Tuesday, November 06, 2012
0
မြန်မာနိုင်ငံမှပညာရှင်များနှင့်နိုင်ငံတကာပညာရှင်များပူးပေါင်း၍နိုင်ငံတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မူများနှင့် အတူပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန် တွေ့ဆုံဆွေးနွေးဟောပြောတစ်ရပ်ကို နေပြည်တော်၌် ပြုလုပ်ကျင်းပ သွားမည်ဖြစ်ကြောင်း အစိမ်းရောင်စီးပွားရေးအဖွဲ့က သိရသည်။
 
စီးပွားရေးလည်းတိုးတက်ရမယ်၊ သဘာဝပတ်ဝန်းကျင်ကိုလည်း တတ်နိုင်သလောက်လုပ်ရမယ်။ စီးပွားရေး ဖွံ့ဖြိုး တိုးတက် မှုနဲ့အတူ ပတ်ဝန်းကျင်ကို မထိခိုက်ရအောင် ဘယ်လိုသွားမယ်ဆိုတာတွေကို နိုင်ငံတကာ ပညာရှင်တွေ  policy maker တွေ ဒီဒုတိယအကြိမ်လုပ်တဲ့ပွဲမှာ ဆွေးနွေးသွားမှာပါ။ ” ဟု GEGG အဖွဲ့ဝင် MCC ဥက္ကဌ ဦးတင်ဝင်းအောင် က ပြောသည်။ 
 
အဆိုပါဟောပြော ပွဲကိုနေပြည်တော်တွင်နိုဝင်ဘာ(၁၃)ရက်နှင့်(၁၅) ရက်နေ့အထိကျင်းပသွားမည်ဖြစ် ပြီး  နော်ဝေ၊ဆွီဒင်၊ဂျပန်၊ဂျာမနီ၊ သြစတြေးလျ၊ ဂျာမန်၊စင်္ကာပူ၊ ကုလသမ္မဂ္ဂအဖွဲ့အစည်းမှ ပညာရှင် များပါဝင်သွားမည်ဖြစ်ပြီး ဒုတိယသမ္မတ စိုင်းမောက်ခမ်း၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် နိုင်ငံရေးအဖွဲ့ အစည်းများအား ဖိတ်ကြားထားကြောင်းကိုလည်း သိရှိရသည်။
 
နိုင်ငံတကာက ပညာရှင်(၈၀)လောက်က သူတို့စရိတ်နဲ့ သူတို့လာပြီး မြန်မာနိုင်ငံကို ကူညီချင်လို့ လာကြတာ။ ကျွန်တော်တို့ ဒီက ပညာရှင်တွေနဲ့ ပူးပေါင်းပြီး သဘာဝပတ်ဝန်းကျင် ဘာတွေဖြစ်နေလဲ၊ ဘယ်လို ဖြေရှင်းမလဲ၊ ဘယ်လိုလုပ်ကြ မလဲဆိုတာတွေ ကို ဆွေးနွေးကြမှာပါ ” Green Economy Green Growth-Myanmar Association (GEGG) မှ အမှုဆောင်ဒါရိုက်တာ ဦးကျော်လွင်လှက ပြောသည်။  
 
ယခုကျင်းပပြုလုပ်မည့်ဟောပြောပွဲသည်ဒုတိယအကြိမ်မြောက်ဖြစ်ပြီးပထအကြိမ်ဟောပြောပွဲကို၂၀၁၁ခုနှစ် ဧပြီလတွင် ပြုလုပ်ကျင်းခဲ့ကာ အစိုးရ၀န်ကြီး (၆)ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ခဲ့သည်။  
 
 
 

0 comments: