Wednesday, November 21, 2012
0
 
 From: မြ၀တ
အမေရိကန် သမ္မတ မစ္စတာ ဘားရက်အိုဘားမား ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်း သဘင် ခန်းမတွင်းဝယ် 
 မိန့်ခွန်းပြောကြားရာတွင် သူ၏ လက်ဝဲ လက်ယာ နှစ်ဖက်၌ Teleprompter ခေါ် ကိရိယာ နှစ်ခုကို 
တပ်ဆင်ပေးထားကြောင်း တွေ့ရသည်။


ယင်း Teleprompter ကိရိယာ၏ ရုပ်မြင်မှန်ပြားဝယ် မိန့်ခွန်းစာသားများ ပေါ်လာခြင်းကို မစ္စတာ 
အိုဘားမားက မြင်နေရသည်။ အဆိုပါ Teleprompter ကိရိယာမျိုးကို အမေရိကန်နိုင်ငံ၏ ၃၆ ဦးမြောက် 
သမ္မတ လန်ဒန် ဘီ ဂျွန်ဆင် လက်ထက်ဖြစ်သော ၁၉၆၄ ခုနှစ်ကတည်းကပင်လျှင် အသုံးပြုခဲ့ကြောင်း 
သိရသည်။

0 comments: