Friday, November 16, 2012
0


ကျွန်တော်တို့တပ်မတော်မှာ လိုအပ်နေတာတခုက"ဟန်ချက်ညီညီပြောင်းလဲဖွံ့ဖြိုးမှု"ပါ။ ဟုတ်ပါတယ် ယခု လက်ရှိကျွန်တော်တို့ တပ်မတော်ဟာ အရင့်အရင်တပ်မတော်တုန်းကလို(အရင့်အရင်ဆိုတာဟိုးအဝေးကြီး BIA,BDAတပ်မတော်တွေကိုပြောနေခြင်းမဟုတ်ပါ၊ အနီးစပ်ဆုံးဖြစ်တဲ့ တရုတ်ဖြူကျူးကျော်စစ်ဖြစ်ခဲ့တုန်း ကတပ်မတော်လောက်ကိုပဲဆိုလိုခြင်းဖြစ်ပါတယ်) အဲဒီတပ်မတော်လောက်ကိုပဲပြည်သူလူထုရဲ့ကြည်ညိုမှု၊ အားကိုးမှု၊ ရင်းနှီးနွေးထွေးမှု၊ ထောက်ခံမှုတွေမရတော့တာကို မိတ်ဆွေတို့လဲတွေ့မြင်နိုင်မှာပါ။ဒါတွေဟာ-

(၁)အနောက်အုပ်စုရဲ့(ငွေကြေး၊စက်ကိရိယာ၊နည်းပညာ)ပံ့ပိုးမှုတွေအားကောင်းကောင်းနဲ့ နေ့ညဉ့်မ ပြတ်နှစ် နဲ့ချီပြီးအဆက်မပြတ်ထုတ်လွှင့်နေခဲ့တဲ့ ပြည်ပအတိုက်အခံ လေလှိုင်းဋ္ဌာနတွေရဲ့ဝါဒဖြန့် သွေးထိုးမှုတွေ ..၊ 



(၂)တစ်ထောင်သားဆိုသလို တပ်မတော်ရဲ့ စစ်သည်တွေထဲကမှ (စစ်သည်ဆိုတာအရာရှိ၊အခြားအဆင့်အ ကုန်လုံးကိုဆိုလိုပါတယ်)အချို့အချို့သောစိတ်ဓာတ်၊ ပြုမူကျင့်ကြံမှု မမှန်ကန်ဖောက်ပြန်တဲ့စစ်သည်တွေရဲ့ လုပ်ရပ်တွေကြောင့် အချို့သောပြည်သူတွေထိခိုက်ခံစားခဲ့ရတာကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ဖြစ်ရပ် ကလေးတွေ(ဒီဖြစ်ရပ်ကလေးတွေကို အထက်ပါဝါဒဖြန့်သတင်းဋ္ဌာနတွေအနေနဲ့ပုံကြီးချဲ့အခွင့်အရေးယူကြ တဲ့အလုပ်ကတော့ ကောင်းကောင်းကြီးလုပ်တတ်ကြပါတယ်.ဒါကလဲတော်တော့ကို အရေးပါ,ပါတယ် )။ 

(၃) မတတ်သာတဲ့နိုင်ငံ့အရေးအခင်းတွေမှာအဓိကတာဝန်ယူဦးဆောင်ခဲ့ရတဲ့တပ်မတော်ရဲ့ပါဝင်ခဲ့ရမှုတွေ  (အနီးစပ်ဆုံးကြည့်ရင် ရွှေဝါရောင်တော်လှန်ရေးလို့သူတို့ဘာသာနာမည်လှလှပေးထားကြတဲ့ဘုန်း ကြီးဆူ ပူမှု)။
နောက်ပြီး နောက်ဆုံးနဲ့အရေးအကြီးဆုံး အချက်တစ်ချက်ဖြစ်တဲ့... 
(၄) လူတယောက်မှာဆိုရင်"ဥပဓိရုပ်"လို့ ခေါ်ဆိုနိုင်မယ့် တပ်မတော်ရဲ့ အဘက်ဘက်က နေထိုင်မှုတွေ။
ထိုသို့သောအကြောင်းအချက်တွေကြောင့်ပဲတပ်မတော်ဟာပြည်သူလူထုကြားမှာအရင်ကလိုထည်ဝါမှု၊
 ထောက်ခံမှု၊ အားကိုးမှု... မရတော့၊ မရှိတော့တာလို့ ကျွန်တော် သုံးသပ်ချင်ပါတယ်။

ကျွန်တော် အသေးစိတ် ထပ်ဆွေးနွေးပါ့မယ်...။

နံပါတ်(၁)အချက်ဗျာ...။       ။ တခြားကိုမကြည့်ပါနဲ့၊ သစ်ငုတ်တိုတောင် ကြာကြာနှဲ့ရင်လှုပ်လာပါတယ်။ ပင်လယ်ထဲက ကျောက်ဆောင်တွေတောင် ရေတိုက်စားပါများတော့ ပြိုလဲပျက်စီးရသေးတာပါပဲ... လူဆို တာက တစ်ခွန်းပြောရင်နားမဝင်၊ နှစ်ခွန်းပြောရင်နားမဝင်ချင်ပေမယ့် သုံးခွန်းမြောက်ကျတော့ "အင်း ဟုတ်များ... ဟုတ်များနေမလား"ဆိုတာကဖြစ်လာတတ်တာ သဘာဝပါပဲ။ နိုင်ငံခြားကလေလှိုင်းဋ္ဌာနတွေ က ၁ ခွန်း၊ ၂ ခွန်း၊ ၃ ခွန်းထဲ ပြောနေတာ မဟုတ်ပါဘူး။ သူတို့ရဲ့ထုံးစံအတိုင်း လက်ဖက်နည်းနည်းလေး ကိုဂေါ်ဖီ၊ခရမ်းချဉ်သီး၊ ကြက်သွန်ကြော်၊ ကုလားပဲကြော်၊မြေပဲဆံကြော်စတဲ့အဆာပလာတွေနဲ့စားကောင်းေ အာင်သုပ်ထားသလိုမျိုးပဲ...အမှန်နဲ့နီးစပ်သယောင်ရှိတဲ့သတင်းအရင်းအမြစ်ကလေးကိုအခြားသော သွေးထိုး စကားတွေ၊ သူတို့ဝါဒဖြန့်လိုတဲ့ ရည်ရွယ်ရင်းစကားတွေ၊ အကြောင်းအရာကလေးတွေနဲ့ မွမ်းမံပြီး နှစ် ရှည်လများ (နေ့၊ည ပုံမှန်) ထုတ်လွှင့်နေခဲ့တာ ဖြစ်ပါတယ်။

ထုတ်လွှင့်နေတာမှ အသံလွှင့်ဋ္ဌာနတစ်ခုထဲမဟုတ်ပါဘူး ၄ ခု ၅ခုကနေဝိုင်းဝန်း Pressပေးသလို မြန်မြာ ပည်သူပြည်သားတွေရဲ့ ခေါင်းထဲကို နှစ်ရှည်လများ ရိုက်သွင်းနေခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့သတင်းတွေ ဟာ သူတို့အကြံအဖန်ထုထားတာတွေလဲပါသလို... တကယ်တပ်မတော်ရဲ့ အမှားတခုလောက်တွေ့လိုက် တာနဲ့ ပိုမိုထင်ရှားအောင် အကြီးချဲ့ သွေးထိုး၊ ရိုက်သွင်း၊ လှုံ့ဆော်၊ ထောက်ပြအော်ဟစ်ခဲ့ကြတယ်ဆိုတာ မိတ်ဆွေတို့လဲသိကြမှာပါ။ဒါတွေဟာကျွန်တော်တို့၊ မိတ်ဆွေတို့ငယ်ငယ်ကထဲက ထုတ်လွှင့်နေခဲ့တာဖြစ် ပြီး အခုကျွန်တော်တို့ လူကြီးပိုင်းရောက်လို့ နိုင်ငံ့တာဝန်တွေလဲ ယူနေကြရပါပြီ။သူတို့ရဲ့ အဲဒီတလျှောက် ထုတ်လွှင့်ခဲ့တဲ့ကာလ၊ အသက်ဆက်မှုအတိုင်းအတာအတွင်းမှာ ဘယ်လောက်တာခဲ့မလဲဆိုတာ မိတ်ဆွေ တို့တွေးကြည့်နိုင်ပါတယ်။ အစကတော့ စိတ်ဝင်စားချင်မှ စိတ်ဝင်စားမှာဖြစ်ပေမယ့် တပ်မတော်ရဲ့အမှား တစ်ခုမှာ ဒါတွေရဲ့ ထုတ်လွှင့်မှုတွေကို အဟုတ်ကြီးမှတ်ပြီး ယုံကြည်ကိုးစား၊ လက်ခံသွားကြတဲ့ ပြည်သူတွေ အများကြီးပါပဲ... အဲဒီပြည်သူတွေရဲ့ စိတ်ထဲမှာတော့တပ်မတော်ဆိုတာ Negative ဖြစ်နေမှာပါ...။ ဒါ နံပါတ်တစ်အချက်ပါ။

နံပါတ်(၂)အချက်...။ ။ ဒီအချက်နဲ့ပတ်သတ်လို့အရိုးရှင်းဆုံး ဥပမာတစ်ချက်ပဲပြောပါမယ်ဗျာ..။ "လက် တစ်ဖက်ထဲသော်မှ အတိုအရှည်မညီပါဘူး"။ ကျွန်တော်တို့ရဲ့ တပ်မတော်ကြီးဟာလဲ ရဟန္တာပုဂ္ဂိုလ်၊သူေ တာ် စင်တွေပုဂ္ဂိုလ်တွေ... ရိုးသားပြီး ဖြောင့်မတ်မှုအပြည့်ရှိတဲ့လူတွေနဲ့ချည်းဖွဲ့စည်းထားတာ မဟုတ်ပါ ဘူး။ အဲဒီလိုပြောလိုက်လို့ "မင်းတို့အားလုံး ဒီလိုတွေချည်းပဲ... အားလုံး လူယုတ်မာ၊ အားလုံး စစ်ခွေး၊ သူ များနောက်လိုက်၊ ခေါင်းတော်ညိတ်၊ စိတ်တော်သိတွေချည်းပဲ"လို့တော့လာပြောမယ်မကြံပါနဲ့...၊ အဲဒီ လိုပြောတဲ့သူအနားမှာရှိရင် ကျွန်တော့်ရဲ့ရဲဘော်ရဲဘက်တပ်မတော်သား စစ်သည်အားလုံးကိုယ်စားကျွန်ေ တ်ာကိုယ်တိုင်ထ,သတ်မိမှာဖြစ်ပါတယ်၊လက်မခံနိုင်ပါဘူး။ကျွန်တော်ကိုယ်တိုင်ဘယ်ပြည်သူတစ်ဦးတစ်ေ ယာက်ကိုမှကျူးလွန်နှိပ်စက်စော်ကားမှုမရှိပဲ ဖြောင့်မတ်စွာနေခဲ့သလို ကျွန်တော့်လိုတပ်မတော်သား စစ် သည်တွေအများကြီးပါ... ဝါးလုံးရှည်နဲ့သိမ်းကျုံးရမ်းတာမျိုးကိုတော့ ဘယ်သူမှလက်ခံနိုင်မှာမဟုတ်ပါဘူး ။ 

အချို့အချို့သောစစ်သည်(အရာရှိ၊ အခြားအဆင့်အားလုံးကို ဆိုလိုပါတယ်)တွေရဲ့အမှားအယွင်းတွေ ရှိပေ မယ့် တစ်ယောက်မကောင်း အများဆိုသလို ဒါဟာတပ်မတော်ကြီးတရပ်လုံးရဲ့ Image ကိုပါ လာထိခိုက်ပါ တယ်။ ဒါဟာအထက်ကဆိုခဲ့တဲ့ အသံလွှင့်ဋ္ဌာနတွေ၊ အတိုက်အခံဆိုသူတွေအားလုံးရဲ့ အဓိကအားကိုးအား ထားနေကြတဲ့ လက်နက်ကြီးတခုပါပဲ။ 

နံပါတ်(၃)အချက်...။            ။ ကျွန်တော်တို့နိုင်ငံမှာ သူများနိုင်ငံတွေလို အဓိကရုဏ်းနှိမ်နှင်းရေးအတွက် အထူးလေ့ကျင့်သင်ကြားပေးထားတဲ့ အထူးတပ်ဖွဲ့တွေ မရှိသေးပါဘူး။ ရဲတွေဆိုတာဟာလဲ နိုင်ငံတွင်းက အစိုးရတစ်ရပ်ကိုစိန်ခေါ်လာတဲ့အထိ မင်းမဲ့ဆူပူမှုကြီးတစ်ရပ်ဖြစ်လာမယ့် ထကြွအကြမ်းဖက်လူအုပ်စုစည်း လာမှုတွေကိုအဟန့်ကာင်းကောင်းဖြစ်သွားစေမယ့်ခေတ်မီလက်နက်ကိရိယာတွေ၊သွင်ပြင်ဥပဓိတွေကောင်း ကာင်းတပ်ဆင်ပေးထားမှုမရှိသေးပါဘူး...။ မြို့နယ်အလိုက် ရဲတပ်ဖွဲ့စခန်းတွေကိုအသာထားလို့ စုစည်းမှု အင်အားကောင်းကောင်းရှိနေတဲ့ရဲတပ်ရင်းကြီးတွေမှာတင်ကိုဆူပူမှုအဓိကရုဏ်းတစ်ခုအတွက်အဲဒီလိုခေတ်မီ လက်နက်ကိရိယာ၊ ဖွဲ့စည်းပုံကောင်းကောင်းမရှိသေးပါဘူး။ သူများနိုင်ငံတွေမှာ အဲဒီလိုအဓိကရုဏ်းတွေ ကိုဖြေရှင်းဖို့အတွက်သီးသန့်တပ်ဖွဲ့ထားနိုင်တဲ့နိုင်ငံကသီးသန့်တပ်ဖွဲ့ထားကြပါတယ်။မထားနိုင်တဲ့နိုင်ငံကေ တာ့ရဲတွေကိုပဲ အထူးသင်တန်းပေးပြီး ကိုင်တွယ်ဖြေရှင်းတဲ့နည်းလမ်းကို ကျင့်သုံးပါ တယ်။

ဆူပူအုံကြွမှုကိုထိန်းသိမ်းနေသည့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တစ်ချို့
ဥပမာအနေနဲ့ပြောရရင် ဆူပူအုံကြွမှုတရပ်မှာ အတိုက်အခံဘက်က ပါလာတဲ့သူတွေဟာ.. မျက်နှာဖုံး၊ ဒူး ကာ၊ တံတောင်ကာစသဖြင့် တကိုယ်လုံးစာ အပြည့်အစုံပါဝင်တဲ့ ကာကွယ်ရေးဝတ်စုံ၊ ကျည်ကာဒိုင်း၊ လက် ကိုင်တုတ်၊ ကျဉ်စက်၊ စပရေးစသဖြင့် လက်နက်ကိရိယာအပြည့်အစုံပါဝင်ပြီး Training ကောင်းကောင်းပေး ထားတဲ့ တပ်ဖွဲ့ဝင်အင်အားတောင့်တောင့်တင်းတင်း၊ အဟန့်ဥပဓိကောင်းကောင်းနဲ့ ဖြိုခွင်းရေးတပ်ဖွဲ့ တခုကို မြင်လိုက်တာနဲ့ အနည်းအကျဉ်းတော့ stress ဖြစ်သွားပါတယ်။ နိုင်ငံအတော်များများမှာ အဲဒီလို အထူးတပ်ဖွဲ့တွေကို အဓိကရုဏ်းတွေအတွက် သီးသန့်လေ့ကျင့်သင်တန်းပေးထားပါတယ်။ ရဲတပ်ဖွဲ့က ရဲ တပ်ဖွဲ့သက်သက်၊ အကြမ်းဖက်ဖြိုခွင်းရေးက အကြမ်းဖက်ဖြိုခွင်းရေးသက်သက်ပါ။ ကျွန်တော်တို့နိုင်ငံမှာ အဲဒီလိုတပ်ဖွဲ့မျိုး မရှိသေးတဲ့အတွက် အဓိကရုဏ်းတခုဖြစ်လာရင် ရဲတပ်ဖွဲ့ကကိုင်တွယ်ရပါတယ်။ ဒါပေ မယ့် ကျွန်တော်တို့ဆီကရဲတပ်ဖွဲ့ဟာ ဥပဒေချိုးဖောက်လို့အပြစ်ပေးအရေးယူ စုံစမ်းထောက်လှမ်းရ တဲ့နေ ရာမှာ ကျွမ်းကျင်တာမှန်ပေမယ့် ဒီလိုဆူပူမှုကြီးတွေကို ထိန်းသိမ်းဖို့ရာမှာအဟန့်လိုပါသေးတယ်။ လေး ဂွလောက်၊ ဝါးရင်းတုတ်လောက်ကိုင်ထားတဲ့ ရဲတပ်ဖွဲ့တွေဟာ ဆူပူထကြွလာတဲ့လူအုပ်ကြီးကို ထိန်းသိမ်း ဖို့(ခံစစ်)လောက်ပဲတတ်နိုင်ပါမယ်၊ ဖြိုခွင်းပျက်ပြားစေဖို့(တိုက်စစ်)ကတော့မစွမ်းသာပါဘူး။ ဒါကြောင့် အခြေအနေကို ထိန်းသိမ်းနိုင်ဖို့လိုအပ်လာတယ်လို့ယူဆရင် တပ်မတော်ကပါဝင်ကွပ်ကဲပါတယ်။ 



0 comments: