Saturday, October 13, 2012
0

Photo: မူးယစ်သေစာကြောင့် ဖြစ်ပွားရသော ရောဂါများ

                အရက်သေစာ မှီဝဲခြင်းကို တားမြစ် ထားရခြင်းနှင့် ပတ်သက်ပြီး  သိပ္ပံနည်းကျသော အကြောင်းတရား များစွာရှိပါတယ်။ ကမ္ဘာမှာ အရက် သေစာသောက်သုံးမှုကြောင့် ဖြစ်ပွားရတဲ့ သေဆုံးမှုနှုန်းထားဟာ အတော်ပဲ မြင့်မားလှပါတယ်။ အဓိက သေဆုံးမှု အကြောင်းရင်းတစ်ခုလဲ ဖြစ်ပါတယ်။ နှစ်စဉ် လူ သန်းပေါင်းများစွာဟာ အရက်ကြောင့် သေဆုံး နေကြရပါတယ်။  အရက်ရဲ့ ဆိုးကျိုးတွေကို အများအားဖြင့် အသိများကြ တာကြောင့် အသေးစိတ် မတင်ပြတော့ပါဘူး။ အရက်နဲ့ ပတ်သက်နေတဲ့ ရောဂါ တချို့လောက်ကိုပဲ အောက်မှာ တင်ပြထားပါတယ်။

၁/-         အသည်းရွတ်ရောဂါ (Cirrhosis  of  Liver) ဟာ အရက် ကြောင့် ဖြစ်ရတယ်ဆိုတာကို လူသိများလှပါတယ်။
၂/-         အစာရေမျိုကင်ဆာ၊ ခေါင်းနှင့် လည်ပင်းကင်ဆာ၊ အသည်း ကင်ဆာ (Hepatoma)နှင့် အူကင်ဆာ စသည်များ၊
၃/-         အစာရေမျို ရောင်နာ၊ အစာအိမ်ရောင်နာ၊ ပန်ကရိယတစ် ရောင်နာ၊ အသည်း ရောင်နာတို့က အရက်သေစာ မှီဝဲမှုနှင့် ပတ်သက်နေ ပါတယ်။
၎/-         နှလုံးကြွက်သားရောဂါ၊ သွေးတိုးရောဂါ၊ သွေးလွှတ်ကြော ဆိုင်ရာ ဝေဒနာ (Coronary  Artherosilerosis)၊ ရင်ဆို့နာ (Angina)၊ နှလုံးရောဂါတို့ဟာ အရက်ကို
             အလွန်အကျွံ သောက်သုံးမှုနဲ့ပတ်သက်နေပါတယ်။
၅/-         ဦးနှောက်သွေးကြောပေါက် (Stroke) ၊ လေသင်ဓုံး (Apoplexy) ၊ ဝက်ရူးပြန်ရောဂါ (Fits) နှင့် သွက်ချာပါဒ ရောဂါ အမျိုးမျိုး ကလည်း အရက်သေစာ သောက်သုံးမှုနဲ့
             ပတ်သက်နေပါတယ်။
၆/-         ခြေလက် နဗ်ကြောရောဂါ (Peripheral Neuropathy)  ကော့စကီကလ် အထရိုဖီ ရောဂါ (Cortical Atrophy)  တို့ကလည်း အရက်သောက်ခြင်းကြောင့် ဖြစ်ရတဲ့ 
             လက္ခဏာစုများအဖြစ် ကျော်ကြား လူသိများ ပါတယ်။
၇/-         မကြာမီက ဖြစ်ရပ်များအရ နာတာရှည် အရက်စွဲရောဂါကြောင့် ဖြစ်ရတဲ့ စိတ်ရောဂါ နှင့် ယှဉ်ပြီး သတိလစ်ရောဂါ၊ မှတ်ဥာဏ် ချို့ယွင်းခြင်း၊ ကြံဖန်ပြော လုပ်ကြံပြောတတ်
             သည့် ကောဆကော လက္ခဏာ၊ မှတ်ဥာဏ် ထိခိုက်မှုနဲ့အတူ သွက် ချာပါဒဖြစ်မှု အမျိုးမျိုးက အရက်သောက်လွန်လို့ သိုင်ယာမင် ချို့တဲ့ရာက ဖြစ်ရတဲ့ ရောဂါ
            ဝေဒနာတွေပါပဲ။
၈/-        ထုံနာစို ကိုယ်ဖောနာ (ဗယ်ရီဗယ်ရီရောဂါ) (Beriberi)  နှင့် အခြားအခြားသော အာဟာရချို့တဲ့တဲ့ ရောဂါများဟာ အရက်သမားများမှာ မလွဲတန်း ဖြစ်တတ်တဲ့ ရောဂါတွေပဲ 
            ဖြစ်ပါတယ်။ ဗီတာမင် ချို့တဲ့ရောဂါ (pellagra)  ကိုလဲ အရက်သမားတွေမှာ တွေ့ရပါတယ်။

၉/-         အရက် စွဲနေမှုကြောင့် မကြာမကြာ ဆိုသလို ကယောင်ကတမ်း ဖြစ်တတ်ခြင်းဟာ အင်မတန် ဆိုးဝါးလှတဲ့ ဆင့်ပွားရောဂါတစ်ခု ဖြစ်တယ်။ ခွဲစိတ်ကုသမှု ခံပြီးနောက်ပိုင်းလဲ ဖြစ်တတ်တယ်။ အရက်ကို ဖြတ်တောက်နေချိန် ကာလမျိုးမှာ ဒီလို ကယောင်ကတမ်းတွေ ဖြစ်တတ်ပါတယ်။ ဒါဟာ အင်မတန်မှ အရေးကြီးလှပြီး တကဲ့ ကိရိယာ တန်ဆာ ပလာ စုံလင်လှတဲ့ နေရာမျိုးမှာ ကောင်းမွန်စွာ ကုသနေရင်းနဲ့တောင် အသက်သေဆုံးမှု ဖြစ်ပေါ်တတ်ပါတယ်။

၁၀/-      အရက်စွဲရောဂါကြောင့် အတွင်းစိမ့်ဂလင်း(အင်ဒိကရင်း ဂလင်း) မှာ ကမောက်ကမဖြစ်မှု အများအပြား ဖြစ်တတ်ပါတယ်။ သိုင်းရွိုက်ဂလင်း ကောင်းစွာ အလုပ်မလုပ်တဲ့ ပက်ဆဒီးဗားရောဂါကစလို့ သိုင်းရွိုက် လွန်ကဲ ခြင်း (Hyper thyroidism)  နဲ့ ကူရှင်ရောဂါလက္ခဏာစု (Florid Cushing Syndrome)  ဆိုတဲ့ အဒရီနယ်ဂလင်း အပြင်သား လွန်ကဲ ကြီးထွားခြင်း ရောဂါတို့ ဖြစ်တတ်ပါတယ်။

၁၁/-      သွေးနဲ့ဆိုင်တဲ့ ရောဂါတွေမှာ ဆိုးကျိုးတွေ ပေါ်စေပြီး နာတာရှည် စေပါတယ်။ ဖော်လစ်အက်ဆစ် ချို့ယွင်းမှုကလဲ အရက်စွဲနေသူတို့မှာ အတွေ့ ရ အများဆုံး ရောဂါပဲ။ သွေးအားနည်းရောဂါ အမျိုးမျိုး (မက္ကရိုဆိုင်တစ် အနီးမီးယားနဲ့ (Zeive’s sydrome ) တို့ဟာ သွေးပျက်ပျော် သွေးအား နည်းရောဂါ(Hemolytic Anemia)တို့ကနေ ပေါ်လာခဲ့ရတာပါ။ ဖျဉ်းဆွဲရောဂါတို့လဲ ဖြစ်တတ်ပါတယ်။

၁၂/-      သွေးကင်းပြောက်ကြီးရောဂါ (Thrombocytopenia) နှင့် တခြား သွေးဥမွှားများ (platelets) ပုံမှန် မဖြစ်တဲ့ရောဂါတွေကလည်း အရက်သမားမှန်ရင် ခံစားနေရတဲ့ ရောဂါတွေပါပဲ။

၁၃/-      အများသုံးနေကြတဲ့ ဆေးပြား မက်တြိုနီဒါဇိုးလ် (flagyl)  က အရက်နဲ့ တော်တော်လေး မတည့်ပါဘူး။

၁၄/-      အရက် အလွန်အကျွံသောက်သူတွေမှာ ရောဂါပြန်ပြန်ဝင်မှု (recurrent infection) လဲ အဖြစ်များပါတယ်။ အရက်သောက်သုံး မှုကြောင့် ရောဂါပြီး အကာအကွယ်စနစ်(Immunological Defense System) က ဘာ ရောဂါပဲ ဝင်လာ ဝင်လာ ငြိမ်ခံတဲ့အဖြစ် ရောက်သွား  ရပါတယ်။

၁၅/-      အရက်စွဲနေသူတွေမှာ ရင်ဘတ်ဝေဒနာဝင်မှု (Chest infection) က အထိအနာဆုံး ထဲမှာ ပါဝင်ပါတယ်။ နမိုးနီးယား၊ အဆုတ် ပြီတည်နာ၊ (Lung Abcess) လေအောင့်ခြင်း (Emphysema) နဲ့ တီဘီ အဆုတ်ရောဂါမျိုးတွေကလည်း အရက်သမားတွေမှာ အဖြစ် များပါတယ်။

၁၆/-      အရက်ကို အလွန်အကျွံမူးနေအောင် သောက်တဲ့အချိန်မှာ အရက်သမားက အော့အန်မယ်။ ချောင်းတဟွတ်ဟွတ် ဆိုးနေမယ်။ ဆောက်တည်ရာမဲ့ ဖြစ်မယ်။ ဒီတော့ အံဖက်က အဆုတ်ထဲဝင်သွားလို့ နမိုးနီးယားဝင်မယ်။ ဒါမှမဟုတ် အဆုတ်မှာ ပြီတည်မယ်။ တစ်ခါတရံမှာ  အံဖတ်ဆို့ပြီး မရှုနိုင် မကယ်နိုင် မွန်းကြပ်သွားတယ်။ အသက်ပါ ဆုံးရှုံးသွားနိုင်ပါတယ်။

၁၇/-      မိန်းမတွေမှာ အရက်သောက်တတ်လို့ ဖြစ်တတ်တဲ့ ဆိုးကျိုးတွေ ကိုလဲ ဖော်ပြရပါဦးမယ်။ မိန်းမတွေက ယောကျာ်းတွေထက် ပိုပြီး အသည်း  ပိုပြီးဝင်တတ်တယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာ အရက်သောက်ခဲ့ရင် သန္ဓေသားအပေါ်မှာ ထိခိုက်အန္တရာယ် ရှိစေပါတယ်။ ဆေးပညာလုပ်ငန်း မှာ သန္ဓေသားဆိုင်ရာ (Foetal Alcohlo Syndrome)ကို ပိုသထက် ပိုပြီး သိလာကြရတယ်။

၁၈/-      အရက်စွဲမှုနဲ့ အရေပြားရောဂါတွေကလဲပဲ ပတ်သက်နေပါတယ်။

၁၉/-      နှင်းခူ၊ မွေးကျွတ်ရောဂါ (Alopecia) ၊ လက်သည်းကျုံလှီသွား ခြင်း (Nail Dystrophy) ၊ ခူနာ (Paronychia) နဲ့ နှုတ်ခမ်းထောင့် လောင်ခြင်း (Angular Stomatitis) ဆိုတဲ့ ရောဂါတွေကလဲ အရက် သမားတွေမှာ အဖြစ်များပါတယ်။

Reference and Credit to ^..^
mmteaship
အရက်သေစာ မှီဝဲခြင်းကို တားမြစ် ထားရခြင်းနှင့် ပတ်သက်ပြီး သိပ္ပံနည်းကျသော အကြောင်းတရား များစွာရှိပါတယ်။ ကမ္ဘာမှာ အရက် သေစာသောက်သုံးမှုကြောင့် ဖြစ်ပွားရတဲ့ သေဆုံးမှုနှုန်းထားဟာ အတော်ပဲ မြင့်မားလှပါတယ်။ အဓိက သေဆုံးမှု အကြောင်းရင်းတစ်ခုလဲ ဖြစ်ပါတယ်။ နှစ်စဉ် လူ သန်းပေါင်းများစွာဟာ အရက်ကြောင့် သေဆုံး နေကြရပါတယ်။ အရက်ရဲ့ ဆိုးကျိုးတွေကို အများအားဖြင့် အသိများကြ တာကြောင့် အသေးစိတ် မတင်ပြတော့ပါဘူး။ အရက်နဲ့ ပတ်သက်နေတဲ့ ရောဂါ တချို့လောက်ကိုပဲ အောက်မှာ တင်ပြထားပါတယ်။

၁/- အသည်းရွတ်ရောဂါ (Cirrhosis of Liver) ဟာ အရက် ကြောင့် ဖြစ်ရတယ်ဆိုတာကို လူသိများလှပါတယ်။
၂/- အစာရေမျိုကင်ဆာ၊ ခေါင်းနှင့် လည်ပင်းကင်ဆာ၊ အသည်း ကင်ဆာ (Hepatoma)နှင့် အူကင်ဆာ စသည်များ၊
၃/- အစာရေမျို ရောင်နာ၊ အစာအိမ်ရောင်နာ၊ ပန်ကရိယတစ် ရောင်နာ၊ အသည်း ရောင်နာတို့က အရက်သေစာ မှီဝဲမှုနှင့် ပတ်သက်နေ ပါတယ်။
၎/- နှလုံးကြွက်သားရောဂါ၊ သွေးတိုးရောဂါ၊ သွေးလွှတ်ကြော ဆိုင်ရာ ဝေဒနာ (Coronary Artherosilerosis)၊ ရင်ဆို့နာ (Angina)၊ နှလုံးရောဂါတို့ဟာ အရက်ကို အလွန်အကျွံ သောက်သုံးမှုနဲ့ပတ်သက်နေပါတယ်။
၅/- ဦးနှောက်သွေးကြောပေါက် (Stroke) ၊ လေသင်ဓုံး (Apoplexy) ၊ ဝက်ရူးပြန်ရောဂါ (Fits) နှင့် သွက်ချာပါဒ ရောဂါ အမျိုးမျိုး ကလည်း အရက်သေစာ သောက်သုံးမှုနဲ့ ပတ်သက်နေပါတယ်။
၆/- ခြေလက် နဗ်ကြောရောဂါ (Peripheral Neuropathy) ကော့စကီကလ် အထရိုဖီ ရောဂါ (Cortical Atrophy) တို့ကလည်း အရက်သောက်ခြင်းကြောင့် ဖြစ်ရတဲ့ လက္ခဏာစုများအဖြစ် ကျော်ကြား လူသိများ ပါတယ်။
၇/- မကြာမီက ဖြစ်ရပ်များအရ နာတာရှည် အရက်စွဲရောဂါကြောင့် ဖြစ်ရတဲ့ စိတ်ရောဂါ နှင့် ယှဉ်ပြီး သတိလစ်ရောဂါ၊ မှတ်ဥာဏ် ချို့ယွင်းခြင်း၊ ကြံဖန်ပြော လုပ်ကြံပြောတတ် သည့် ကောဆကော လက္ခဏာ၊ မှတ်ဥာဏ် ထိခိုက်မှုနဲ့အတူ သွက် ချာပါဒဖြစ်မှု အမျိုးမျိုးက အရက်သောက်လွန်လို့ သိုင်ယာမင် ချို့တဲ့ရာက ဖြစ်ရတဲ့ ရောဂါ ဝေဒနာတွေပါပဲ။

0 comments: