပြောကြားလိုက်သည်။

0 comments: