ခန္ဓာကိုယ်မှာအပေါက်ဖောက်ပြီးအဆင်တန်ဆာတွေကိုအလှတပ်ဆင်ခြင်းဟာဒီနေ့ခေတ်ငယ်ရွယ်သူတွေ အကြား မှာ ခေတ်စားနေပါတယ်။
ဟိုအရင်ခေတ်ကတော့အများအားဖြင့်နားဖောက်တာကိုသာလုပ်ကြပေမယ့်ယခုခေတ်မှာနားမှာလည်းနှစ်ေ
ပါက်၊ သုံးပေါက်ဖောက်ကြသလိုနှုတ်ခမ်း၊ မျက်ခုံး ၊နှာခေါင်း၊
ချက်စတဲ့ခန္ဓာကိုယ်နေရာတွေမှာပါအပေါက်ေ ဖာက်ပြီး
အလှဆင်နေကြပါတယ်။ခန္ဓာကိုယ်အပေါက်ဖောက်ခြင်းဟာအန္တရာယ်ရှိပါတယ်။အထူးသဖြင့်နှုတ် ခမ်းမှာအပေါက်ဖောက်ခြင်းဟာ ရောဂါပိုးကူးစက်ခြင်းအပြင်
သွားနဲ့ခံတွင်း ကျန်းမာရေးကိုပါထိခိုက်စေနိုင် ပါတယ်။
ခန္ဓာကိုယ်မှာ အပေါက်ဖောက်ပေးတဲ့သူတိုင်း ပိုးသတ်ထားတဲ့ အပ်တွေကို
အသုံးပြုမယ်လို့ မသေချာပါဘူး။ ဒါကြောင့် ရောဂါပိုးကူးစက်ခံရနိုင်တဲ့ အန္တရာယ်ကို လျစ်လျူရှုထားလို့ မရပါဘူး။ ဒါ့အပြင် အပေါက်ဖောက် ပြီးပါကပိုးသန့်စင်အောင်ဂရုစိုက်ပြုစုမှုမရှိရင်လည်း ရောဂါပိုးတွေအများအပြားဝင်ရောက်နိုင်တဲ့အန္တရာယ်ရှိ ပါတယ်။
AIDS ရောဂါဖြစ်စေတဲ့ HIV ပိုးကူးစက်ခံရနိုင်တဲ့ နည်းလမ်းတွေထဲမှာ
မသန့်ရှင်းတဲ့အပ်ကို အသုံးပြုပြီး ခန္ဓာကိုယ် အပေါက်ဖောက်ခြင်းလည်း
ပါဝင်နေတယ် ဆိုတာကို အမြဲသတိရပါ။ ဂရုစိုက်ပြီး ပိုးသန့်စင်မှု မလုပ်ရင်ခန္ဓာကိုယ်အပေါက်ဖောက်တဲ့ပထမလူဆီမှHIVပိုးဟာဒုတိယလုပ်တဲ့သူဆီကို
ရောက်ရှိကူးစက် သွားပါလိမ့်မ ယ်။သွားဖုံးတွေ ဆုတ်ယုတ်လာတဲ့အခါ သွားတွေရဲ့အောက်မှ အာရုံကြောတွေပေါ်လာပြီး သွားကျဉ်တာဖြစ်လာပါမယ်။
HIV ပိုးလိုပဲ နာတာရှည် အသည်းရောင် အသားဝါဘီပိုးနဲ့ စီပိုးတွေဟာလည်း
မသန့်ရှင်းတဲ့အပ်နဲ့ ခန္ဓကိုယ် အပေါက်ဖောက်ရာမှ ကူးစက်နိုင်ပါတယ်။
နှုတ်ခမ်းမှာ အပေါက်ဖောက်ပြီး တပ်ထားတဲ့ အဆင်တန်ဆာဟာသွားကို အဆက်မပြတ် ပွတ်တိုက်နေရင် ကြာလာတဲ့အခါ သွားတွေတိုက်စားပွန်းပဲ့ပြီး ယိုယွင်းပျက်စီးလာပါလိမ့်မယ်။
နှုတ်ခမ်းမှ အဆင်တန်ဆာဟာ သွားဖုံးနဲ့လည်း ပွတ်တိုက်နေတဲ့အတွက် သွားဖုံးမှ သွေးတွေထွက်လာပြီး ကြာရင်သွားဖုံးတွေ ဆုတ်ယုတ်လာပါမယ်။
ကျန်းမာတဲ့သွားဖုံးတွေ မရှိတော့တဲ့အခါ မေးရိုးဟာ ခိုင်ခံ့မှုမရှိတော့ဘဲ ရောဂါပိုးကူးစက်မှုတွေကိုလည်း ခံရပါမယ်။ ဒီအခါ သွားတွေဟာ ယိုင်နဲ့လာပြီး နောက်ဆုံးမှာ သွားတွေကို ဆုံးရှုံးရပါလိမ့်မယ်။
အတွေ့အကြုံနည်းသူက နှုတ်ခမ်းဖောက်ပေးတဲ့အခါမှာ အာရုံကြောတွေကို ထိခိုက်သွားစေနိုင်ပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း နှုတ်ခမ်းဖောက်ခြင်းရဲ့ အန္တရာယ်တွေက များပြားလွန်းတာကြောင့် လူငယ်တွေအနေနဲ့ ခဏတာဖက်ရှင်စတိုင်တစ်ခုအတွက် နှုတ်ခမ်းဖောက်ခြင်းကို မပြုလုပ်သင့်ကြောင်း ဖော်ပြလိုက်ရပါတယ်။Health
0 comments:
Post a Comment