Wednesday, November 14, 2012
0
 Photo: ထိုင်းဘာသာ စကားအရ"ပွတ်သောရီဆွတ်" မြန်မာလို "အပျိုစင်အား ဈေးဦးဖောက်ခြင်း" ဟု ခေါ်တွင်တေသာ နယ်စပ်ဈေးကွက်၌ ထိုင်းနိုင်ငံသား တစ်ဦးက မြန်မာ မိန်းခလေးငယ် တစ်ယောက်ကို ဘတ်သောင်းဂဏန်း ကနေ သိန်းဂဏန်း အထိ ပေးဝယ်တယ်---
ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်ရှိမြို့များတွင်မြန်မာမိန်းကလေးအချို့၏ ဘ၀သည်မျှော်လင့်ချက်မဲ့ ပျက် သုဉ်းလျက်ရှိကြောင်းသိရှိရပါသည်။အသက်၁၀နှစ်မှ၁၆နှစ်အကြားမိန်းကလေးငယ်များဟုသိရှိရပြီးအရွယ်နှင့် မလိုက်အောင်အဆိုးရွားဆုံးပြည့်တန်ဆာကျေးကျွန်များဖြစ်နေကြောင်းနယ်စပ်အသိုင်းအ၀ိုင်းများထံမှသိရပါ သည်။

ထိုင်းဘာသာစကားအရ"ပွတ်သောရီဆွတ်" မြန်မာလို"အပျိုစင်အား ဈေးဦးဖောက်ခြင်း"ဟုခေါ်တွင်သော
နယ်စပ်ဈေးကွက်၌ အမျိုးသမီးငယ်များသည် အများဆုံးရှိနေကြောင်းသိရပါသည်။ ကလေးမလေးတွေဟာ
တစ်ကယ်တော့ ပညာသင်ရမယ့်အရွယ်များဖြစ်ကြပြီး ထမင်းတစ်လုတ်အတွက် ခါးစည်းခံနေရပါသည်။

ထိုင်းနိုင်ငံသားတစ်ဦးက မြန်မာမိန်းကလေးငယ်တစ်ယောက်ကို ဘတ်သောင်းဂဏန်းကနေ သိန်းဂဏန်း အထိပေးဝယ်တယ်။ဒီကောင်တွေက ပျော်ရင်ပျော်သလိုသုံးတတ်ကြပါပြီး၊ ရုပ်ရည်၊ ခန္ဓာကိုယ်အချိုးအစား၊ ကျန်းမာရေးပေါ်မူတည်ပြီး ဈေးကိုအလျှော့အတင်းလုပ်သွားကြတတ်ပါတယ်။ ဟိုတစ်လောကကြား လိုက်ေ သးပါသေးတယ်၊ ဘတ် ၃၀၀၀ပေးပြီး ၁၂ နှစ်အရွယ် ကလေးမလေးကိုဟိုတယ်မှာ အသုံးပြုတယ် ၊ နောက် ရက်ကျတော့အဲဒီ့ကလေးမလေးသေဆုံးနေတယ်ဆိုတဲ့သတင်းကိုကြားသိရပါတယ်။

တစ်ခါတလေဆိုရင် အဲဒီ့ကလေးမလေးတွေက သူတို့ကိုဒီလိုလုပ်စားခိုင်းတယ်ဆိုတာ ဘုမသိဘမသိနဲ့ လိုက်လာကြတာပဲ၊ တစ်ချို့လူတွေဆိုရင် သိပ်မိုက်ရိုင်းကြတယ်၊ သူတို့အပိုင်ဝယ်ထားတယ်ဆိုပြီး သူငယ် ချင်းပေါင်းများစွာနဲ့ဆက်ပျော်ပါးခိုင်းတယ်။ဟုနယ်စပ်တွင်အလုပ်လုပ်နေသူတစ်ဦးက ရင်ကွဲဆို့နင့်စွာပြောပြ ခဲ့ပါသည်။

မိဘအချို့သည် မိမိသမီးဖြစ်သူသွေးရင်းသားရင်းကို မိဘစိတ်ကင်းမဲ့စွာဖြင့် ရောင်းစားကြခြင်း အဆိုပါ မိန်းကလေးများ၌ HIV ကူးစက်ခံရပြီဆိုရင် လူရာမသွင်းတော့ခြင်း၊ စီးပွားရေးဖွံ့ဖြိုးမှု၌ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးခြင်းတို့ကြောင့်စာသင်ခန်းထဲမရောက်ခင်ဟိုတယ်ခန်းထဲရောက်နေကြခြင်းသာဖြစ်ေ နကြောင်း သုံးသပ်သူများကသုံးသပ်ကြပါသည်။

0 comments: