Wednesday, November 07, 2012
0

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့နှင့် ဂျာမနီနိုင်ငံ ဖရန်ဖန့်မြို့Frankfurt သို့ တိုက်ရိုက် ပျံသန်းပြေးဆွဲမှုကိုနိုဝင်ဘာလ၇ရက်နေ့တွင်စတင်မည်ဖြစ်ကြောင်းလေကြောင်းပို့ဆောင်ရေး  ညွှန်ကြားမှုဦး စီးဌာနမှ သိရသည်။

“မြန်မာနိုင်ငံကို ပြေးဆွဲတဲ့ နိုင်ငံတကာ လေကြောင်းလိုင်းတွေထဲက လိုင်း ၂ဝ မြောက် ဖြစ်လာတဲ့ Condor Airlineကနိုဝင်ဘာ၇ရက်နေ့ မနက် ၄ နာရီမှာ ရန်ကုန်မြို့ကို ပထမဆုံး စတင်ဆိုက်ရောက်မှာ ဖြစ်ပါတယ်” ဟု ယင်းဌာနမှ တာဝန်ရှိသူ တဦးက ပြောကြားသည်။

ယခင်ကမြန်မာနိုင်ငံသို့နိုင်ငံတကာလေကြောင်းလိုင်း၁၄လိုင်းပြေးဆွဲလျက်ရှိပြီးလတ်တလော ပြေးဆွဲလာမည့်
လေကြောင်းလိုင်းများမှာကိုရီးယားလေကြောင်းလိုင်း၊ကာတာလေကြောင်းလိုင်း၊တရုတ်(တိုင်ပေ)လေကြောင်း လိုင်း၊All Nippon Air Line စသည်ဖြင့်နိုင်ငံတကာလေကြောင်းလိုင်း၁၉ လိုင်းမှာအောက်တိုဘာလ အ တွင်းပြေးဆွဲခဲ့ပြီး ဖြစ်သည်။

“နိုင်ငံတကာလေကြောင်းလိုင်းတွေအနေနဲ့ဟောင်ကောင်အခြေစိုက်ဒရက်ကွန်အဲယားလိုင်း၊စင်္ကာပူအဲယားလိုင်း နဲ့ Trans Asia Airwayနောက်ထပ်သုံးလိုင်းကိုလည်းမြန်မာနိုင်ငံအနေနဲ့ပြေးဆွဲဖို့ ခွင့်ပြုပေးပြီး ဖြစ်ပါတယ်” ဟု အဆိုပါ ပုဂ္ဂိုလ်က ထပ်မံပြောကြားသွားသည်။

0 comments: