ဆရာဝန် (ဆေးနဲ့သွား)
ဆေးနဲ့ သွားကတော့ ထိပ်ဆုံးနေရာမှာ ရှိနေပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး
လေ့လာသင်ယူရတာ ခက်ခဲ သလို၊ ဘွဲ့ရရင်လည်းအောင်မြင်တဲ့
ဒေါက်တာတစ်ယောက်ဖြစ်ဖို့ အလွန်ခက်ခဲတတ်ပါတယ်။ ဒါပေမယ့် ဆရာဝန်ဆိုတာကတော့
ဘ၀အာမခံချက်အရှိဆုံးဘွဲ့တစ်ခုအနေနဲ့ သတ်မှတ်ထားခြင်း ခံနေရဆဲဖြစ်ပါ တယ်။
လူဆိုတာကအိုခြင်း ၊နာခြင်းကင်းနိုင်တဲ့သူတွေ မဟုတ်တော့ ဆရာဝန်အလုပ်ဆိုတာ
ခေတ် အဆက် ဆက် အာမခံချက်ရှိနေဦးမှာပါပဲ။ လစာကလည်း အတော်လေးကောင်းတယ်။
ဗြိတိန်ငွေ ပေါင်စတာလင်နဲ့ တွက်မယ်ဆိုရင် ပေါင် ၄၀၀၀၀ လောက်တစ်နှစ်ကိုဝင်ငွေရှိတယ်။ဒါကအောင်မြင်နေတဲ့ ဆရာဝန်ကြီးတွေ ရဲ့ဝင်ငွေပါ။
ဆရာဝန်ပေါက်စတွေတောင် တစ်နှစ်ကို ပေါင် ၂၂၀၀၀ လောက်ရတယ်လို့ ဆိုပါတယ်။
ဒီနေ့ ပေါက်ဈေးနဲ့တွက်ရင် တစ်ဒေါ်လာကို ၁ ဒသမ ၆၁ ပေါင်နဲ့ ညီတယ်ဆိုတော့
တစ်နှစ်ကိုဆရာဝန်တစ် ယာက်ဟာ အနိမ့်ဆုံး ဒေါ်လာ ၃၅၄၂၀
လောက်ရတယ်ဆိုတဲ့သဘောပါ။ မြန်မာငွေနဲ့ တွက် ရင်တော့ တစ်နှစ်သိန်း ၃၀၀
ကျော်ပေါ့။ ငွေရပေါက်ကောင်းပေမယ့် သင်တန်းရက်ရှာကြာ၊ သင်ယူရတာခက်ခဲ ၊အောင်မြင်ဖို့လည်းခက်တာကြောင့် ဒီအလုပ်ကို စဉ်စားကြတယ်လို့ဆိုတယ်။
မြန်မာနိုင်ငံမှာကတော့ တက္ကသိုလ်ဝင်တန်း နဲ့ အမှတ်ကိုဖြတ်ချပြီးမှ
ဆရာဝန်ဖြစ်နိုင်တာဆိုတော့ဂုဏ်ထူးများမှ စိတ်ချရတဲ့သေ ဘာ ရှိနေပါတယ်။
ဗိသုကာ
ဗိသုကာတစ်ယောက်ရဲ့ တစ်နှစ်ပျမ်းမျှ ဝင်ငွေဟာ စတာလင်ပေါင် ၃၉၇၅၁
ရှိတယ်လို့ဆိုပါတယ်။ ဗိသုကာ တစ်ယောက်ဖြစ်ဖို့ အနည်းဆုံး ၇ နှစ်လောက်
ပညာသင်ရတယ်။ BArch သို့မဟုတ် DipArch ဘွဲ့ရမှ မဟုတ်ရင်ရပ်တည်ဖို့မလွယ်ပါဘူး။ ဒါတောင်အရည်အချင်းကစကားပြောပါတယ်။ ကျော်ကြားရင်ကျော် ကြားသလောက် ဘ၀အတွက်အာမခံချက်ရှိတာကြောင့်လည်း ရင်းနှီးသူတွေ
ဒုနဲ့ဒေးရှိတယ်လို့ သိရပါတယ်။
အင်ဂျင်နီယာ
အင်ဂျင်နီယာဆိုတဲ့နေရာမှာ လိုင်းစုံကိုပြောတာပါ။ တစ်နှစ်ပျမ်းမျှလစာ
စတာလင်ပေါင် ၃၉၅၂၈ လောက် ရတယ်။ မြို့ပြ၊ လျှပ်စစ်၊ ဆောက်လုပ်ရေး
အားလုံးပါတယ်။ နာနိုခေတ်ဖြစ်လာတော့ နာနိုနည်းပညာ ဆိုင် ရာအင်ဂျင်နီယာတွေလည်း ရေပန်းစားတယ်။ဟိုက်ဒြို အီလက်ထရောနစ်ဆည်တည်ဆောက်ရေးစနစ်တွေ ကလည်း မြို့ပြအင်ဂျင်နီယာတွေအတွက် စိန်ခေါ်စရာဖြစ်လာတယ်။နေ့စဉ်ဘ၀မှာလည်းမြက်ခင်းကိုပြုပြင် ထိန်းသိမ်းတဲ့နေရာကအစ
အဝတ်လျှော်စက်ပြုပြင်တဲ့အဆုံး အင်ဂျင်နီယာတွေ၊ စက်မှုလက်မှုပညာရှင်တွေ ရဲ့အခန်းကဏ္ဍက အရေးအပါဆုံးဖြစ်နေတာကြောင့်အင်ဂျင်နီယာအလုပ်လည်း လူကြိုက်အများဆုံးဖြစ် လာ ရပါတယ်။ ကွန်ပျူတာလောကမှာဆိုရင် လည်းဆော့ဖ်ဝဲအင်ဂျင်နီယာဆိုသူတွေက အရေးအပါဆုံးဖြစ်နေ ပါသေးတယ်။
ဓာတုဗေဒနှင့် စွမ်းအင်အင်ဂျင်နီယာ
အင်ဂျင်နီယာနဲ့သိပ္ပံဘွဲ့တွေကတော့ထိပ်ဆုံးမှာ လူကြိုက်အများဆုံးဘွဲ့တွေဖြစ်နေပါသေးတယ်။ လက်ရှိ အမေရိကန်မှာလည်း သိပ္ပံနဲ့နည်းပညာကော်မတီက
ဒီပညာရပ်တွေကိုပဲ အဓိကဦးစားပေးသင်ကြားပေး ရန်နဲ့ ဒီဘာသာရပ်ဘွဲ့ရတွေကို
နေရာပေးရန်ဆိုတဲ့ စီမံချက်တွေကိုရေးဆွဲပြီး အကောင်အထည်ဖော်နေ ကြတယ်။ သူတို့အလေးထားပုံကတော့ “အလျှင် အမြန်၊ ချက်ချင်း” အဆင့်လို့တောင်
သတ်မှတ်ထားတယ် လို့ဆိုတယ်။ ဓာတုအင်ဂျင်နီယာဆိုတာက စွမ်းအင်နဲ့လောင်စာ
အရေးပါနေတဲ့ခေတ်မှာ အလုပ်မရှားပါဘူး။ တစ်နှစ်ကို ပေါင်စတာလင် ၃၈၅၃၈
လောက်ရတယ် ဆိုတာကြည့်ရင် အရေးပါပုံကို သိနိုင်ပါတယ်။
တောင်အာရှ ဘာသာရပ်လေ့လာခြင်း
ကမ္ဘာ့ဘာသာရပ်တစ်ခုအနေနဲ့ အိန္ဒိယနဲ့ တောင်အာရှဒေသ များ စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာ ရန်ဆိုတာပိုပြီးအရေးပါလာတယ်။ဒါကြောင့်တောင် အာရှဘာသာစကားတွေကို ကျွမ်းကျင်စွာတတ်မြောက် သူတွေ အလုပ်မရှားဖြစ်လာတယ်။ ဘာသာဗေဒဆိုင်ရာ သဘော၊ တည်ဆောက်ပုံ၊ သဒ္ဒါအသုံးအနှုန်းလေ့ လာခြင်းတွေအပြင် ဒေသဆိုင်ရာယဉ်ကျေးမှု၊စာပေ၊ အနုပညာတတ် ကျွမ်းသူတွေ
နေရာရလာ ကြပါ တယ်။ အရှေ့တောင်အာရှ ကျွမ်းကျင်သူဆိုတဲ့ ရာထူးတွေကို
ပိုင်ဆိုင် ထားသူတွေ တစ်နှစ်ကို လစာ စတာလင် ပေါင် ၃၈၅၁၆
လောက်ရတာတွေ့ရပါတယ်။
ဓာတ်သတ္တု နည်းပညာကျွမ်းကျင်
ဓာတ်သတ္တုနဲ့သဘာဝဓာတ်ငွေ့တူးဖော်ရေးကိုအထူးပြုယူထားသူတွေရဲ့၃၃ရာခိုင်နှုန်းလောက်ဟာကျောင်း ပြီးတာနဲ့အလုပ်ရတယ်လို့ သိရပါတယ်။
ဒီလုပ်ငန်းတွေမှာ အကြံပေးနိုင်သူတွေ သို့မဟုတ်ကျွမ်းကျင်ပညာ ရှင်တွေဖြစ်လာရင် တစ်နှစ်ကို ပေါင်စတာလင် ၃၇၁၃၉ လောက်ရတယ်လို့သိရတယ်။ဒီလောကမှာအမြင့် ဆုံးလစာကို ပိုင်ဆိုင်ထားတဲ့ ပညာရှင်တစ်ယောက်ဆိုရင် တစ်နှစ်လစာ
စတာလင်ပေါင် ၄၂၃၀၅ လောက် ရရှိတယ်လို့ဆိုပါတယ်။
ထုတ်လုပ်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်
ထုတ်လုပ်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်ဆိုတာက လုပ်သားအင်အားစီမံခွဲဝေနိုင်မှု၊ အလုပ်ရှင်၊အလုပ်သမား
စေ့စပ်ညှိနှိုင်းရေးကျွမ်းကျင်သူ၊ ဝန်ထမ်းနေရာချထားရေးလုပ်ငန်းတွေမှာ ကျွမ်းကျင်သူတွေ ဖြစ်ရပါလိမ့် မယ်။သူ့သက်ဆိုင်ရာစီမံခန့်ခွဲရေးဘာသာရပ်ဆိုင်ရာဘွဲ့တွေရရှိထားဖို့လိုပါတယ်။ကျွမ်းကျင်စီမံခန့်ခွဲသူတွေ ဟာ တစ်နှစ်ကို ပေါင်စတာလင် ၃၇၁၃၉ လောက် ရရှိကြပါတယ်။
စေ့စပ်ညှိနှိုင်းရေးကျွမ်းကျင်သူ၊ ဝန်ထမ်းနေရာချထားရေးလုပ်ငန်းတွေမှာ ကျွမ်းကျင်သူတွေ ဖြစ်ရပါလိမ့် မယ်။သူ့သက်ဆိုင်ရာစီမံခန့်ခွဲရေးဘာသာရပ်ဆိုင်ရာဘွဲ့တွေရရှိထားဖို့လိုပါတယ်။ကျွမ်းကျင်စီမံခန့်ခွဲသူတွေ ဟာ တစ်နှစ်ကို ပေါင်စတာလင် ၃၇၁၃၉ လောက် ရရှိကြပါတယ်။
မြို့ပြအင်ဂျင်နီယာ
သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနဲ့ သင်္ချာဘာသာရပ်ကျွမ်းကျင်တွေဟာအထူးသဖြင့်
STEM (science, technology, engineering, maths) လို့သူတို့နိုင်ငံတွေမှာ
အမွှမ်းတင်ထားတဲ့ ဘာသာရပ်တွေမှာ ဘွဲ့ရ ထားသူတွေဟာ ရွှေမရှား၊
ငွေမရှားဖြစ်နိုင်ပါတယ်။ မြို့ပြအင်ဂျင်နီယာတွေကို မြို့ကြီးပြကြီးတွေမှာ
အလွန်လို အပ်နေပါတယ်။ တစ်နှစ်ကို ပေါင်စတာလင် ၃၆၉၀၄ လောက်ရကြပါတယ်။
လုပ်ငန်း အကောင် အထည်ဖော်ရေး ကျွမ်းကျင်ပညာရှင်
သူတို့ဆီမှာတော့ operational research လို့ခေါ်ပါတယ်။
လုပ်ငန်းတစ်ခုလုပ်ဆောင်ရန်အတွက် အဆုံး အဖြတ်ပေးနိုင်သူများလို့
လန်ကက်စတာတက္ကသိုလ် စီမံခန့်ခွဲရေး ကျောင်းကတော့ အဓိပ္ပာယ်ဖွင့်ပါတယ်။
စီးပွားရေးဆိုင်ရာဘွဲ့တစ်ခုခုကိုရရှိထားပြီးလုပ်ငန်းနယ်ပယ်၊ဈေးကွက်စတာတွေကိုဝေဖန်သုံးသပ်ဆုံးဖြတ်နိုင် စွမ်းရှိပြီးလုပ်ငန်းအပေါ်များစွာအထောက်အကူပြုနိုင်သူတွေလို့သတ်မှတ်ထားခြင်းခံရပါတယ်။တစ်နှစ်ကိုပေါင် စတာလင် ၃၆၅၄၀ လောက်ရပါတယ်။
ဂျပန်ဘာသာကျွမ်းကျင်သူ
ဂျပန်ဘာသာဟာ နိုင်ငံခြားဘာသာ လေ့လာသူတွေစာရင်းမှာ ထိပ်တန်း၁၀
ဘာသာစာရင်းဝင်ဖြစ်လာပါပြီ ။ဂျပန်ဘာသာစကားနဲ့ ယဉ်ကျေးမှု၊အနုပညာကိုလေ့လာသူတွေ များလာတဲ့အလျောက် ဂျပန်ဘာသာကို သင်ကြားပေးနိုင်သူတွေ
တစ်နှစ်လစာ စတာလင်ပေါင် ၃၆၄၃၇ လောက်ရနိုင်ကြောင်း သိရပါတယ်။ ဘွဲ့ရ
တဲ့အချိန်ကနေ အသက် ၆၅ နှစ်လောက်အထိ ဂျပန်စာပေ၊ ယဉ်ကျေးမှု၊ အနုပညာတွေကို
သင်ကြားပေးတဲ့ ဆရာအဖြစ်ရပ်တည်နိုင်တာကြောင့်ဝင်ငွေကောင်းပြီးဘ၀အတွက်ပါ
အာမခံချက်ရှိတယ်လို့ပြောနိုင်ပါတယ်။
ဂျပန်မှာတော့ ဥပဒေဘွဲ့ရတွေဟာ အမှတ်စဉ် ၃၇ လောက်ချိတ်ပါတယ်။ ဘွဲ့ရပြီးရင် အလုပ်အများဆုံး ရနိုင်တဲ့ဘွဲ့ကလည်း ရှေ့နေအလုပ်ဖြစ်နေပါတယ်။၄၆
ရာခိုင်နှုန်းလောက်ရတယ်လို့ ဆိုပါတယ်။
မှတ်ချက်
အထက်ပါစာရင်းဇယားများကို ထုတ်ပြန်နိုင်ရန်အတွက် HESA (Higher Education Statistics Agency) မှ ဘွဲ့ရ ကျောင်းထွက်သွားသူ ၁ ဒသမ ၅ သန်းကို မေးခွန်းများ မေးမြန်းပြီး စာရင်းပြုစုခဲ့ခြင်းဖြစ်ပါသည်။ ဤလုပ်ငန်းအတွက် မေးမြန်းဆောင်ရွက်သူ ၅၃ ဦးကို ခန့်ထားပြီး ဘွဲ့ရသည်မှ အသက် ၆၅ နှစ်အတွင်း လေ့လာချက်အရ ပြုစုထားသည့် ရလဒ်များဖြစ်ကြောင်း သိရသည်။ အချက်အလက်များကို http://www.bestcourse4me.com/ တွင် အသေးစိတ် လေ့လာကြည့်ရှုနိုင်ပါသည်။
မှတ်ချက်
အထက်ပါစာရင်းဇယားများကို ထုတ်ပြန်နိုင်ရန်အတွက် HESA (Higher Education Statistics Agency) မှ ဘွဲ့ရ ကျောင်းထွက်သွားသူ ၁ ဒသမ ၅ သန်းကို မေးခွန်းများ မေးမြန်းပြီး စာရင်းပြုစုခဲ့ခြင်းဖြစ်ပါသည်။ ဤလုပ်ငန်းအတွက် မေးမြန်းဆောင်ရွက်သူ ၅၃ ဦးကို ခန့်ထားပြီး ဘွဲ့ရသည်မှ အသက် ၆၅ နှစ်အတွင်း လေ့လာချက်အရ ပြုစုထားသည့် ရလဒ်များဖြစ်ကြောင်း သိရသည်။ အချက်အလက်များကို http://www.bestcourse4me.com/ တွင် အသေးစိတ် လေ့လာကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment