Wednesday, August 21, 2013
0
 
မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်တွင် မုဒိမ်းကျင့်ခံခဲ့ရသည့် မြန်မာ အမျိုးသမီးနှင့် အတူ နေထိုင်သည့် အမျိုး သမီး အလုပ်သမား၂၀၀ ကျော်ကို လုံခြုံသောနေရာသို့ ပြောင်းရွှေ့ပေးရန် အလုပ်ရှင်နှင့် သဘောတူညီမှု ရရှိထားပြီး လက်ရှိ နေထိုင်နေသည့် အဆောင်တွင်လည်း လုံခြုံရေးများ ချပေးထားကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြား သည်။

ဂျိုဟိုးပြည်နယ်ရှိ Panasonic ဖုန်းထုတ်လုပ်သည့် Flairis Shd Bhd စက်ရုံတွင် အလုပ်လုပ်ကိုင်နေ သည့် မြန်မာအမျိုးသမီး လုပ်သားများ နေထိုင်သည့် အဆောင်ကို သြဂုတ်လ ၁၆ ရက်နေ့ ညနေ ၁၀ နာရီ ခန့်က လူအုပ်စုလိုက် ဝင်ရောက်၍ အမျိုးသမီးတစ်ဦးကို ဖမ်းခေါ်သွားကာ မုဒိမ်းကျင့်ပြီး အဆောင်အနီး လမ်းမတွင် ပစ်ချခဲ့ကြောင်း မလေးရှားရောက် မြန်မာများထံမှ သိရှိရသည်။

အဆိုပါ ပြစ်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း၊ ယင်းကိစ္စကို အရေးယူပေးရန် အမူ ဖွင့် ဆောင်ရွက်နေပြီး အမျိုးသမီးများ လုံခြုံရေးအတွက် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ အလုပ်သမား အရာရှိက ဆောင်ရွက်ပေးနေကြောင်း ဦးမျိုးအောင်က ဆိုသည်။

မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးမှာ ဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း မြန်မာ အလုပ်သမားများ ထံမှ သိရှိရသည်။

မလေးရှားနိုင်ငံတွင် ယခုနှစ် မေလကုန်နှင့်ဇွန်လဆန်းတို့တွင် မြန်မာလုပ်သားများကို အုပ်စုလိုက် ဝင်ရောက်အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် မြန်မာ ခြောက်ဦးထက်မနည်း သေဆုံးခဲ့ပြီး အလုပ်သ မား စေလွှတ်မှုကိုလည်း ယာယီ ရပ်ဆိုင်းခဲ့သည်။

The Voice Weekly
photo by internet

0 comments: