Wednesday, November 07, 2012
0
 
လာအိုနိုင်ငံဗီယန်ကျင်းမြို့တွင်ကျင်းပသည့်(၉)ကြိမ်မြောက်အာရှ-ဥရောပထိပ်သီး အစည်းဝေး ပွဲသို့ မြန် မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲသို့ အာရှနှင့် ဥရောပနိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင် ၉ ဦး၊ ဝန်ကြီးချုပ် ၂၉ ဦးနှင့် ဒုတိယဝန်ကြီးများ အပါအဝင် ဥရောပကော်မရှင်နှင့်ဥရောပကောင်စီတို့မှဥက္ကဋ္ဌများ၊အာဆီယံအထွေထွေအတွင်းရေးမှူးတို့ တက်ရောက် ခဲ့ကာ မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အဆိုပါ အစည်းဝေးပွဲ ပြင်ပအဖြစ် သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် ဂျူလီယာဂီးလတ်၊ လူဇင်ဘတ်နိုင်ငံ ဝန်ကြီးချုပ် H.E.Mr.Jean Claude Juncker၊ ဖင်လန်နိုင်ငံ ဝန်ကြီးချုပ် H.E.Mr.Jykri Katainen တို့နှင့်ပါ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် လူဇင်ဘတ်နိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံရာတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊လူ့စွမ်းအားအရင်းအမြစ်နှင့်သဘာဝသယံဇာတများအပေါ်အကျိုးအမြတ်ဖော်ဆောင် နိုင်
င်ရေး၊လူဇင် ဘတ်လုပ်ငန်းရှင် များမြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရေး၊စ်နိုင်ငံကြား အခွန်နှစ် ထပ်ကာက်ခံမှုရှောင်ရှားရေး၊စာချုပ်လက်မှတ်ရေးထိုးရေး၊မြန်မာနိုင်ငံအပေါ် ယခင်က ရပ်ဆိုင်းထားခဲ့သော ကုန်သွယ်မှုအထူးအခွင့်အရေးGSPပြန်လည်ပေးအပ်ရေးတို့ကိုလည်းကောင်း၊ဖင်လန်ဝန်ကြီးချုပ်နှင့်တွေ့ဆုံ ရာတွင်မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များဖြစ်ပေါ်တိုးတက်မှု၊ဖင်လန်လုပ်ငန်းရှင်များ မြန်မာနိုင်
ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး၊ စီးပွားရေးဖွံ့ဖြိုးမှုအတွက် လိုအပ်သည့်နည်းပညာနှင့် အရင်းအနှီး အားဖင်လန်ကမြန်မာသို့ကူညီရေး၊အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက်စက်ရုံများတည်ဆောက်ေ
ရး၊မြန်မာ့ပညာရေးကဏ္ဍအတွက်အကူအညီ၊ပိတ်ဆို့မှုအရေးယူထားမှုများအားလုံးကိုရပ်ရန် ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသဘောတူထောက်ခံရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

အထက်ပါအာရှ-ဥရောပ(၉) ကြိမ်မြောက် အစည်းအဝေးပွဲအား အဓိကအားဖြင့် လက်ရှိ ပေါ်ပေါက်နေသော ဥရောပဒေသ ငွေကြေးအကျပ်အတည်း ကိစ္စ၊ လုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင်အရေး၊ လွတ်လပ်သော ကုန်သွယ်မှုအတွက် ပူးတွဲသဘောတူ ကတိပြုရေးတို့အား အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ ထိပ်သီး အစည်းအဝေးပွဲအား နှစ်နှစ်တစ်ကြိမ် ကျင်းပခြင်းဖြစ်ကာ ကမ္ဘာ့ GDP ၏ တစ်ဝက်ကျော်ကို ကိုယ်စားပြုသော ဒေသကြီး နှစ်ခုအတွင်း ကုန်သွယ်မှုဆိုင်ရာ အချိတ်အဆက်များကို ပိုမိုတိုးတက်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အဆိုပါ အစည်းအဝေးပွဲသို့ တက်ရောက်ရေးအတွက် နိုဝင်ဘာ ၄ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လာအိုနိုင်ငံသို့ ထွက်ခွာသွားခဲ့ပြီး ယင်းအစည်းအဝေးပွဲအား နိုဝင်ဘာ ၅ ရက်နှင့် ၆ ရက် နှစ်ရက်တိုင်တိုင် ကျင်းပမည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments: