Friday, August 23, 2013
0

အင်ဒိုနီးရှားနိုင်ငံ စူမားတြားကျွန်းရှိ Prabumulih မြို့မှ ပညာရေးဌာနအကြီးအကဲဖြစ်သူ မူဟာမက်ရာရှစ် က အထက်တန်းတက် ရောက်မည့် မြီးကောင်ပေါက် ကျောင်းသူလေးများအား အပျိုရည်စစ်ဆေး သင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ရာ လူအများ ဒေါသထွက်ကြပြီး အမျိုးသမီးအရေး လှုပ်ရှားတက်ကြွသူ များက အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအား ပေးကြောင်း စွပ်စွဲခဲ့ကြသည်။

ပြည့်တန်ဆာလုပ်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခြင်းခံရသော အထက်တန်းကျောင်းသူခြောက်ဦး၏ သ တင်းထွက်ပေါ်လာပြီးနောက် ၎င်းအကြံပြုချက်ထွက် ပေါ်လာခဲ့ခြင်းဖြစ်သည်။ ထိုအစီအစဉ်အား လာ မည့်၂၀၁၄ခုနှစ်မှစ၍ အကောင်အထည်ဖော်သွားမည်ဟုပြောသော်လည်း မြို့ တော်ဝန်နှင့် ဒေသပါလီမန်မှ အတည်ပြုချက်လိုကြောင်းလည်း သိရသည်။

သင်၏ကလေးများကို ဆိုးကျိုးသက်ရောက်မှုမှကာကွယ်ရန် အခြားနည်းလမ်းများရှိကြောင်း၊ ယခုအစီ အစဉ်သည် အမြော်အမြင်မရှိကြောင်း ပညာရေးဝန်ကြီး မိုဟာမက်နုမှ ဦးဆောင်ပြီး ဝေဖန်ပြစ်တင်ကြ သည်။ယခုအစီအစဉ်အား ဒေသ အာဏာပိုင်များမှ မထောက်ခံ၍ အကောင်အထည်ပေါ်မည် မဟုတ်ကြော င်း၊ ဒုတိယမြို့တော် ဝန်က ပြောသည်။၂၀၁ဝပြည့်နှစ်ကလည်း Jami ပြည်နယ်တွင် ယခုကဲ့သို့ အပျိုရည် စစ်ဆေးမည့်အစီအစဉ် တင်ပြခဲ့ရာ ဗဟိုအစိုးရကန့်ကွက် မှုကြောင့် အစီအစဉ်ပျက်ခဲ့ရဖူး သည်။

0 comments: