Wednesday, November 14, 2012
0
14mt4
 ဇန်န၀ါရီလ ၃၁ ရက်နေ့က တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းတွင် လိုင်စင်မဲ့ယာဉ်များကို စစ်ဆေးနေစဉ်

၂၀၁၂ ခုနှစ်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ်နှင့် ဆိုင်ကယ်အစီးရေ ၅၀၀ကျော်အား စစ်ဆေးဖမ်းဆီး ခဲ့ပြီး လိုင်စင်မဲ့ မော်တော်ယာဉ် စီးနှင်းသူများထဲတွင် ဌာနဆိုင်ရာအရာရှိကြီးအချို့ ပါဝင်နေသည်ဟုတာ ၀န်ရှိသူတို့၏ ပြောကြားချက်အရ သိရသည်။ 

ဇန်န၀ါရီလမှ အောက်တိုဘာလကုန်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း မောင်းနှင်းနေသောမော်တော် ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များကို စစ်ဆေးခဲ့ရာတွင် လိုင်စင်မဲ့မော်တော်ယာဉ်အစီးရေ၅၀ကျော်နှင့် လိုင်စင်မဲ့ဆိုင်ကယ်၄၅၀နီးပါးကိုစစ်ဆေးဖမ်းဆီးခဲ့ကြောင်းရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှရဲမှူးမြင့်ထွေး ကပြောကြားခဲ့သည်။

ယင်းကဲ့သို့ လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် လိုင်စင်မဲ့ဆိုင်ကယ်များကို စစ်ဆေးဖမ်းမိရန် ဌာနဆိုင်ရာပါဝင် သည့်စစ်ဆေးရေးအဖွဲ့တစ်ခုကိုဖွဲ့စည်းထားကြောင်းသိရှိရသည်။စစ်ဆေးရေးအဖွဲ့တွင်ရဲတပ်ဖွဲ့၊ယာဉ်ထိန်း၊ မထသ၊ ကညန၊ စည်ပင်စသည့်ဌာနဆိုင်ရာများ ပါဝင်ကြောင်းသိရှိရသည်။ရန်ကုန်တိုင်းဒေသကြီး ရဲတပ် ဖွဲ့မှူးရုံးမှတာဝန်ရှိသူတစ်ဦးက “အခု ရန်ကုန်တိုင်းအတွင်းမှာ လိုင်စင်မဲ့ယာဉ်တွေကိုစစ်ဆေးရေးအဖွဲ့ တွေက မြို့နယ်အလိုက် ရှောင်တခင် စစ်ဆေးနေပါတယ်။ စစ်ဆေးတဲ့အခါမှာ နောက်ဆုံးပေါ်ကားကြီးကို စတေကာကပ်ပြီးတော့ မောင်းနှင်းနေတဲ့ ယာဉ်တွေကိုစစ်ဆေးတဲ့အခါမှာ တချို့ယာဉ်တွေက လိုင်စင်မဲ့ ယာဉ်တွေ ဖြစ်နေတာကို စစ်ဆေးတွေ့ရှိရတယ်။ အဲဒီယာဉ်တွေကို စီးနှင်းနေသူတချို့က ဌာနဆိုင်ရာက ညွှန်ကြားရေးမှူးချုပ်တွေ၊ ညွှန်ကြားရေးမှူးဖြစ်နေတာ စစ်ဆေးတွေ့ရှိရတယ်။ ဌာနဆိုင်ရာမှာဒီလိုအဆင့် မျိုးတွေနဲ့ တာဝန်ထမ်းဆောင်နေသူတွေအနေနဲ့ မလုပ်သင့်ပါဘူး” ဟု လိုင်စင်မဲ့ယာဉ်များကို စစ်ဆေးရာ တွင် တွေ့ရှိမှုကို သုံးသပ်ပြောကြားခဲ့သည်။

လိုင်စင်မဲ့ယာဉ်တစ်စီး စစ်ဆေးတွေ့ရှိသည့် ဖြစ်စဉ်တစ်ခုမှာ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများသည်စော်ဘွားကြီးကုန်းဘက်မှပြည်လမ်းအတိုင်းမရမ်းကုန်းဘက်သို့မောင်းနှင် လာသော ယာဉ်အမှတ် ၁ ဃ /..... တပ်ဆင်ထားသည့် တိုယိုတာ ကိုရိုလာစူပါရုဖ်ဗင် အဖြူရောင်ယာဉ် အား စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသည့်အပြင် ယာဉ်ထိန်းကွန်ပျူတာဌာနမှစစ်ဆေးခဲ့ရာ ယာဉ်အမှတ် ၁ ဃ /.... ယာဉ်အမျိုးအစားမှာ နစ်ဆန်းဒီဇယ်ထရပ်ကားဖြစ်ကြောင်း သိရှိရသည်။

0 comments: