Friday, November 09, 2012
0
ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နဝပ် အား လုပ်ကြံမည့်သူဟု သံသယဖြင့် စွပ်စွဲခံထားရသည့် တာချီလိတ်မြို့မှတရားခံမှာစစ်ဆေးတွေ့ရှိချက်အရ ဖြစ်နိုင်မှု မရှိဘဲအကွက်ဆင်မှုတခုသာဖြစ်နိုင်ကြောင်း ထိုင်းနှင့် မြန်မာရဲအရာရှိများက သုံးသပ်ပြောဆို ကြသည်။

“တကယ်လို့ ကိုယ်ကသာလက်ဖြောင့်သမားဆိုရင် မုန့်ရောင်းစားမှာလား။ စုံထောက်တို့ သူလျှိုတို့ဆိုရင်တ မျိုးပေါ့။ သူတို့ကတိုးကျိုးမုန့်ရောင်းသမား လုပ်စားမယ်ဆိုတာတော့ လုံးဝမဖြစ်နိုင်ဘူး” ဟု အမည်မဖော်လို သည့်ထိုင်းအရာရှိတစ်ဦးက ပြောသည်။

Photo: newsdataonline.com


ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်းသက်ဆင်ကနေပြည်တော်သို့ နိုဝင်ဘာ၈ရက်နေ့၌ အလည်အပတ်ရောက် ရှိမည်ဖြစ်ပြီး ထိုမှတဆင့် ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့သို့ လာရောက်လည်ပတ်မည်ဟု သတင်းများ ထွက်ပေါ်နေစဉ် တာချီလိတ်မြို့အတွင်း လှည်းဖြင့် မုန့်လှည့်လည်ရောင်းချနေသည့် ဆမ်ပူးဆိုသူထံမှ အာပီဂျီဗုံးသီး (၃)လုံး၊ ပို့ကျည်(၃)တောင့်၊ M 16 ကျည်ကဒ် ၁ ခုနှင့် ၅.၅၆ ကျည် ၁၀ တောင့်တို့ကို နိုဝင်ဘာ ၂ ရက်နေ့က ဖမ်းဆီးရမိခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆမ်ပူးက ၀န်ကြီးချုပ်ဟောင်း သက်ဆင်အား လှုပ်ကြံမည့်သူဖြစ်ကြောင်း လက်ရှိ ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်ဟု ထိုင်းသတင်းစာများ၌ ရေးသားဖော်ပြသည်။

“သက်ဆင် က တာချီလိတ်ကို လုံးဝမလာချင်ဘူး။ ထိုင်းဝန်ကြီးချုပ်ဖြစ်တဲ့ သူ့ညီမကလည်းမလာစေချင်ဘူး ။သူမမျက်နှာပူတာပေါ့။ သက်ဆင်ရဲ့တပည့်တွေကလာစေချင်တယ်။ အဲဒါကြောင့်အကွက်ရှာတာလည်းဖြစ် နိုင်တယ်” ဟုအမည်မဖော်လိုသည့် အဆိုပါ ထိုင်းရဲအရာရှိက ပြောသည်။

အတည်ပြု၍မရသည့် သတင်းများအရ လားဟူပြည်သူ့စစ်ဘက်မှ ထက်ဆင်အား လုပ်ကြံမည်ဟုသတင်း များထွက်ပေါ် နေပြီးအကယ်၍ သက်ဆင်အား လုပ်ကြံမည်ဆိုပါက မုန့်ရောင်းစားနေသူအား ဌားရမ်းမည်မ ဟုတ်ကြောင်းနှင့်၎င်းတို့တွင်ကျွမ်းကျင်သည့်လက်ဖြောင့် တပ်သားများရှိနိုင်ကြောင်း၎င်းကဆက်လက်ပြော ဆိုသည်။

အလားတူတာချီလိတ်မှ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးကလည်း“ဆမ်ပူး မုန့်ရောင်းတဲ့အခါ ကျနော်တို့ ဆိုင်ရှေ့မှာ လာရပ်တတ်တယ်။ သူ့ရဲ့ကိုယ်ရေးရာဇဝင်ကိုတော့ မသိရဘူး။ ဒါပေမဲ့ သူက မိုင်းလား၊ မိုင်းပေါက်၊ မိုင်းဖျန်ကသူဌေးတွေနဲ့ အလုပ်လုပ်ဖူးတယ်လို့ ပြောပြဖူးတယ်။ အဲဒီသူဌေးတွေရဲ့ ပစ္စည်းတွေ ဖြစ်နိုင်တယ်” ဟု ခန့်မှန်း ပြောဆိုသည်။

လွန်ခဲ့သည့် ၂၀၀၄-၂၀၀၅ ခုနှစ် ထိုင်းဝန်ကြီးချုပ်ဟောင်း ထက်ဆင် လက်ထက်က "၀" ပြည်သွေးစည်းညီ ညွတ်ရေး တပ်မတော် UWSA တပ်ဖွဲ့မှ ၎င်းအား လုပ်ကြံမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း  UWSA ဖက်မှ မဟုတ်မှန်ကြောင်းနှင့် ကောဠဟာလသာ ဖြစ်ကြောင်း ငြင်းဆိုခဲ့သည်။

“တကယ်လို့ "၀"ကလုပ်ကြံမယ်ဆိုရင်လည်း"၀"တပ်ဖွဲ့တော့မဖြစ်နိုင်ဘူး။ ပုဂ္ဂလိကဆိုရင်တေြာ့ ဖစ်ကောင်ြး ဖစ်နိုင်တယ်။ "၀" သူဌေးတွေမှာလက်ဖြောင့်သမားတွေတန်းစီနေတာဘဲ။လှည်းနဲ့ မုန့်ရောင်းနေတဲ့သျှမ်း လူမျိုးကိုလာငှားမှာလား။ လုံးဝ မဖြစ်နိုင်ဘူး။ တခြားတယောက်ကိုဘဲ ငှားမှာ ပေါ့” ဟု "၀" တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အလားတူတာချီလိတ်သည် နယ်စပ်မြို့ဖြစ်သည့်အတွက်မူးယစ်ဆေးဝါးများ၊ လက်နက်များ ဖမ်းဆီးမိခြင်း သည်အဆန်းမဟုတ်ကြောင်း၊ ဤကဲ့သို့လက်နက်ဖမ်းမိခြင်းသည် သက်ဆင်အား လုပ်ကြံမည့်ကိစ္စနှင့် သက် ဆိုင်သည်ဟု မမြင်ကြောင်း တာချီလိတ်မှ ရဲအရာရှိတစ်ဦးက သျှမ်းသံတော်ဆင့်အား ပြောသည်။

ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း သက်ဆင်အား လုပ်ကြံမည့်သတင်းများ  ထွက်ပေါ်လာသည့်နောက် ၎င်း အနေဖြင့်တာချီလိတ်သို့လာရောက် တော့မည်မဟုတ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

0 comments: