Monday, December 03, 2012
0

 
မြန်မာနိုင်ငံမှ ဘုန်းကြီးများကို ဘယ်လို နားလည်ရမည်မသိ။ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာများကိုလည်း ဘယ်လို ကိုးကွယ်ကြသနည်း ဆိုသည့် မေးခွန်းကို မေးရတော့မတတ် ဘုန်းကြီးများကို အသုံးချလိုရာဆွဲပုံဖော်ကြလေ သည်။ ဘုန်းကြီးထဲတွင် ဘာသာရေး လုပ်သည့်ဘုန်းကြီးနှင့် နိုင်ငံရေး လုပ်သည့်ဘုန်းကြီးဟူ၍ တရားဝင် ၂ မျိုး ခွဲခွင့်ရပြီလားဟုပင် မေးလောက်စရာ သာသနာရေးတစ်ခုမှ မလုပ်ဘဲ နိုင်ငံရေး၊ ဆူပူရေး တို့ကိုပင် သီးသန့် လုပ် ဆောင်နေသည့် ဘုန်းကြီးများကို တွေ့နေရာသည်။ အရှင်ဘုရားတို့ ဒီနည်းနဲ့ သာသနာပြန့်ပွားဖို့ လုပ်လေ သလား။

မိုက်ကိုင်ပြီးတရားမဟော။ မိုက်ကိုင်ပြီးဆူပူသည်။ ရေးပြန်ရင်လည်း ဘာသာရေးကိုစော်ကားရာရောက်ပေတော့ မည်။မရေးပြန်ရင်လည်းသံဃာကစတဲ့ဆူပူမှုကို မြောက်ထိုးပင့်ကော်လုပ်ကြပေဦးမည်။သံဃာကိုအကာအကွယ် ယူ၍ သာသနာကိုနစ်မွန်းအောင်လုပ်ကြပေဦးမည်ဖြစ်သည်။

ဒဏ်ရာရ ဘုန်းကြီးများသည် မီးလောင်ရန် ခြောက်သွေ့နေ သည့်အချိန် တွင် မေတ္တာသုတ် ရွတ်ကာ စောင် ပတ်ကာ ဒီပုံအတိုင်း ကန်တော့နေ ကြသည်။ ဘာသာခြား တို့ မည်မျှ လှောင်ြေ ပာင်နေ မည် မဆိုတတ်။

သီရိလင်္ကာ ကဲ့ သို့သော နိုင်ငံတွင် ဘာသာ တရားကို အထူး အလေးပေး၏။ ပုဂံခေတ်ကပင် မြန်မာတို့ ကူညီပေး ခဲ့ ဖူး၏။ ယခု သီ၇ိ လင်္ကာနိုင်ငံ တွင် ဘုန်းကြီးများ အ၀လွန်မှု အတွက် အဆီအဆိမ့်များ လျော့ လှူရန် နှိုးဆော်ရ၏။ ဘုန်းကြီး များ၏ အစားအသောက်ကို အမိန့်ထုတ်ပြန်၍ ကန့်သတ်ရ၏။ အစိုးရ မည် သည် ဘာသာ သာသနာ အကျိုးအတွက် မည်သူအပြစ်ဆိုဆို လုပ်မည်သာ ဖြစ်သည်။

ဘုန်းကြီးအတွက် အစိုးရက ပြောယူရသည့် သီရိလင်္ကာ၊ ထိုအတွက် ဘုန်းကြီးများ မကျေနပ်
Google တွင် ဘုန်းကြီးဆိုပြီး ရိုက်ရှာလျှင် တွေ့ရသည့်ပုံ၊ ထိပ်ဆုံးက မြင်ရသည့်ပုံ ကိုကြည့်၊ ဘုန်းကြီးတို့ သာသနာအတွက် ဘာလုပ်ကြမှာလဲ

ရှင်ဘုရင် တစ်ပါးလက်ထက်တွင် သံဃာတော် တစ်ပါးအား မြင်သဖြင့် ဆွမ်းလောင်း၏။ ထို သံဃာ တော် အစစ် ဟုတ် မဟုတ် အမတ်ကြီး အား လိုက်ကြည့်ခိုင်းရာ သံဃာတု ဖြစ်သော်လည်း ရှင် ဘုရင် အကု သိုလ် ဖြစ် မည်စိုး သဖြင့် အမတ်ကြီးက သံဃာ အစစ်ပါ ဟု လိမ်လည် ခဲ့ ရဖူးသည့် သာဓက ရှိဖူးသည်။ ထိုင်းနိုင်ငံ မှ ဇာတ်ကား များတွင် ဘုန်းကြီးနှင့် ပတ်သက်၍ ကောင်းကွက်များ ပျောက်ကုန်ပြီ ဖြစ်သည်။ ဘုန်းကြီး ကို ဘုန်းကြီးဟု ပင် မယူဆကြတော့။ အရှင်ဘုရားတို့ကြောင့် ကလေးတွေကို ဘာသာရေး ဆုံးမရ ခက်ေ အာင် မ လုပ်ကြပါနှင့်။ သာသနာရေး လုပ်သော ဘုန်းကြီး များကိုသာ ကန်တော့လိုပါသည်။

ဆရာကြီး ဦးသုခရိုက်ဖူးသော ဇာတ်လမ်းတစ်ခုတွင် သူခိုးဖြစ် သူသည် မိမိ အသက်ဘေး ကို ကြောက် သဖြင့် သင်္ဃန်းခြုံ ကာ လူကောင်း ဟန်ဆောင်၏။ လူတို့က အထူးထူး ပူဇော်ကြ၏။ ထို့အတွက် နောင်တ ရကာ တရားကို အမှန် တကယ် အားထုတ်ခဲ့လေသည်။ ယခု အရှင်ဘုရားတို့ကား ပြောင်းပြန်ဖြစ်ဖို့ ကြိုး စားေ လပြီ။

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာ သာ ထွန်းကားသော နိုင်ငံဖြစ်သည်။ ထိုအတွက်လည်း ဂုဏ်ယူရသည်။ ယခုမူ အင်တာနက်တွင် ဘုန်းကြီးဟု ရိုက်ထည့်ပြီး ရှာရှာ၊ သံဃာဟု ရိုက်ထည့်ပြီးရှာရှာ၊ Myanmar Monk ဟု ရိုက်ထည့်ပြီး ရှာရှာ တရားအားထုတ်နေသော ဘုန်းကြီးများ မတွေ့ရ။ ဓား၊ဒုတ် ကိုင်သော ဘုန်းကြီးများ ကိုသာ တွေ့ရသည်။

ယခုလည်း လက်ပံတောင်းနီးမှ အရေးပေါ် ဘုန်းကြီးဝတ်သူများကို ထပ်တွေ့ရအုံးမည်။ ဘုန်းကြီးတို့က ဘုန်းကြီး အလုပ် မလုပ်ချင်မှတော့ တာဝန်ရှိသူများကလည်း တာဝန်ရှိသည့်အတိုင်း ဆက်လုပ်ကြရ အုံးမည်။ သာသနာ အတွက်ကော၊ နိုင်ငံ အတွက်ပါ ဆိုးရွားလွန်း လှပါသည်။ ကိုယ့်ကျောင်း ကိုယ်ပြန် သင့်ပါပြီ။
သိုင်းဘုန်းကြီး သိုင်းလေ့ကျင့်တာ ဘယ်သူမှ အပြစ်မပြော
ဘုန်းကြီး ဘုန်းကြီးအလုပ်မလုပ်လို့ တိုင်းပြည် အကြိမ်ကြိမ် နစ်နာခဲ့ဖူးပြီ

အေးအေးဆေးဆေး ဆန္ဒပြသည်ပဲဆိုဆို၊ ဆူပူသည်ပဲဆိုဆို ဥပဒေအရတော့ ထိုင်းနိုင်ငံတွင်လည်း ယခုပုံ အတိုင်း လုပ်ကြသည်။

ကျန်နိုင်ငံများလည်း ထိုထက် ဆိုးသည်များသာ ဖြစ်သည်။ဗုဒ္ဓဘာသာ မြန်မာ တစ်ယောက် မို့ ဘုရား၊တရား၊ သံဃာ ကန်တော့တိုင်း သာသနာရေး ဆောင်ရွက်သော ဘုန်းကြီးပုံများ သာ မြင်ယောင် လိုပါသည်။

0 comments: