မြန်မာနိုင်ငံမှ
Grand Royal နှင့် အင်္ဂလန်ပရီးမီးယားလိဂ်မှ Chelsea အသင်းတို့ ၂နှစ်
အကျိုးတူပူးပေါင်းမှုစာချုပ် လက်မှတ်ရေးထိုး၊ မြန်မာနိုင်ငံရှိ
လူငယ်များအတွက် အားကစား သင်တန်းကျောင်းများ ဖွင့်လှစ်ပေးရန်
စိတ်ဝင်စားကြောင်း CHELSEA အသင်းတာဝန်ရှိသူ ပြောကြား
မြန်မာနိုင်ငံမှ Grand Royal နှင့် အင်္ဂလန်ပရီးမီးယားလိဂ်မှ Chelsea FC
အသင်းတို့သည် ၂နှစ် အကျိုးတူပူးပေါင်းမှု စာချုပ်လက်မှတ် ရေးထိုးပွဲကို
အောက်တိုဘာလ ၉ ရက်နေ့က ရန်ကုန်မြို့ရှိ Chatrium Hotel တွင်
ကျင်းပခဲ့ကြောင်း သိရှိရသည်။
ယခုကဲ့သို့ တရားဝင်ပူးပေါင်းမှုမှာ
၂နှစ်တာ ကာလအတွက်ဖြစ်ပြီး Grand Royal သည် မြန်မာနိုင်ငံ တွင် Chelsea FC ၏
တရားဝင်ပါတနာဖြစ်သွားပြီး ဖြစ်ကြောင်း၊ Grand Royal Whisky က Chelsea FC ၏
တရားဝင် ဝီစကီဖြစ်ပြီး Grand Royal Drinking Water မှာ Chelsea FC ၏
တရားဝင် သောက်ရေသန့် ဖြစ်သွားပြီဖြစ်ကြောင်း သိရှိရသည်။
0 comments:
Post a Comment