တရုတ်နိုင်ငံမှ ကျားလီအမည်ရှိ အသက်လေးနှစ် အရွယ်မိန်းကလေးငယ် တစ်ဦး၏
နှာခေါင်းဝသို့ မတော်တဆ ထိုးစိုက်ဝင်သွားခဲ့သည့် ဝက်အူလှည့်တစ်ချောင်းကို ခွဲစိတ်အထူးကုဆရာဝန်ကြီးယူချင်က ဦးဆောင်၍အောင်မြင် စွာခွဲစိတ်ဖယ်ရှားနိုင်ခဲ့ပြီး ထိုမိန်းကလေးသည် ယခုအခါတွင်ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း အင်တာနက် သတင်းတစ် ရပ်အရ သိရသည်။
အဆိုပါမိန်းကလေးသည် တရုတ်နိုင်ငံကန်စုပြည်နယ်ထျန်းရွှီးမြို့တွင်နေထိုင်ပြီးသူမ၏လက်ထဲတွင်
ဝက်အူလှည့် ကို ဆုပ်ကိုင်ထားရာမှ မတော်တဆ မှောက်လဲပြီး မျက်နှာအား
ထိုးမိခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် သူမအား ဒေသတွင်းရှိ ဆေးရုံနှစ်ရုံသို့ ခေါ်ဆောင် သွားခဲ့သော်လည်း
အဆိုပါ ဆေးရုံများက လက်မ ခံဘဲ အခြားဆေးရုံသို့လွှဲပြောင်းပေးခ
ဲ့သောကြောင့် ခွဲစိတ်အထူးကုဆရာဝန်ကြီး ယူချင်၏ ဆေးရုံသို့ ရောက်ရှိ လာ
ခဲ့ခြင်းဖြစ်သည်။
ထို့နောက်တွင် သူမ၏ မျက်နှာအား X-rays နှင့် CAT
Scans များရိုက်ယူ စစ်ဆေးခဲ့ရာ ထိုဝက်အူလှည့်သည် မျက်စိသူငယ်အိမ်အောက်နားအထိစိုက်ဝင်ခဲ့၍ ဦးနှောက်ကိုထိခိုက်ရန် ၂-၃ မီလီမီတာခန့်သာ
လိုတော့ ကြောင်း၊ ဦးနှောက်ကို ထိခိုက်သွားပါက အလွန်အန္တရာယ်ရှိကြောင်း
၎င်းဆေးရုံမှ ခွဲစိတ်အထူးကုဆရာဝန်ကြီးက ပြော ကြားခဲ့သည်။
ထို့နောက်
သူမ၏ မျက်နှာပေါ်ရှိ နှာခေါင်းတွင် စိုက်ဝင်နေသည့် ဝက်အူလှည့်ကို
ခွဲစိတ်အထူးကု ဆရာဝန်ကြီး က ခွဲစိတ်ကုသ ဖယ်ရှားပေးခဲ့ရာ သူမသည် ယခုအခါတွင်
ပြန်လည်ကောင်း မွန်လာပြီဖြစ်ကြောင်း ဗြိတိသျှ သတင်းစာ ကြီး တစ်စောင်တွင်
ဖော်ပြထားသည်။
from; မြ၀တီ
from; မြ၀တီ
0 comments:
Post a Comment