Saturday, October 13, 2012
0
Photo: Nang Khin Zay Yar
အားပေးပံ့ပိုးကူညီကြသူများအား မေတ္တာရပ်ခံခြင်း

အခုဆိုရင် ညီမကို အစဉ်တစ်စိုက်စောင့်ရှောက်အားပေးပြီး vote လုပ်ပေးနေတဲ့
ညီမကိုပံ့ပိုးသူ ပရိတ်သတ်များဟာ လုံးဝ မမျှော်လင့်ထားအောင်
များပြားလာပါတယ်။ ညီမကိုယ်တိုင်တောင်မှ ညီမကို ပံ့ပိုးအားပေးမည့်
Supporter အင်အား ဒီလောက်ရလာမယ်လို့ မမျှော်လင့်ရဲခဲ့ပါဘူး။ အဲ့ဒီအတွက်
ညီမအပေါ်မှာထားရှိကြတဲ့ အားလုံးရဲ့ပံ့ပိုးမှု နဲ့ မျှော်လင့်ချက်တွေအတွက်
မဖော်ပြတတ်လောက်အောင် ကျေးဇူးတင်ရှိသလို၊ အခုလို ညီမ ရေခြားမြေခြားမှာ
ယှဉ်ပြိုင်နေချိန်မှာ ညီမတို့မြန်မာနိုင်ငံသားအားလုံးရဲ့
ကိုယ့်နိုင်ငံသားအခြင်းခြင်း စောင့်ရှောက်ကူညီမှု၊ အားပေးမှုနဲ့
ညီမအပေါ်မှာ နွေးထွေးမှုတွေရရှိတာကိုလည်း ဘယ်တော့မှ မေ့လို့ရမှာ
မဟုတ်ပါဘူး။

ဒီနေ့မနက် အိပ်ရာနိုးတဲ့ အချိန်မှာ ညီမရဲ့ Vote အရည်အတွက်ကို
ဝင်ကြည့်လိုက်တဲ့ အခါမှာ ဘယ်လိုမှ မမျှော်လင့်ထားတဲ့ အရည်အတွက်ကို
ရရှိထားတဲ့ အတွက် မဖော်ပြတတ်အောင်ကို ၀မ်းသာဂုဏ်ယူမိပါတယ်။
မြန်မာနိုင်ငံသားတွေရဲ့ ကိုယ့်လူမျိုးကိုယ်ချစ်တဲ့စိတ်နဲ့ အအိပ်ပျက်၊
အစားပျက်၊ အလုပ်ပျက်ခံပြီး ကိုယ့်နိုင်ငံသူတစ်ယောက်နိုင်ဖို့ အတွက်
အင်တိုက်အားတိုက်ပံ့ပိုး အားပေးတတ်တဲ့စိတ်တွေကိုလည်း
နိုင်ငံခြားသူ/နိုင်ငံခြားသား တွေကြားမှာ ဂုဏ်ယူဝံ့ကြွားစွာနဲ့
ပြောပြလေ့ရှိပါတယ်။
ဒါပေမယ့် ဒီနေ့မှာ ညီမရဲ့ သူငယ်ချင်း နိုင်ငံခြားသူတစ်ချို့က ညီမကို
စေတနာသက်သက်နဲ့ သတိပေးစကားပြောလာပါတယ်။ အဲ့ဒါကတော့ ညီမရဲ့ Facebook
Account Wall မှာ သူတို့တွေ့လိုက်ရတဲ့ Auto Refreshing Software
အကြောင်းပါ။ ညီမက ကွန်ပျူတာအကြောင်းလည်း
ကျွမ်းကျွမ်းကျင်ကျင်ကြီးနားမလည်ပါဘူး။ ဒါပေမယ့် သူတို့ပြောသွားပုံအရတော့
အဲ့ဒါဟာ တရားမ၀င်ဘူးလို့ ပြောပါတယ်။ လူက vote လုပ်တာမဟုတ်ဘဲ Software ကပဲ
Auto Vote လုပ်တာဖြစ်တဲ့အတွက် Illegal လို့ပြောပါတယ်။ တကယ်လို့ flickr
ကသာ သိသွားလို့ တရားဝင်တိုင်ခဲ့ရင် ညီမကို vote လုပ်ထားတဲ့
မဲတွေအားလုံးဟာ Auto Delete ဖြစ်သွားနိုင်တယ်လို့လည်းပြောပါတယ်။

အဲ့ဒါကြောင့် ညီမစိုးရိမ်လို့ ပြောရတာပါ။ တကယ်လို့ သူတို့သတိပေးသလိုသာ
Illegal ဖြစ်မယ်ဆိုရင် အားလုံးကို ဒီနေရာကနေ ညီမက အဲ့ဒီ System
ကိုမသုံးဖို့ အနူးအညွတ်တောင်းပန်ပါတယ်။ အားလုံးရဲ့ ညီမအပေါ်ထားတဲ့
မျှော်လင့်ချက် နဲ့ ညီမကို နိုင်စေချင်တဲ့ ဆန္ဒကို နားလည်ပါတယ်။
ညီမအတွက်နဲ့လည်း အပင်ပန်းခံပြီး တတ်အားသရွေ့ပံ့ပိုးပေးနေ၊
စောင့်ရှောက်ပေးနေတာကိုလည်း မျက်မြင်ကိုယ်တွေ့သိရှိ ထားပါတယ်။
အဲဒါကြောင့် အားလုံးပင်ပန်းဆင်းရဲခံပြီး ကြိုးစားထားတဲ့ အရာတွေကိုလည်း
တရားမ၀င်ဖြစ်မသွားစေချင်ပါဘူး။ အခု ညီမရထားတဲ့ vote တွေဟာလည်း စက်က Auto
ပေးထားတာမဟုတ်ဘဲ အများဆုံးက ညီမတို့နိုင်ငံသားတွေကိုယ်တိုင်
ကြိုးစားပြီး၊ ပေးထားတဲ့ မဲတွေပဲလို့လည်း ညီမသိထား၊ ယုံကြည်ထားပါတယ်။
(လူအနေနဲ့ကတော့ အကြိမ်မြောက်များစွာ vote လုပ်နိုင်ပါတယ်)
ပါနောက်ဆုံးအနေနဲ့ ညီမကို အမှန်တကယ် စောင့်ရှောက်ကူညီသောအနေနဲ့ အဲ့လို
System သုံးပြီးမဲပေးနေတဲ့လူရှိရင်လည်း အမြန်ဆုံး အဲ့ဒီ System
ကိုပြန်ဖြုတ်ပေးရမယ် လို့ အနူးအညွတ်တောင်းပန်အပ်ပါတယ်။
အခုညီမကို အားပေးပံ့ပိုးနေကြတဲ့ ညီမတို့နိုင်ငံသားတွေရဲ့ အင်အားနဲ့လည်း
ပြိုင်ဖက်တွေကို သေချာပေါက်ဖြတ်ကျော်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
အခုညီမကို ပံ့ပိုးကူညီနေသူများရဲ့အင်အား နဲ့ မျှော်လင့်ချက်များဟာ
တစ်ခြားဘယ်နိုင်ငံကပြိုင်ဖက်များမှ မရရှိနိုင်တဲ့ အရာတွေပါ။ အဲ့ဒါကိုလည်း
ညီမအပြည့်အ၀ယုံကြည်ပါတယ်။ ညီမတို့အားလုံး သန့်ရှင်းစွာနဲ့
အတူတူအကောင်းဆုံးကြိုးစားပြီး ယှဉ်ပြိုင်ကြရအောင်လို့
အားလုံးကိုတောင်းဆိုပါရစေ။

ညီမကို နားလည်ပေးနိုင်မယ် လို့လည်း မျှော်လင့်ပါတယ်

ချစ်ခြင်းများစွာနဲ့

နန်းခင်ဇေယျာ

Reference and Credti to ^..^
Chit  Coco
အခုဆိုရင်ညီမကိုအစဉ်တစ်စိုက်စောင့်ရှောက်အားပေးပြီးvoteလုပ်ပေးနေတဲ့ညီမကိုပံ့ပိုးသူ ပရိတ်သတ်များဟာ လုံးဝ မမျှော်လင့်ထားအောင် များပြားလာပါတယ်။ ညီမကိုယ်တိုင်တောင်မှ ညီမကို
 ပံ့ပိုးအားပေးမည့်Supporter အင်အား ဒီလောက်ရလာမယ်လို့ မမျှော်လင့်ရဲခဲ့ပါဘူး။ အဲ့ဒီအတွက်
ညီမအပေါ်မှာထားရှိကြတဲ့အားလုံးရဲ့ပံ့ပိုးမှုနဲ့ မျှော်လင့်ချက်တွေအတွက်မဖော်ပြတတ်လောက်အောင်   ကျေးဇူးတင်ရှိသလို၊ အခုလို ညီမ ရေခြားမြေခြားမှာ ယှဉ်ပြိုင်နေချိန်မှာ ညီမတို့မြန်မာနိုင်ငံသားအားလုံးရဲ့
ကိုယ့်နိုင်ငံသားအခြင်းခြင်း စောင့်ရှောက်ကူညီမှု၊အားပေးမှုနဲညီမအပေါ်မှာ နွေးထွေးမှုတွေရရှိတာကိုလည်း ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ပါဘူး။

ဒီနေ့မနက် အိပ်ရာနိုးတဲ့ အချိန်မှာ ညီမရဲ့ Vote အရည်အတွက်ကို ၀င်ကြည့်လိုက်တဲ့ အခါမှာ ဘယ်လိုမှ မမျှော်လင့်ထားတဲ့ အရည်အတွက်ကို ရရှိထားတဲ့ အတွက်မဖော်ပြတတ်အောင်ကိုဝမ်းသာဂုဏ်ယူမိပါတယ်။
မြန်မာနိုင်ငံသားတွေရဲ့ ကိုယ့်လူမျိုးကိုယ်ချစ်တဲ့စိတ်နဲ့ အအိပ်ပျက်၊ အစားပျက်၊ အလုပ်ပျက်ခံပြီး ကိုယ့်နိုင်ငံသူတစ်ယောက်နိုင်ဖို့ အတွက် အင်တိုက်အားတိုက်ပံ့ပိုး အားပေးတတ်တဲ့စိတ်တွေကိုလည်း
နိုင်ငံခြားသူ/နိုင်ငံခြားသား တွေကြားမှာ ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြောပြလေ့ရှိပါတယ်။
ဒါပေမယ့်ဒီနေ့မှာညီမရဲ့သူငယ်ချင်း နိုင်ငံခြားသူတစ်ချို့ကညီမကို စေတနာသက်သက်နဲ့သတိပေး စကားပြောလာပါတယ်။ အဲ့ဒါကတော့ ညီမရဲ့ Facebook Account Wall မှာ သူတို့တွေ့လိုက်ရတဲ့ Auto RefreshingSoftwareအကြောင်းပါ။ညီမကကွန်ပျူတာအကြောင်းလည်းကျွမ်းကျွမ်းကျင်ကျင်ကြီးနားမလည် ပါဘူး။ ဒါပေမယ့် သူတို့ပြောသွားပုံအရတော့ အဲ့ဒါဟာ တရားမ၀င်ဘူးလို့ ပြောပါတယ်။ လူက vote လုပ်တာမဟုတ်ဘဲ Software ကပဲ Auto Vote လုပ်တာဖြစ်တဲ့အတွက် Illegal လို့ပြောပါတယ်။ တကယ်လို့ flickr ကသာ သိသွားလို့ တရားဝင်တိုင်ခဲ့ရင် ညီမကို vote လုပ်ထားတဲ့ မဲတွေအားလုံးဟာ Auto Delete ဖြစ်သွားနိုင်တယ်လို့လည်းပြောပါတယ်။

အဲ့ဒါကြောင့် ညီမစိုးရိမ်လို့ ပြောရတာပါ။ တကယ်လို့ သူတို့သတိပေးသလိုသာ Illegal ဖြစ်မယ်ဆိုရင် အားလုံးကို ဒီနေရာကနေ ညီမက အဲ့ဒီ System ကိုမသုံးဖို့ အနူးအညွတ်တောင်းပန်ပါတယ်။ အားလုံးရဲ့ ညီမအပေါ်ထားတဲ့ မျှော်လင့်ချက် နဲ့ ညီမကို နိုင်စေချင်တဲ့ ဆန္ဒကို နားလည်ပါတယ်။ ညီမအတွက်နဲ့လည်း အပင်ပန်းခံပြီး တတ်အားသရွေ့ပံ့ပိုးပေးနေ၊ စောင့်ရှောက်ပေးနေတာကိုလည်း မျက်မြင်ကိုယ်တွေ့သိရှိ ထားပါတယ်။အဲဒါကြောင့်အားလုံးပင်ပန်းဆင်းရဲခံပြီးကြိုးစားထားတဲ့အရာတွေကိုလည်းတရားမ၀င်ဖြစ်မ သွားစေချင်ပါဘူး။ အခု ညီမရထားတဲ့ vote တွေဟာလည်း စက်က Auto ပေးထားတာမဟုတ်ဘဲ အများဆုံးက ညီမတို့နိုင်ငံသားတွေကိုယ်တိုင် ကြိုးစားပြီး၊ ပေးထားတဲ့ မဲတွေပဲလို့လည်း ညီမသိထား၊ ယုံကြည်ထားပါတယ်။ (လူအနေနဲ့ကတော့ အကြိမ်မြောက်များစွာ vote လုပ်နိုင်ပါတယ်)ပါနောက်ဆုံးအနေနဲ့ ညီမကို အမှန်တကယ် စောင့်ရှောက်ကူညီသောအနေနဲ့ အဲ့လို System သုံးပြီးမဲပေးနေတဲ့လူရှိရင်လည်း အမြန်ဆုံး အဲ့ဒီ System ကိုပြန်ဖြုတ်ပေးရမယ် လို့ အနူးအညွတ်တောင်းပန်အပ်ပါတယ်။ အခုညီမကို အားပေးပံ့ပိုးနေကြတဲ့ညီမတို့နိုင်ငံသားတွေရဲ့အင်အားနဲ့လည်းပြိုင်ဖက်တွေကို သေချာပေါက်ဖြတ်   ကျော်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အခုညီမကို ပံ့ပိုးကူညီနေသူများရဲ့အင်အား နဲ့ မျှော်လင့်ချက်များဟာ
တစ်ခြားဘယ်နိုင်ငံကပြိုင်ဖက်များမှ မရရှိနိုင်တဲ့အရာတွေပါ။အဲ့ဒါကိုလည်းညီမအပြည့်အ၀ယုံကြည်ပါတယ်။ ညီမတို့အားလုံးသန့်ရှင်းစွာနဲ့အတူတူအကောင်းဆုံးကြိုးစားပြီးဉ်ပြိုင်ကြရအောင်လို့အားလုံးကိုတောင်းဆို ပါရစေ။

ညီမကို နားလည်ပေးနိုင်မယ် လို့လည်း မျှော်လင့်ပါတယ်

ချစ်ခြင်းများစွာနဲ့

နန်းခင်ဇေယျာ

0 comments: