Friday, November 16, 2012
0
 
 ကေအိုင်အေမှစစ်ရေးပြနေသောစစ်သမီးများ
ကေအိုင်အိုတွင် စစ်သမီးဦးရေစာရင်းကောက်ခံထားမှုကို အတိအကျမလုပ်ထားရသေးသော်လည်းကေအိုင် အိုအရာရှိများ၏ ပြောဆိုချက်အရ စစ်မှုထမ်း (၁၀၀)ရာခိုင်နှုန်းတွင် (၁၀)ရာခိုင်နှုန်းမူ စစ်သမီးများဖြစ်ေ ကြာင်းသိရသည်။KIOအဖွဲ့ကို၁၉၆၁ခုနှစ်ဖေဖော်ဝါရီ (၅)ရက်နေ့တွင် ကချင်ကျောင်းသားခေါင်းဆောင်ဇော် တူးနှင့် ဇော်ဆိုင်းတို့နှစ်ဦးက စတင်ဖွဲ့စည်းကာ ကချင်တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးကို စတင်ခဲ့ခြင်းဖြစ်သည်။

KIO ပုလိပ်တပ်မှ ကချင်စစ်သမီး(အမျိုးသမီး)တို့၏ လုပ်ဆောင်ချက် ရင့်ဖွင့်သံများနှင့် အမြင်များ
(သူတို့ပြောသော သူတို့အကြောင်း)

“ကျွန်တော်က ၂၀၀၉ ခုနှစ် ၅ လပိုင်း ၁၄ ရက်နေ့က လိုင်ဇာပုလိပ်ရုံးဌာနချုပ်ကို ရောက်ခဲ့တာပါ။ ဒီပုလိပ် တပ်ကို ကျွန်တော်ရောက်တာက ကိုယ့်သဘောနဲ့ ကိုယ်ဝင်တာမဟုတ်ပါဘူး။”လို့အသက်(၂၄) နှစ်အရွယ် KIOမှ အမျိုးသမီး စစ်သမီးတစ်ဦးက စကားစသည်။

အနော(ပုလိပ်တပ်ကြပ်ကြီး)
KIO တပ်မဟာ(၃)

ကချင်လွတ်မြောက်ရေးအဖွဲ့၌ အမျိုးသမီးစစ်သမီးများတာဝန်ထမ်းဆောင်နေရပုံ၊ တာဝန်ထမ်းဆောင်မှု အခြေအနေနဲ့ ၄င်းတို့ဖြတ်သန်းခဲ့ရသည့် ဘ၀များနှင့်ပတ်သက်၍ သူမကဆက်ပြောသည်။

ကျွန်တော်တို့ မောင်နှမ (၅) ယောက်ရှိတယ်လေ။ အိမ်မှာအရမ်းခက်ခဲတာ။ ခက်လို့၁၀တန်းရောက်တော့ ကျွန်တော် ကျောင်းမတက်နိုင်တော့ဘူး။ အမေမုဆိုးမကလည်း ဘုရားအမှုဆောင်သင်းထောက်ဆိုတော့ ပိုက်ဆံမရှိဘူးလေ။ ပိုက်ဆံရှာမယ်ဆိုပြီးကျွန်တော်နေ့စားလုပ်တယ်။အဲ့တာလည်းအဆင်မပြေဘူး။နောက် ရှဂမ်ပါမှာ အလုပ်လုပ်ဖို့ခေါ်တာပေါ့။ အဲ့တာနဲ့ အလုပ်လုပ်မယ်ဆိုပြီးသွားတာ။ဂါးရာယန်မှာ အလုပ်ရှင်တွေ ကလာကြိုတယ်။ နောက်လိုင်ဇာမှာရှိတဲ့ ပုလိပ်တပ်ရုံးချုပ်ကို ရောက်မှ ကိုယ်ကစစ်သားစုဆောင်း ခံရမှန်း သိတာ။ ထွက်ပြေးမယ်လို့အကြိမ်ကြိမ် စိတ်ကူးခဲ့တယ်။ ကိုယ့်ကိုဖမ်းခေါ်လာတဲ့ သူကိုလည်းအကြာကြီးပဲ စ ကားမပြောဘူး။

အမျိုးသမီးခေါင်းဆောင်

အဲ့ဒီရောက်တော့ စစ်သင်တန်း(၃)လသင်တန်းယူတယ်။ ပြီးဗဟိုပုလိပ်ရုံးမှာတာဝန်ကျတယ်။ အမျိုးသမီးအ ဖွဲ့ရဲ့ အတွင်းရေးမှူးခန့်အပ်ခံရတယ်။ သင်တန်းမှာ အမျိုးသမီး (၁၀) ဦး၊ ယောက်ကျား (၄၈) ဦး အား လုံးေ ပါင်း(၅၈)ယောက်ရှိတယ်။နောက်စစ်ကျောင်းတက်တယ်။ကျောင်းပြီးတော့အမျိုးသမီးတွေရဲ့ခေါင်းဆောင်ဖြစ် လာတယ် ။ပုလိပ်ရုံးမှာက ဒူအင်ဂျန်းယောနှင့် ဒူခေါန်ဘူတို့ ရှိတယ်။ အဲ့ဒီအောက်မှာကိုယ်ပဲ။

တစ်နှစ်ပြည့်ပြီး ၂၀၁၁ ခုနှစ် အောက်တိုဘာလမှာ ကျောင်းသားအသစ် ပုလိပ်တွေရောက်လာတယ်။ သူ တို့ကိုကြည့်ဖို့ ကျွန်တော်လိုင်စင်ကို တာဝန်ကျတယ်။ (၄)လ လောက် နီးပါးတာဝန်ကျတယ်။ တပ်ကြပ်ရာ ထူးတက်တယ်။ ကျွန်တော်ဝမ်းသာတယ်။ ကျွန်တော့်လိုမျိုးကို ဘုရားကကြည့်ပါလားပေါ့။ ဘာလုပ်လုပ်ဆုေ တာင်းတယ်။ နောက်တပ်ကြပ်ကြီး အဆင့်ထိရောက်လာတာ အမေ့ကိုသတိရတယ်။ ကျွန်တော်အမြဲတွေး တယ်သူရဲကောင်းကြီးတစ်ဦးဖြစ်အောင်..။ ပုလိပ်ရဲကြီးဖြစ်အောင်လုပ်မယ်။ ရည်ရွယ်တယ်။

စစ်သမီး ဖြစ်လာတော့ …………….

စစ်ဆေးရတယ်။ ကျွန်တော့်ကို တစ်ချို့လည်းအမြင်မကြည်ကြဘူး။ ပုလိပ်၊ ပုလိပ်ဆိုတဲ့ စကားလုံးကိုလည်း မလိုလားဘူး။ မကြိုက်ဘူး။ ကျွန်တော်က လူတွေကို ဂိတ်မှာ စစ်ဆေးတယ်။ ရိုက်တယ်ဆိုတာလည်း ကိုယ်ေ တွ့ ကြိုက် လို့ လုပ်တာ မဟုတ်ဘူး။ အထက်က ခိုင်းရင်တော့ လုပ်ရမှာပဲ။

ဘိန်းတွေ တွေ့ပြီးအချုပ်ထဲမှာထည့်တယ်။ ထည့်ပြီးတာနဲ့ကိုယ်ကတောင်းပန်တယ်။ စိတ်မကောင်းဘူးလေ။ ဒါကတာဝန်အရပဲ။ မနှစ်တုန်းက ဘိန်းနဲ့ပတ်သက်ပြီး လူတော်တော်များများကို အရမ်းရိုက်လိုက်မိတယ်။ လက်ရောက်တဲ့သူတွေကိုအားလုံးကိုတောင်းပန်တယ်။ အချုပ်ထဲထည့်လိုက်ရင်လည်း သူတို့နေမကောင်း ရင်ကိုယ်ကဆေးဝါးဝယ်ပေးပါတယ်။လူတွေက ပုလိပ်ဆိုမကြိုက်ကြဘူး။ မကောင်းတာ တစ်ခုခုဆိုပုလိပ်၊ ပု လိပ်ပဲ။ စိတ်အားငယ်လာတယ်။

KIO မှာလည်း အထက်လူကြီး လာတိုင်း ……………….

လာလာဆူဆူ။ဒါတောင်ကိုယ့်ဘက်ကလူကြီးမဟုတ်ဘူး။အဲ့တာစဉ်းစားရင်စိတ်ပျက်တယ်။တစ်ခါတစ်လေေ တာ့ စစ်သမီးမလုပ်ချင်တာတွေ ဖြစ်လာတယ်။ စိတ်အားငယ်တယ်။ ဘာဖြစ်လို့ပုလိပ်က ခွဲခြားဆက်ဆံတာ လဲ။ ပုလိပ်ဆိုတာလည်း စစ်သင်တန်းတက်ပြီးမှဖြစ်လာတာပဲ။ ကချင်လွတ်မြောက်ရေးအဖွဲ့ကပုလိပ်ပဲ။

အမြဲခွဲခြားထားတော့။ ပုလိပ်တာဝန်ထမ်းဆောင်နေတဲ့လူကြီး၊ လူငယ်၊ အားလုံးက ကိုယ့်လို စိတ်ရှိပြီးခံစား ရမယ်လို့ထင်တယ်။ရုံးဝန်ထမ်းချင်းချင်းတွေက မနာလိုတာမျိုးတွေတော့မရှိဘူး။ ကျွန်တော့်ကိုတော့ လူချစ် လူခင်ပေါတယ်။ အာကုန်လုံးကခင်ကြတယ်။ ကျွန်တော့်ကိုစစ်တပ်ထဲမှာကြိုက်တဲ့လူလည်း အများကြီးရှိ တယ်။ မိန်းကလေးတွေကလည်း ချစ်ကြတာရှိတယ်။ ကျွန်တော့်ကိုကြိုက်ကြတာ..။ ကျွန်တော်သိတယ်ေ လ။ ကိုယ့်ကဘာလဲဆိုတာသိတယ်။ ကိုယ်ကမိန်းကလေးလေ။ ဒါပေမယ့်ကျွန်တော်စတိုင်က ယောက်ကျား လိုပဲ။ ကျွန်တော့် အသံကအစ ယောက်ကျားအသံဖြစ်နေတာ..။

စစ်သားဆိုတော့ ပိုက်ဆံမရှိရင်အာဏာလိုလာတယ်
အရမ်းခက်ခဲတဲ့ချိန်တွေက ကိုယ့်အတွက် အဖော်လိုဖြစ်လာတယ်။ ပြီးတဲ့လဆို ဆပ်ပြာတောင် မသုံးနိုင်ဘူး။ ကျွန်တော် ထွက်ပြေးချင်တယ်။ စီနီယာအစ်မတစ်ယောက်ပြောတာကတော့ ကျွန်တော်တို့စစ်သားဆိုက တည်းကပိုက်ဆံမရှိရင်လည်း အာဏာရဖို့လိုတယ်။ ဒါကိုကျွန်တော်ခံယူပါတယ်။ ဟုတ်ပါတယ်.. ကျွန်တော် က ကချင်တိုင်းရင်းသားတစ်ဦးပဲ ထွက်ပြေးရင် တာဝန်မကျေရာရောက်မှာပေါ့။ ကျွန်တော်အခု ဆုံးဖြတ် လိုက်ပါပြီ ပန်းတိုင်ထိရောက်အောင်ကြိုးစားသွားမယ်။ ခက်ခဲတာကိုကျော်ဖြတ်မှပျော်တာကို ခံစားရမယ် ဆိုတာ ခံယူတယ်။တာဝန်ထမ်းဆောင်နေချိန်မှာ အပျော်ဆုံးချိန်က ရာထူးတိုးတဲ့အချိန်ပဲ..။ စစ်သားဆိုတာ က ရာထူးတိုးချိန် မှာပဲ ပျော်တာ.. တစ်ခြားချိန် ပျော်တာ မရှိဘူး။

တပ်မဟာ (၃) မှာ ……………..

ဆမားမှာတာဝန်ကြတယ်။ (၃ - ၄) လကြာတယ်။ တကယ့် စစ်တိုက်တဲ့ရှေ့တော့ မသွားရပါဘူး။ မသွား ခိုင်းလို့ပေါ့။ သွားခိုင်းရင်တော့သွားမှာပေါ့။ တစ်ချို့ကတော့မျိုးချစ်စိတ်သိပ် မရှိကြဘူးထင်တယ်။ ခုဒီပုလိပ် တပ်မှာ မိန်းကလေး (၄) ယောက်ပဲရှိတယ်။

ခုဆို Corporal နှစ်ခုကပ်တာနှစ်ယောက်။ နှစ်ရစ်ကနှစ်ယောက်ပေါ့။ ပုလိပ်အားကုန်လုံးပေါင်းက(၃၀၀ ) လာက်တော့ရှိမယ်။ဒီမှာကလူသိပ်မရှိတော့ဘူး။ဒီတပ်မဟာ(၃)ဌာနချုပ်မှာအားလုံး(၄၀)ကျော်လောက်တော့ ရှိတယ်။ကျွန်တော် တာဝန်ထမ်းဆောင်တာလည်း (၄) နှစ်ရှိပြီ။ ကျွန်တော့်ပန်းတိုင်ဆိုတာက ကျွန်တော် သွားရမယ့် ခရီးအဆုံးထိ ကြိုးစားသွားမယ်လို့ အနော က ပြောခဲ့ ပါတယ်။

ဆက်လက်၍ KIO တွင် စစ်မှုထမ်းဟောင်းအမျိုးသမီး ခေါန်တောင်လည်း သူမ၏ သူငယ်ချင်း (၅)ဦးနှင့် အတူ ကေအိုင်အိုထဲ ဝင်ရောက်ခဲ့ပုံ၊ သူမမိဘများနှင့် အသက်(၁၅)နှစ်စတင်ခွဲခွာစဉ်မှ လက်ရှိအသက် (၆၀ )ကျော်အထိ တစ်ကြိမ်တစ်ခါမှ မဆုံတွေ့ဘူးကြောင်း ပောရင်း သူမ၏ အတွေ့အကြုံများအား ယခုကဲ့သို့ ဆိုသည်။

-----------------------------------------------------------------------------------------

ခေါန်တောင် (ရှေ့တန်း ဆေးဆရာမ)
စစ်မှုထမ်းဟောင်းအမျိုးသမီး

ကချင်လွတ်မြောက်ရေးတပ်မတော်မှဆေးဆရာမတစ်ဦး
၁၉၆၁ခုနှစ်တွင် KIOသည် ကချင်တိုင်းရင်းသားလူမျိုးစုများ၏ ရပိုင်ခွင့်အခွင့်အရေးများအတွက် လက်နက် ကိုင်အဖွဲ့တစ်ခုဖြစ်လာခဲ့သည်။ ကချင်လူငယ်အများစုစည်းကာ ကေအိုင်အိုကိုဖွဲ့စည်းခဲပြီး ထိုအဖွဲ့တွင် ဆ ယ့်ကျော်သက်မိန်းမပျိုလေးများဟာ စစ်တပ်ထဲကို မည်သူတစ်ဦးတစ်ယောက်၏ တွန်းပို့မှုမပါဘဲ စစ်တပ်ထဲ ဝင်ရောက်လာခဲ့သည်။

“ဟေ့ တောမှာကချင်လူမျိုးတွေအတွက် တိုက်ပွဲဝင်နေတဲ့ ကချင်တောခိုတဲ့အဖွဲ့ရှိတယ်”ဟု ကချင်လူမျိုးစု ကြားမှာသဲသဲပြောဆိုသံတွေ ထွက်ပေါ်နေသည်။ရှမ်းပြည်နယ် မြောက်ပိုင်း မရန်းကျေးရွာတွင်နေထိုင်နေ သည့် အသက်(၁၅)နှစ်အရွယ် ကျောင်းသူမလေးကလည်း တပ်ထဲဝင်ရောက်ခဲ့သည်။

ငယ်ရွယ်ဖျက်လတ်သည့်သူမဟာ ကေအိုင်အိုအဖွဲ့ထဲ ဝင်ရောက်ခဲ့သည့်အချိန်တွင် ပညာမပြည့်စုံသေးပေ။ ထိုအဖြစ်ကို တွေးမိတိုင်း စိတ်ထိခိုက်ဝမ်းနည်းကြောင်းသူမကပြောသည်။ လွတ်မြောက်နယ်မြေအဖွဲ့ (ကေ အိုင်အို)မှလည်း သူမတို့အားအသက်အလွန်အမင်းငယ်သေးသဖြင့် ပညာဆက်သင်ဖို့အိမ်ပြန်ရန်ဖျောင်ြ ဖသော်လည်း သူမနှင့်သူငယ်ချင်းများ၏ ဆုံးဖြတ်ချက်ကိုမှု ပြန်မပြင်ခဲ့ပေ။

“ကေအိုင်အိုထဲ ရောက်တော့ သေနတ်ကိုင်ရတယ်။ ငါတို့မိန်းကလေးတွေကိုစတန်းဆိုတဲ့ သေနတ်ပေးကိုင် ကြတယ်။ သေနတ်ကတိုတယ်။ ဒီပခုံးမှာလွယ်ထားလို့ရှိရင် အရမ်းစတိုင်ကျတယ်။ အဲဒီသေနတ် အရမ်းလှ တဲ့ သေနတ်လေးပေါ့” ဟု သူမ အပြုံးချိုချို ပီတိဖြင့် ပြောသည်။
 ကေအိုင်အေမှစစ်သမီးသေနတ်ပစ်လေ့ကျင့်နေပုံ
တစ်ကြိမ်မှာတော့ အထက်အမိန့်အရ ရှမ်းပြည်နယ်၊ မြောက်ပိုင်း ဂင်ရောရွာမှ ဂိုင်ဒေါရွာသို့ လျှို့ဝှက်စာပို့ ရန်သူငယ်းချင်းတစ်ဦးနှင့်ခရီးဆက်ခဲ့ကြသည်။ ငါးတောင်ဟုခေါ်သည့် လွယ်ဖျပ်တောင်အရောက်တွင် သေ နတ်ပစ်ခက်သံ ဆက်တိုက်ထွက်ပေါ်လာတော့သည်။ကျည်ဆံတစ်ထောင့် သူငယ်ချင်းထံတည့်တည့်တိုးဝင် လာသည်။

သူမကြောက်လှန့်တကြား ခြေဦးတည့်ရာ ခြေလှမ်းကျဲကျဲဖြင့်တောအုပ်ထဲမှ ပြေးလွှားနေခဲ့သည်။ သူစိတ် ထဲမှာ တစ်ခုပဲတွေးနေမိတယ်။ “ငါ့သူငယ်ချင်းဆုံးပြီ”ဟုသာ တစ်လမ်းလုံးအသိစိတ်တစ်ခုလုံး ထိတ်လန့်စိုး ထိတ်မှုကလွဲ၍သူမဘာမှမသိတော့ချေ။

သူမပြေးလွားရာမှ သတိရလာချိန်တွင်ညဦးယံဖြစ်နေပါပြီ။ သူမတစ်ညလုံးအိပ်မပျော်ခဲ့။ သူ့စိတ်ထဲမှာ သူ ငယ်ချင်းတွေကို တွေးနေမိသည်။ နံနက်ဝေလီဝေလင်းချိန် သူငယ်ချင်းကိုရှာဖို့ သူထလိုက်သည်။

“ငါ့သူငယ်ချင်း သေနေလို့ရှိရင် ငါဘယ်လိုလုပ်မလဲ။ ကျွန်မအရူးတစ်ပိုင်းလိုပဲ ခံစားနေရတယ်။ ”ဟု သူ မ ပြန်ပြောင်း ပြောပြနေသည်။

သူငယ်ချင်းသည် စမ်းချောင်းနံဘေးသွေးများနှင့်လှဲနေသည်။ မျက်နှာဖြူရော်ဖျော့တော့နေသည့် သူငယ် ချင်းအားသူပြေးပွေ့လိုက်ကာ စကားတစ်ခွန်းမျှဖြင့် ခွန်အားပေးနေတော့ သည်။ ``သူငယ်ချင်းအားတင်း ထားပါ။ နင်မသေရဘူး”ဟု သူမတသွက်သွက်ပြောနေမိသည်။ကျည်ဆံကသူငယ်ချင်း၏ ဘယ်ဘက်ရင် အုပ်ပေါ်မှာ.. ။

သူမချက်ခြင်းထလိုက်ကာ ဂင်ရောဘွမ် သို့ နောက်ပြန်ဆုတ်ပြီး အထက်အရာရှိများနှင့်အတူ သူငယ်ချင်းကို သယ်ယူဆေးကုသမှ သူငယ်ချင်းမှာ အသက်ဆက်ခဲ့ရသည်။ ဒါကသူမအတွက် ပထမဦးဆုံးရန်သူနှင့် ထိပ် တိုက်တွေ့ဆုံလိုက်ရခြင်း ဖြစ်သည်။ စစ်မှုထမ်းသက်ကြာလာပြီးနောက်ပိုင်းတော့ သူမထိန့်လန့်ကြောက် လန့်မှုနှင့်အတူ စစ်တွင်မွေ့လျော်ကာတာဝန်ကျေပွန်သည့် ရှေ့တန်းဆေးဆရာမဖြစ်လာခဲ့သည်။ (၈) နှစ် ကြာရှေ့တန်းစစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့သော်လည်း သူမတွင်ရာထူးမရှိခဲ့ပေ။

ခုတော့ အသက်(၆၀)ကျော်အဘွားခေါန်တောင်သည် လိုင်ဇာမြို့မှာပင်ဘုရားအမှုဆောင် သင်းထောက် တာဝန်ယူကာ အသင်းသူအသင်းများအိမ်တွင် လိုက်လံဆုတောင်းသည့် အလုပ်များနေပါတော့သည်။

ကေအိုင်အိုအတွင် ပထမဆုံး ၀င်ရောက်တာဝန်ထမ်းဆောင်ခဲ့သည့် အမျိုးသမီး စစ်သမီးများမှာ-

- ထွယ်ဘူ (Htoi Bu)၊ ပရီထန် (PriHtam)၊ နန်ဆိုင်း (Nang Seng)၊ ဂျာနူး( Ja Nu)

- ဒွမ်ဒေါ့ခေါန် (DumdawHkawn)၊ ဆိုင်းတောင် (SengTawng)၊ မခေါကိုင် (Mahkaw Kai)

- ရွယ်နူး (Roi Nu)၊ ဂျော်တိန်း (Jaw Ting) တို့ဖြစ်ကြောင်း သိရသည်။

၁၉၆၃ခုနှစ်တွင် စစ်သမီး စုစုပေါင်းအယောက် (၅၀)ခန့် က တာဝန်ထမ်းဆောင်ရန် တစ်ဖက်တစ်လှမ်းမှ ပါဝင်ခဲ့ကြောင်းသိရသည်။၁၉၆၈ခုနှစ်မူ ကချင်လွတ်မြောက်ရေးအဖွဲ့မှ ပထမဦးဆုံးအမျိုးသမီးစစ်သင်တန်း (WAC- Women Army Cord)အားအမျိုးသမီး (၁၀)ဦးကျော် ဖြင့် စတင်ခဲ့သည်။ စစ်တပ်တွင် အမျိုးသမီး များသည် အမျိုးသားနှင့်တန်းတူပါဝင်ကြိုးပမ်း တာဝန်ထမ်းဆောင်ခဲ့ရသော်လည်း ရာထူးတိုးမြင့်မှုတွင် အ ခွင့်အလမ်း နည်းပါးခဲ့သည်။

စစ်သမီးများ၏ ရာထူး

လက်ရှိကေအိုင်အိုတွင် အမြင့်ဆုံးရာထူးအနေဖြင့် (၃) ပွင့်အဖြစ် လဖိုင်တောင်နူး (LahpaiTawng Nu)၊ မရူကော့လိန်(Moiru Kaw Ling)တို့ဖြစ်သည်။စစ်သမီးများသည်ကေအိုင်အိုအဖွဲ့၏aဆးရုံများနှင့်ရှေ့တန်းေ ဆးကုသမှုအပိုင်း၊ စစ်ဒုက္ခသည်များကူညီရေး၊ လူ့အခွင့်အရေးဌာနဆိုင်ရာ၊ လုံခြုံရေး၊ ယဉ်ကျေးမှုဌာနများ တွင်တာဝန်ထမ်းဆောင်ရသည်။ ထို့ပြင် ကေအိုင်အိုဌာနချုပ်၏ အနောက်တန်းလုံခြုံရေးကိုလည်း တာဝန် ယူထားရခြင်းဖြစ်သည်။ယခင်အပစ်အခတ်မရပ်စဲမှီ ကာလတိုက်ပွဲတွင် ဗိုလ်ရုထနှင့်ဗိုလ်ထွယ်မိုင်တို့သည် စစ်စွမ်းရည်နှင့်ပြည့်စုံသည့်ထူးချွှန်ထက်မြတ်သောစစ်သမီးများဖြင့်ကျော်ကြားခဲ့သည်။

လိုင်ဇာမြို့ရှိအမျိုးသမီးရေးရာအဖွဲ့အစည်းမှ ဥက္ကဋ္ဌဖောင်ရွယ်ခေါန်ဂျာသည် ပထမဦးဆုံး စစ်သမီးသင်တန်း မှအမှတ်စဉ်နံပါတ်(၃) ဖြစ်သည်။သူမနှစ်အတော်ကြာရှေ့တန်းတွင် ဆေးဆရာမအဖြစ်တာဝန်ထမ်းဆောင် ခဲ့သော်လည်း ယခုတိုင်ရာထူးမရှိခဲ့ပေ။

“အမျိုးသမီးတွေဆိုတော့ အိမ်ထောင်ပြုရင်ဒီအမှုကနေ အနားယူလိုက်ရတာများတယ်။ အိမ်ထောင်မှုတွေနဲ့ ဆိုတော့ အမျိုးသမီးအခွင့်အရေးတွေကျဆင်းတာပေါ့၊ ကျွန်မတို့ဘက်ကတောင်းခံထားတာတော့ရှိတယ်။” ဟုဆရာမဖောင်ရွယ်ခေါန်ဂျာက ပြောသည်။အပစ်ရပ်စဲပြီး နောက်ပိုင်းစစ်သမီးများမှာ ရာထူးတိုးမြင့်သည့် အခွင့်အရေးများရရှိခဲ့သည်။

ဆေးတပ်မှပင်ဆင်ယူပြီး စစ်သမီးလဖိုင်ထုဘူနှင့်ချမ်းလွမ့်တို့မှာ ဗိုလ်မှူးအဖြစ်စစ်သမီးရာထူးအမြင့်ဆုံးရရှိခဲ့ ပြီး ဗိုလ်ကြီးအဆင့်ဖြစ် စစ်သမီးတောင်နူးတို့ ရှိခဲ့သည်။လက်ရှိအချိန်တွင် ရှေးတန်းထွက်စစ်သမီးများ ရာ ထူးတက်နှုန်းနည်းခဲ့သည့် အခြေအနေနှင့်ပတ်သက်၍ ရာထူးအာမခံချက်များ ရှိလာကြောင်း အရပ်ဖက်အုပ် ချုပ်ရေးဌာန၊ ဒု-တာဝန်ခံဆလန်က ပါဒွဲပီဆာကယခုကဲ့သို့ပြောသည်။

“ အမျိုးသမီးကနှစ်အတော်ကြာမလုပ်ကြဘူး၊ အဲတော့မပေးဖြစ်ဘူး။ တစ်ချို့ဆေးကျောင်းမှာဆို တစ်သက် လုံးလုပ်မယ်လို့ဝန်ခံဂတိပေးထားကြတယ်။ဒါပေမယ့်မလုပ်ဖြစ်ဘူး။နှစ်ရှည်လုပ်လာတဲ့စစ်သမီးတွေကလည်း ရာထူးပေးပါတယ်” ဟု ဆိုသည်။

ဆက်ပြီးအမျိုးသမီးတွေကိုခုနောက်ပိုင်းအခွင့်အရေးတွေပေးကာကျောင်းဆရာမ၊ဆေးဆရာမ၊ ဖျော်ဖြေရေး အဖွဲ့၊ ရုံးဝန်ထမ်းအဖြစ်အခွင့်အရေးပေးထားကြောင်းလည်း၎င်းက ပြောသည်။

လက်ရှိကေအိုင်အိုတပ်မဟာ(၅)ခုတွင်ဌာနအသီးသီး၊အဘက်ဘက်မှတာဝန်ထမ်းဆောင်နေသည့်အမျိုးသမီး စုစုပေါင်း(၄၀၀၀)ကျော်ခန့်ရှိပြီးစစ်သမီးမှာ(၈၀၀)ကျော်ခန့်ရှိသည်ဟုသိရသည်။ကေအိုင်အိုတွင်စစ်သမီးဦးေ ရစာရင်းကောက်ခံထားမှုကိုအတိအကျမလုပ်ထားရသေးသော်လည်းကေအိုင်အိုအရာရှိများ၏ပြောဆိုချက်အ ရ စစ်မှုထမ်း (၁၀၀)ရာခိုင်နှုန်းတွင် (၁၀)ရာခိုင်နှုန်းမူ စစ်သမီးများဖြစ်ကြောင်း သိရသည်။

KIOအဖွဲ့ကို၁၉၆၁ခုနှစ်ဖေဖော်ဝါရီ(၅)ရက်နေ့တွင်ကချင်ကျောင်းသားခေါင်းဆောင်ဇော်တူးနှင့်ဇော်ဆိုင်းတို့ နှစ်ဦးက စတင်ဖွဲ့စည်းကာကချင်တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးကို စတင်ခဲ့ခြင်းဖြစ်သည်။

0 comments: