Monday, October 08, 2012
0
မြန်မာနိုင်ငံအနောက်ဘက်ဆုံးဒေသအတွင်းနေထိုင်လျက်ရှိသည့်ဒေသခံတိုင်းရင်းသားများ၏ဘဝလုံခြုံရေး ကိုကာကွယ်နိုင်ရန်အတွက်ရခိုင်ပြည်နယ်မောင်တောမြို့နယ်ရှိဒေသခံတိုင်းရင်းသားများကိုစက်တင်ဘာလ
 နောက်ဆုံးပတ်ကစပြီး ပြည်သူ့စစ်သင်တန်းများ လေ့ကျင့်ပေးနေပြီဖြစ်ကြောင်းမောင်တောမြို့ ဒေသခံများ
ထံမှ သိရှိရသည်။ မောင်တောမြို့နယ်တွင် အများအားဖြင့် တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် ဘင်္ဂါလီကျေးရွာများအများဆုံးရှိပြီးယင်းတို့နှင့်နီးစပ်သော ဒေသခံတိုင်းရင်းသား ကျေးရွာများမှ ရခိုင်၊ မြို၊ ဒိုင်းနက်၊သက်စသည့်လူမျိုးများကိုမိမိတို့၏ကျေးရွာများကိုမိမိတို့ကိုယ်တိုင်ကာကွယ်နိုင်ရန်ရည်ရွယ်ချက်ဖြင့်
 မြန်မာ့တပ်မတော်က ပြည်သူ့စစ် သင်တန်းပေးခြင်း ဖြစ်ကြောင်း ယင်းဒေသခံများက ဆိုသည်။ “လောလောဆယ်တော့ သင်တန်းပေးနေပါတယ်။ လက်နက်ကတော့ သင်တန်းပြီးမှ ပေးမယ်လို့ပြောတယ်” ဟု မောင်တောမြို့ အမျိုးသားဖောင်ဒေးရှင်းမှ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်ညွန့်က ပြောကြားသည်။ ယင်းသင်တန်းကိုနစကအရာရှိများနှင့်တပ်မတော်အရာရှိများကသက်ဆိုင်ရာနယ်မြေအလိုက် လေ့ကျင့်ပေး
နေခြင်းဖြစ်ပြီး သင်တန်းပြီးဆုံးပါက ကျေးရွာတစ်ရွာလျှင် ပျမ်းမျှ လက်နက် ၁၀ လက်ခန့် တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း အထက်အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ ၎င်းက ဆိုသည်။ လက်ရှိ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ရခိုင်အပါအဝင် သက်၊ မြို၊ ခမီး၊ ဒိုင်းနက် စသည့် ဒေသခံတိုင်းရင်းသား စုစုပေါင်း ၃ ရာခိုင်နှုန်းရှိပြီး ဘင်္ဂါလီလူမျိုး ၉၇ ရာခိုင်နှုန်းရှိကြောင်း ခရိုင်လဝက၏ စာရင်းဇယားများအရ သိရှိရကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

0 comments: