Saturday, October 13, 2012
0
တိရစ္ဆာန် ဥယျာဉ် (နေပြည်တော်)သို့ အောက်တိုဘာ ၁၁ ရက်တွင် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ Shanghai Wild Animal Park နှင့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာ ဝန်ကြီးဌာန သစ်တောဦးစီး ဌာနတို့၏ နှစ်နိုင်ငံ တိရစ္ဆာန် ဥယျာဉ်များ တိရစ္ဆာန် လဲလှယ်ရေး အစီ အစဉ်အရ တရုတ် နိုင်ငံမှ သယ် ဆောင် လာသော ပင်လယ်ဖျံ (Sea Lion) အထီး၊ အမနှစ်စုံ (၄ကောင်) ရောက်ရှိ လာသည်။

အဆိုပါ ပင်လယ်ဖျံ များမှာ တောင်အမေ ရိကတိုက် မျိုးစိတ်ဖြစ်ပြီး ကုန်းနေ၊ ရေနေ သားစား နို့တိုက် သတ္တဝါ များဖြစ်ပြီး အသက်(၃) နှစ်ကျော် တစ်ကောင်နှင့် အသက်(၃)နှစ် သားခန့် (၃)ကောင် ဖြစ်ကြောင်း သိရသည်။

0 comments: