Wednesday, November 07, 2012
0
ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင်ဖ်ာပြသောဆက်သွယ်ရေး ဥပဒေကြမ်း၌အင်တာနက်၊ ဖုန်းစသည့် ဆက်သွယ်မှုများတွင်နှောင့်ယှက်မှုများအား ထောင်ဒဏ်ချမှတ်အရေးယူမည်ဟု ထည့်သွင်းဖ်ာပြ ထား သည် ကို အောက်ပါအတိုင်း တွေ့ရှိရသည်။

ဆက်သွယ်ရေး ကွန်ရက်အတွင်းသို့ယင်းပိုင်ရှင်(သို့) စီမံခန့်ခွဲခွင့်ရှိသူ၏ ခွင့်ပြုချက် (သို့) သဘောတူညီချက် မရှိဘဲ ဝင်ရောက်ခြင်း ၊ ကြည့်ရှုခြင်း ၊ နှောင့်ယှက်ခြင်း ၊ စံချိန်စံညွှန်း သတ်မှတ်ချက်များကို ဖြစ်စေ မူလအနေအထားကိုဖြစ်စေ ပြောင်းလဲခြင်း (သို့) ဖျက်ဆီးခြင်း ၊ဆက်သွယ်ရေး ကွန်ယက်ကို ထိခိုက် ပျက်စီးစေနိုင်ရန် ရည်ရွယ်၍ မရိုးဖြောင့်သော သဘောဖြင့် ဗိုင်းရပ်စ် သို့ အခြားနည်းလမ်း တစ်ခုခုဖြင့် ဝင်ရောက်ဖျက်ဆီးခြင်း ၊ဆက်သွယ်ရေး ကွန်ရက် တစ်ခုခု ကို အသုံးပြု၍ ငွေကြေးနှင့် ပစ္စည်းတစ်ရပ်ရပ်ကို ခိုးယူခြင်း၊ လိမ်လည်ခြင်း ၊ အလွဲသုံးစားပြုခြင်း သို့ ပျက်စီးစေခြင်း ၊ဆက်သွယ်ရေး ကွန်ရက်တစ်ခုခု ကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း ၊ အနိုင်အထက်ပြုခြင်း ၊ အသရေဖျက်ခြင်း ၊နှောင့်ယှက်ခြင်း ၊ မလျော်သြဇာသုံးခြင်း သို့ ခြိမ်းခြောက်ခြင်း ၊တို့အတွက် ပြစ်မှုထင်ရှားကြောင်းတွေ့ရှိ ရပါက ( ၅ )နှစ် ထက်မပိုသော ထောင်ဒဏ်ဖစ်စေ ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်မည်ဖြစ်ကြောင်းပါရှိသည် ။

0 comments: