Saturday, October 13, 2012
0
ဆူဇူကီးဖလား ခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်များအဖြစ် မြန်မာနှင့် လာအိုအသင်း တို့က ညနေ သုံးနာရီ၊ တီမောအသင်း နှင့် ဘရူနိုင်း အသင်းတို့က ညနေ ခြောက်နာရီမှာ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင် ကစားကြရတော့မှာ ဖြစ်ပါတယ်။ထူးခြားတာက မြန်မာအသင်းက သုံးပွဲကစား သုံးပွဲနိုင်နဲ့ (၉)မှတ် ရရှိထားပြီး လာအိုနဲ့ တီမောက နှစ်ပွဲစီ အနိုင်ရရှိထားတဲ့ အတွက် ခြောက်မှတ်စီ ရရှိထားတာကြောင့် ခြေစစ်ပွဲအောင်ရေး အသက်ရှိနေ ပါသေးတယ်။

အကယ်၍များ မြန်မာအသင်းက လာအိုကို နှစ်ဂိုးပြတ်နဲ့များ ရှုံးသွားခဲ့ပြီးတော့ တီမောက ဘရူနိုင်းကို အနိုင်ကစား သွားခဲ့ရင် ရမှတ်တူတွေ ဖြစ်သွားတဲ့အတွက် ရဂိုးပေးဂိုးတွေကို ကြည့်ပြီး ခြေစစ်ပွဲအောင်မယ့် အသင်းနှစ်သင်း ထွက်ပေါ်လာမှာ ပါ။

လာအိုအသင်း အနေနဲ့ အနိုင်ရမှ ခြေစစ်ပွဲအောင်မှာ ဖြစ်တဲ့အတွက် ရုန်းကစားနိုင်လို့ မြန်မာအသင်း အနေနဲ့ ကစားရ ခက်ပါလိမ့်မယ်။ သရေတစ်မှတ် ရရင် ခြေစစ်ပွဲအောင်မှာ ဖြစ်တဲ့အတွက် မြန်မာအသင်း အနေနဲ့ အမှားခံ လို့တော့ ရမှာမဟုတ်ပါဘူး။

0 comments: