Monday, November 12, 2012
0
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အနီး အင်အားပြင်းငလျင်လှုပ်ခတ်ရာတွင် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိမြို့နယ်အချို့တွင်ပျက်သီးမှု၊ ထိခိုက်ဒဏ်ရာရမှုနှင့်သေဆုံးမှုအချို့ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

ယနေ့နံနက်က လှုပ်ခတ်ခဲ့သော ငလျင်နှင့်ပက်သက်၍ ဆက်လက်ရရှိသော သတင်းများအရ စစ်ကိုင်းမြို့ တွင် မင်းကွန်းခေါင်းလောင်းတော်ကြီးအနည်းငယ်နေရာရွှေ့ခြင်း၊ ၀န်ထမ်းအိမ်ရာ(၆)ခန်းတွဲ(၂)ထပ်မှ အခန်း(၃)၏ အပေါ်ထပ်နံရံပြိုကျပြီးအပေါ်ထပ်ကြမ်းခင်းကျွံကျခြင်းတို့ဖြစ်ပေါ်ခဲ့ပါသည်။ကျောက်မြောင်းမြို့ နယ်၊ကျောက်မြောင်းရွာတွင်ကျေးရွာ ဆက်သွယ်ရေးရုံးပြိုကြခြင်း၊ ဆယ်ပင်ကျွန်းကျေးရွာမူလတန်းကျောင်း အဆောက်အဦ၏ (၇၀)ရာခိုင်နှုန်းပြိုကျပျက်စီးခြင်း၊ ဆိတ်သာကျေးရွာ မူလတန်းကျောင်း မြင့်မိုရ်ပိတ်ပြို ကျခြင်း၊ မလားကျေးရွာ တွဲဖက်မူလတန်းကျောင်းထက်ဝက်ခန့်ပြိုကျခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်းသိရှိရပါသည်။

ရွှေဘိုမြို့တွင်ချမ်းသာကြီးစေတီတော်၏စိန်ဖူးတော်မြေခခဲ့ပြီး ကြာမောက်ကြာလန်အောက်မှာ အင်္ဂတေအ ချို့ပြိုကျပျက်စီးခြင်း၊ မင်းသမီးရွှေကျောင်းဘုရားနှင့် နန်းဦးဘုရားကျောင်းအတွင်ရှိစေတီများ၏စိန်ဖူးတော် များမြေခခြင်း၊ အတွင်းမိတ္ထီလာဘုန်းကြီးကျောင်းနှင့် အရှေ့လောကမာရဇိန်ဘုန်းကြီးကျောင်းတို့၏မုဒ်ဦးများ ပြိုကျပျက်စီးခြင်း၊ရွှေဂူကြီးဘုရား၏ကြာမောက်ကြာလန်များပြိုကျပျက်စီးခြင်း၊ ရွှေဘုံသာဘုန်းကြီးကျောင်း အတွင်းရှေးဟောင်းစေတီတော်(၁)ဆူပြိုကျခြင်းနှင့်စိန်ဖူးတော်(၁)ခုမြေခခြင်း၊ဇောတိကရာမဘုကြီးကျောင်း မှအုတ်တံတိုင်း(၅)ခန်း ၊ရွှေဘုံရတနာမင်္ဂလာနန်းတော်ကျောင်းမှ အုတ်တံတိုင်း(၈)ခန်းနှင့်အောင်ချမ်းသာ ဘုန်းကြီးကျောင်းမှ အုတ်တံတိုင်း(၄)ခန်းတို့ပြိုကျခြင်း၊ ဆင်အင်းကျေးရွာအပေါ်ပိုင်း(၄)ပေခန့်ပြိုကျခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

ခင်ဦးမြို့နယ်တွင်ကုတ်တက်အုပ်စု ရုံးပင်ကျေးရွာစာသင်ကျောင်းနှင့်ဘုန်းကြီးကျောင်းပြိုကျခြင်းနှင့်အာယ သီဟတောဘုရားထီးတော်ယိုင်၍အာရုံခံတန်ဆောင်းတို့ ပြိုကျခြင်းတို့ဖြစ်ပေါ်ခဲ့ပါသည်။

ကန့်ဘလူမြို့နယ်တွင် မလယ်ကျေးရွာ ဘုန်းကြီးကျောင်းအ၀င် အုတ်တံတိုင်း(၁၂)ခန်းပြိုကျခြင်း၊ ဓမ္မာရုံ (၂)ခု၏ အုတ်နံရံပြိုကျခြင်း၊ အိမ်ခြေအလုံး(၂၀)ပြိုကျခြင်း ရေရှင်ကျေးရွာ ဘုန်းကြီးကျောင်းမှ စေတီ(၂)ဆူ ထီးတော်အဆင့်ထိ ပြိုကျခြင်း၊ ဇီးကုန်းဘောင်ကျေးရွာမှ မြန်မာညွှန့်ဆန်စက်ခေါင်းတိုင်ပြိုကျခြင်း၊ သပြေ သာကျေးရွာ ဘုန်းကြီးကျောင်းပြိုကျခြင်း၊ ထန်းတပင်ကျေးရွာရွာလယ်စေတီထီးတော်မြေ ခခြင်း တို့ဖြစ်ပေါ် ခဲ့ပါသည်။

ဝက်လက်မြို့တွင်သစ်ဆိပ်ကျေးရွာဘုရားငှက်ပျောဖူးမှစ၍ပြိုကျခြင်း၊ ရေလည်မှော်မူလတန်းကျောင်းနံရံပြို ကျခြင်း၊ ရေလည်မှော်ကျေးရွာ ဘုရားစိန်ဖူးတော်မြေခခြင်းနှင့်အင်းမဲကြီးကျေးရွာ ဘုရားစိန်ဖူးတော်မြေ ခခြင်းတို့ ဖြစ်ပေါ်ခဲ့ပါသည်။

ထို့အတူ ကလေးခရိုင်၊ မော်လိုက်ခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်နှင့် တမူးခရိုင်တို့တွင် အနည်းငယ်လှုပ်ရှားခဲ့ သော်လည်း ထိခိုက်ပျက်စီးမှု မရှိကြောင်းနှင့် ငလျင်ဘေးဒဏ်သင့်နေရာများသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့်ဌာနဆိုင်ရာများမှလိုအပ်သည်များကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း နိုင်ငံတော် သမ္မတ၀က်ဘ်ဆိုက်တွင် ဖော်ပြထားပါသည်။

0 comments: