Wednesday, November 07, 2012
0
 ညပိုင်းအလုပ်လုပ်ရတဲ့ အမျိုးသားတွေအနေနဲ့ ကင်ဆာဖြစ်နိုင်ခြေ မြင့်မားကြောင်း ကူးစက်မှုရောဂါဆိုင်ရာ အမေရိကန်ဂျာနယ်မှ လေ့လာမှုအသစ်အရ ဖော်ပြထားပါတယ်။ဒီလေ့လာမှုကညပိုင်းအလုပ်လုပ်ရတဲ့အမျိုး သားတွေနဲ့ဆီးကျိတ်၊အူမကြီး၊အဆုတ်၊ဆီးအိမ်၊စအိုနဲ့မုန့်ချိုအိတ်ကင်ဆာနဲ့လင်ဖိုမားကျူမာဆက်စပ်မှု အကြောင်း ကမ္ဘာ့ပထမဆုံးလေ့လာမှုလို့ သိရပါတယ်။ ညဘက်မှာမီးရောင်ကိုထိတွေ့နေရတာကြောင့် အိပ်စက် မှုကိုဖြစ်ပေါ်စေတဲ့ ဟော်မုန်း မယ်လတိုနင် ထုတ်လုပ်မှု လျော့နည်းသွားကာ ကင်ဆာကျိတ်တွေဖြစ်ပေါ်မယ့် ကိုယ်တွင်းပြောင်းလဲမှုတွေ ဖြစ်စေတာကြောင့် လို့သိရပါတယ်။ မယ်လတိုနင် ဟော်မုန်းဟာ ညလယ်ပိုင်း မီးရောင်မရှိတဲ့အချိန်မှာ ထွက်ပေါ်လာ တတ်ပြီး ဟော်မုန်း လုပ်ငန်းဆောင်တာနဲ့ ခုခံအားစနစ်အတွက် အရေးကြီးတဲ့ကဏ္ဍမှ ပါဝင်ကြောင်း သိရပါတယ်။ 

Myanmar Express

0 comments: