Friday, November 09, 2012
0
 
မြောက်ကိုရီးယားနိုင်ငံတွင်သမ္မတဟောင်းကင်မ်ဂျုံအီလ်ကိုမလေးမခန့်ပြုလုပ်မိ သူစစ်ဘက်ဝန်ကြီးတစ်ဦး အား မော်တာကျည်ဆန်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းသိရသည်။ကွယ်လွန်သူ သမ္မတဟောင်းကင်မ် အတွက် ရက်ပေါင်း(၁၀၀)ကြာကြေကွဲမှုသတ်မှတ်ထားချိန် အတောအတွင်းစစ်တပ်၏ဒုတိယဝန်ကြီး ကင်မ် ချိုလ်မှာ အရက်သေစာ သောက်စားခဲ့မှုအတွက် သေဒဏ်စီရင် ခံရခြင်းဖြစ်သည်။

၎င်းသည်ယခုနှစ်အစောပိုင်း ကထောင်သွင်း အကျဉ်းချခံထားရပြီးယခုအခါခေါင်းဆောင် သစ်ကင်မ်ဂျုံအန်း
ကသေမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။သမ္မတဟောင်းကင်မ်သည်ပြီးခဲ့သည့်နှစ်၊ဒီဇင်ဘာလကကွယ်လွန်ခဲ့ပြီးသား
ဖြစ်သူ ဂျုံအန်းက မြောက်ကိုရီးယား၏ အာဏာစက်ကို ဆက်ခံခဲ့သည်။

တောင်ကိုရီးယားသတင်းဌာနများကချိုလ်သည်သတ်မှတ်နေရာတစ်ခုတွင်ရပ်နေရန်အတင်းအကျပ် စေခိုင်း
ခံရပြီး မော်တာဖြင့် ချိန်ရွယ် ပစ်ခတ်ကာ အစိတ်စိတ်အမြွှာမြွှာဖြစ် သွားအောင်သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း
 ဖော်ပြခဲ့သည်။
 
ထိုလုပ်ရပ်သည်ဂျုံအန်း၏ နိုင်ငံရေးဝါဒအပေါ်ဆန့်ကျင်လာနိုင်သည့်အခြေအနေများအတွက် ပြည်တွင်းတွင် တိုက်ရိုက်ကျကျ သတိပေး ခြိမ်းခြောက်မှုတစ်ခုဟုလည်း သတင်းများက သုံးသပ်ခဲ့သည်။

ယခုနှစ်အတွင်းဂျုံအန်းသည် ဖခင် လက်ထက်ကခန့် အပ်ထားသည့်ထိပ်တန်းအရာရှိ အနည်းဆုံး(၁၄)ဦးကို
လည်း ရာထူးများမှ ဖယ်ရှားခဲ့ပြီး ဖြစ်သည်။

ယင်းတို့အနက်စစ်တပ်အကြီးအကဲရီယွန်ဟိုနှင့်ဗဟိုဘဏ်ဥက္ကဋ္ဌရီကွမ်ဂွန်တို့လည်းပါရှိခဲ့သည်။အသက်(၃၀
)ပင် မပြည့်သေးသည့် ခေါင်းဆောင်သစ် ဂျုံအန်းသည် ဖခင်သေဆုံးမှုအတွက် ကြေကွဲမှု အခမ်းအနားကို ရက်ပေါင်း(၁၀၀)တိတိ သတ်မှတ်ကျင်းပရန် စေခိုင်းခဲ့ကြောင်း မြောက်ကိုရီးယား သတင်းရင်းမြစ်များက ချိုဆန်အီဘိုလ် သတင်းစာသို့ ပြောကြားခဲ့ကြသည်။

Photo Descriptions: မြောက်ကိုရီးယား စစ်ဘက်ဝန်ကြီးအား ပစ်သတ်ခဲ့သည့် မော်တာကျည်
ဆန်အမျိုးအစား)

0 comments: