Tuesday, November 06, 2012
0
ရှမ်းပြည်မြောက်ပိုင်းနောင်ချိုမြို့နယ်ဆမ္မဆယ်ကျေးရွာမှတရုတ်ပြည်သို့တင်ပို့ရန် နွားအ ကောင်ရေ(၅၀၀)   
 ကျော်ရှိသည်ဟုသတင်းအရနောင်ချိုမြို့နယ် ရဲတပ်ဖွဲ့မှ သွားရောက် ဖမ်းဆီးရာ နွား(၂၃)ကောင်သာ ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
 
 “ကျွန်တော်တို့ သတင်းရရခြင်း သွားဖမ်းတာ ပိုင်ရှင်မဲ့နွား (၂၃) ကောင်ပဲ ဖမ်းမိခဲ့တယ်ဟုနောင်ချိုရဲစခန်း မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
အဆိုပါနွားများမှာ ယခုနှစ်အစောပိုင်းမှ စတင်၍ တရုတ်ပြည်သို့တင်ပို့နေသော်လည်း နောင်ချိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ တရုတ်ပြည်သို့ တင်ပို့နေခြင်းမဟုတ်ပဲ မူဆယ်ဒေသ တွင်း စားသောက်ကုန်ထုတ်လုပ်မှုအတွက် မလုံလောက်မှုကြောင့် တင်ပို့နေရခြင်း ဖြစ်ကြောင်း နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ပြောသည်။
 
 
 “ဒီနွားတွေကို တရုတ်ပြည်ကိုတင်ပို့နေတာ မဟုတ်ပါဘူး၊ မူဆယ်မှာ အသားမလုံလောက်လို့ တင် ပို့နေရတာ ပါဟု နောင်ချိုမြို့အထွေထွေအုပ်ချုပ်ရေးမှူးကိုအောင်ကိုကိုက ပြောသည်။
 
 
အောက်တိုဘာလဒုတိယအပတ်အတွင်းကလည်း အမဲသားပိသာချိန်(၁၂၀၀၀)ကို ဖမ်းဆီးမိခဲ့ကြောင်း ကိုလည်း အုပ်ချုပ်ရေးမှူး ကိုအောင်ကိုကိုက ဆက်ပြောသည်။
 
 
တောင်သူလယ်သမားများ၏ကျေးဇူးရှင်နွားများကိုအလွန်အကျွံတင်ပို့နေခြင်းကြောင့်အလွန် စိတ်မကောင်း ဖြစ် မိကြောင်း ဆမ္မဆယ်ဒေသခံများက ဆိုသည်။
 
 
ယခုနှစ်အတွင်းတွင် နောင်ချိုရဲစန်းအနေဖြင့် အရေးကြီး ပုဒ်မ(၈၁)ဖြင့် ပိုင်ရှင်မဲ့နွား ဖမ်းဆီးမှု (၄)မှုဖမ်းဆီးထားပြီး၊ နောင်ချိုမြို့မှ (၁၇)ကောင်နှင့် ဒိုးပင်ကျေးရွာမှ အကောင်(၃၀) ဖမ်းဆီး ထားပြီး ယခု (၃၂)ကောင် ဖမ်းဆီးမှုအပါအ၀င် စုစုပေါင်းနွား အကောင်ရေ(၇၀) ဖမ်းဆီးထား ကြောင်း သိရှိရသည်။
 

0 comments: