Wednesday, November 07, 2012
0
 
ညအချိန် ကားပြိုင်မောင်းခြင်းနှင့်အုပ်စုဖွဲ့ ဝိုင်းဝန်းရိုက်နှက်မှုများရှိ နေခြင်းကြောင့်ကမ္ဘာအေးဘုရား လမ်းနှင့်ပြည်လမ်းတစ်လျှောက် ဖမ်းဆီး စစ်ဆေးမှုဆောင်ရွက်နေသည့် ၃ ရက်တာကာလအတွင်း ပြိုင်ကား ၁၂ စီး အရေးယူခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ ထိပ်တန်း အရာရှိတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြ
ီးအတွင်း ကားပြိုင်မောင်းခြင်းအပါအဝင် အုပ်စုဖွဲ့ရိုက်နှက်ခြင်းများ ဆက်တိုက်ဖြစ် လာနေ၍ ထပ်မံမဖြစ်ပွား စေရန် အောက်တိုဘာလ နောက်ဆုံး ပတ်မှစကာ ည ၁၁ နာရီမှ နံနက် ၃ နာရီအထိ စစ်ဆေးရေးအဖွဲ့ဖြင့်ရန်ကုန်မြို့အတွင်း အမှုအခင်းဖြစ်နိုင်ခြေရှိသည့် အဓိက လမ်းမ ကြီးနှစ်ခု ကိုရွေးချယ်၍ တိုင်းဒေသကြီးရုံးမှရဲအင်အားနှင့် သက်ဆိုင်ရာရဲစခန်းမှရဲအင်အားတို့ ပူးပေါင်းဆောင်ရွက်ြ
 ခင်းဖြစ်သည် ဟု၎င်းက ပြောသည်။

စတင်စစ်ဆေးဆောင်ရွက် သည့် နိုဝင်ဘာ ၃ ရက်နေ့တွင် မသင်္ကာဖွယ်ရာဟု ယူဆရသည့် ကားတိုင်းကို စစ်ဆေးရာ နှစ်စီး၊ နိုဝင်ဘာ ၄ ရက်နေ့တွင် လေးစီးနှင့် နိုဝင်ဘာလ ၅ ရက်နေ့တွင် ၆ စီး ကိုဖမ်းဆီး အရေး ယူနိုင်ခဲ့ပြီးတစ်ညအိပ်ထိန်းသိမ်းခြင်းနှင့်ချလံဖြတ်ဒဏ်ရိုက်ခြင်းတို့ ဆောင်ရွက်ခဲ့သည်ဟုရန်ကုန်တိုင်း ဒေသ ကြီးရဲတပ်ဖွဲ့မှူးရုံး စာရင်းများအရ သိရသည်။

လက်ရှိဆောင်ရွက်နေသည့်စစ်ဆေးမှုအချိန်ကိုလိုအပ်ပါကလိုအပ်သလိုအချိန်တိုးမြှင့်သွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူက ထပ်လောင်းပြောသည်။

အောက်တိုဘာလ ၂၃ ရက် ညပိုင်းကနှင်းဆီကုန်း ဘိုးဘွားရိပ် သာရှေ့တွင် ကားပြိုင်မောင်းသူ လူတစ်စုက လူသုံးဦးကို ဝိုင်းဝန်း ရိုက်နှက်ခြင်း၊ အောက်တိုဘာလ ၂၈ ရက်နေ့ညပိုင်းက ဆူးလေ ခုံး တံတားနားတွင် ကိုယ်ပိုင်ကားမောင်းနှင်သူကိုကားပြိုင်မောင်းသည့်ကားသုံးစီးမှလူတစ်စုကဝိုင်းဝန်းထိုးကြိတ်ခြင်းနှင့် နိုဝင်ဘာ ၁ ရက်နေ့က ကမာရွတ်မြို့နယ် အင်းစိန်လမ်းနှင့် စံရိပ်ငြိမ်ထိပ်တွင် မောင်းနှင်လာသည့် ကားတစ်စီးကို ယာဉ်နှစ်စီးက ပိတ်ရပ်ပြီး ဝိုင်းဝန်း ရိုက်နှက်ခဲ့မှုတို့ရှိခဲ့ရာ သက်ဆိုင်ရာ ရဲစခန်း အသီးသီးတွင် အမှုဖွင့်ထား ကြသည်ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့စာရင်း တို့အရ သိရသည်။

လသာမြို့နယ်တွင်နေထိုင်သူ အသက်၅ဝကျော်အရွယ်အမျိုးသမီးတစ်ဦးက''အခုရက်ပိုင်းမှာ ကြားရသိရ သလောက်က မထိတ်သာ၊မလန့်သာတွေကြီးပဲ။ဖြစ်တာကလည်း အချက်အချာ ကျတဲ့နေရာ ဆိုတော့ ကိုယ့်သားသမီးတွေ ကို စိုးရိမ်မိတယ်။ ညအချိန် အပြင်လွှတ်ရင် မလုံခြုံဘူးလို့ ခံစား နေရတယ်။ ဒါတော့ မဖြစ်သင့်ဘူး''ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ် ဖွဲ့ရုံးမှ တာဝန်ရှိသူ၏ အဆိုအရ ၄င်းတို့ အနေဖြင့် ရန်ကုန်၏ လုံခြုံရေး ရယူရာတွင် ရဲအင်အား လုံလောက်သည့် အနေအထား မရှိပါ ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

0 comments: