Saturday, October 13, 2012
0
သရီးဒီ ရုပ်ထွက်ကို ပေးစွမ်းနိုင်မယ့် Nintendo ရဲ့ Wii U လက်ကိုင် ဂိမ်းစက် ကတော့ မကြာခင် အချိန်အတွင်းမှာ ဂိမ်းကစားသူတွေရဲ့ လက်အတွင်းကို သက်ဆင်း လာတော့မှာပါ။ Nintendo ရဲ့ နာမည်ကျော် ဂိမ်းကစား အမျိုးအစား များစွာကို Standard အနေနဲ့ ကစားနိုင်အောင် ဖန်တီးပေး ထားသောကြောင့်လည်း ဂိမ်းကစားသူတွေ အတွက် ရွေးချယ်စရာ လက်ကိုင်ဂိမ်းစက် တစ်ခု ဖြစ်လာခဲ့ပါတယ်။
Sony, Microsoft စတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့လည်း လူကြိုက်များလာမယ်လို့ ယုံကြည်ရပါတယ်။ လက်ကိုင် ဂိမ်းစက်တွေ ရောင်းချရတဲ့ အနေအထားခြင်း ကြည့်မယ်ဆိုရင် ကွဲပြားခြားနားမှုကြီးကြီးမားမား မရှိပေမယ့် PlayStation3 ဂိမ်းစက်ပေါင်း ၆၄ သန်း၊ Xbox 360 စက်ဂိမ်းပေါင်း သန်း ၇၀ ရောင်းပြီးအချိန်မှာ Nintendo ရဲ့ Wii ဂိမ်းစက်တွေက အလုံးရေ ၉၇ သန်းအထိ ရောင်းချခဲ့ရလို့ လူကြိုက် အများဆုံး ဗွီဒီယို ဂိမ်းစက်တွေလို့ ဆိုနိုင်ပါတယ်။
အဲဒီ Feature တွေကို လက်ပေါ်မှာတင်ပြီး ဆော့ကစားလို့ရအောင် ပြုလုပ်ပေးထားတဲ့ Wii U မှာ မှတ်ဉာဏ်ပမာဏ 32 GB ရှိတာကြောင့် ရုပ်ထွက်စွမ်းရည် လိုအပ်တဲ့ ဂိမ်းတွေကိုလည်း အပီအပြင် ဆော့ကစားနိုင်ဖို့ အခွင့် အရေး ဖြစ်လာ ခဲ့ပါပြီ။ ရောင်းဈေးကို ဒေါ်လာ ၃၀၀ သတ်မှတ်ထားပြီး New Super Mario Bros ဂိမ်းမျိုးကိုလည်း အရင်က မာရီယို ဂိမ်းကစားတဲ့ ပုံစံအတိုင်း ဆော့ကစားနိုင်အောင် ဖန်တီးပေးထားတယ်လို့ လူကြိုက်များဦးမှာပါ။
တကယ်တော့ Nintendo ဂိမ်းစက်တွေ ဈေးကွက်ထဲမှာ အောင်မြင်မှုရနေတာ ရုပ်ထွက်ကောင်းမွန်မှု သက်သက်ကြောင့် ရမယ်မထင်ပါဘူး။ ထူးခြားမှုရှိတဲ့ ကစားရတဲ့ ပုံစံကြောင့်ပါ။ အမေရိက ဈေးကွက်အတွက် နိုင်ဝင်ဘာ ၁၈ ရက်မှာ စတင်ရောင်းချဖို့ စီစဉ်ထားပြီး အဲဒီနောက်ပိုင်းမှာတော့ ဥရောပနဲ့ ဂျပန်ဈေးကွက် အတွင်းကို ဆက်လက် ဖြန့်ချိသွား မယ်လို့ သိရပါတယ်။

0 comments: