Thursday, November 22, 2012
0



ဆယ်ကျော်သက်နဲ့အမျိုးသမီးငယ်တွေ လက်မထပ်ဘဲ အတူနေထိုင်တဲ့ဖြစ်ရပ်တွေအပေါ် ပညာရှင် တစ်ချို့ က ဝေဖန်သုံးသပ်ပြတာတွေရှိတယ်။

မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်အသင်းမှ နာယကစီးပွားရေးပညာရှင်အသင်းမှ နာယက စီး ပွားရေးပညာရှင် ဒေါ်ရီရီမြင့်က ချစ်ကြိုက်နေပေမယ့် နေရေးထိုင်ရေးးမလွယ်ကူတော့ မယူနိုင်သေးဘူး၊ အ လုပ်လုပ်ရင်း အိမ်ထောင်တစ်ခု ထူထောင်ဖို့နေရာမရှိဘူး။ ငွေမရှိတော့ ဒီနည်းလမ်းတွေပဲရှိ တယ်၊ နောက် တစ်ခုက ဒီဟာနဲ့ပက်သက်ပြီး ပတ်ဝန်းကျင်မှာ ပြောဆိုဆုံးမမယ့်သူမရှိဘူး၊ ဒီလိုလုပ်တာ ကောင်းတယ် မကောင်းဘူးဆိုတာက လူတိုင်းရဲ့ ဆုံးဖြတ်ပိုင်ခွင့်ပဲ၊ ကိုယ့်ရဲ့ တန်ဖိုးထားမှုအပေါ် မူတည်တယ် လို့ပြောပါ တယ်။

လက်မထပ်ဘဲအတူနေထိုင်ပြီးမလိုချင်ဘဲ ကိုယ်ဝန်ရလာတဲ့အခါ ဖျက်ချမှုတွေလုပ်တာတော့မကောင်း ဘူး လိုဆိုပါတယ်။ရန်ကုန်တက္ကသိုလ်စိတ်ပညာဌာနပါမေက္ခဌာနမှူး ဒေါက်တာအောင်မြတ်ကျော်စိန်က မျိုး ဆက်ပွားကျန်းမာရေးနဲ့ပက်သက်ပြီး ပညာပေးမှုတွေရှိတယ်၊ ဒါပေမဲ့ ကျောင်းသားလူငယ်တွေ၊ ဘွဲ့ကြိုေ ကျာင်း တွေမှာ ပညာပေးမှုတွေ အားနည်းချက်တွေ ရှိကောင်းရှိနိုင်တယ်၊ အရွယ်မတိုင်ခင် လိင်ဆက်ဆံလို့ မလိုချင်ဘဲကိုယ်ဝန်ရနိုင်တယ်၊ အိတ်ခ်ျအိုင်ဗွီအပါအ၀င် လိင်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ အကြောင်း ကျောင်းတွေမှာ ပညာပေးဟောပြောပွဲတွေလုပ်တာ အားနည်းနေတယ် လို့သူ့အမြင်ကို ပြောပါ တယ်။

သူကဆက်ပြီး တစ်ချို့မိဘတွေကျတော့ ပြောလိုက်မှကလေးက လက်တည့်စမ်းတာတွေ ဖြစ်နိုင်တယ် လို့ ယူဆတာတွေရှိတယ်။ သည်လိုမပြောလည်း လုပ်ကြမှာပဲ၊ ပြောထားတာမမှားဘူး။ ကာကွယ်မှုစနစ်တကျ လုပ်နိုင်မယ်လို့ပြောပါတယ်။

အင်န်ဂျီအိုအဖွဲ့အစည်းတစ်ချို့က မျိုးဆက်ပွားကျန်းမာရေးနဲ့လိင်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ ဖြစ် ဖို့အလားအလာများတဲ့နေရာတွေ၊ ကျိုင်းတုံ၊ မူဆယ်၊ တာချီလိတ်စတဲ့နေရာတွေကို ပညာပေးမှု တွေ၊ ကွန် ဒုံးဝေတာတွေလုပ်ကြတယ်။ သည်လိုနေရာတွေကို အဓိကပစ်မှတ်ထားလုပ်တာကြောင့် မြို့ပေါ်နေရာတွေ မှာ ပညာပေးမှုအားနည်းတာမျိုးဖြစ်နိုင်တယ်လို့ဆိုပါတယ်။

အမျိုးသမီးငယ်တွေ လက်မထပ်ဘဲ အတူနေထိုင်တဲ့ဖြစ်ရပ်အပေါ် ဒေါက်တာအောင်မြတ်ကျော်စိန် သုံးသပ် တာက ခုချိန်မှာ နေထိုင်မှုစရိတ်တွေကအရမ်းတက်လာတယ်၊ အလုပ်အကိုင်အခွင့်အလမ်း မြင့်လာတယ် ဆိုပေမဲ့ ငွေရှာရတာခက်လာတယ်၊ သုံးစွဲဖို့တော့ လွယ်တယ်၊ ရန်ကုန်မှာတိုက်ခန်းတွေ ပေါ တယ်၊ ငှားဖို့အ ခက်အခဲတွေရှိတယ်၊ နှစ်ယောက်လုံးမှာအလုပ်ရှိတယ်ဆိုပေမဲ့ ကိုယ့်ဟာကိုယ်သုံးစွဲဖို့ ပဲဝင်ငွေရှိတယ်၊ အိမ်ထောင်တစ်ခုထူထောင်ဖို့မပြည့်စုံဘူး၊ ဒါတွေကလူမူရေးပြဿနာတွေဖြစ်လာ တယ်လို့ပြောပါတယ်။

ဆယ်ကျော်သက် လူငယ်တစ်ချို့က အနုပညာရှင်တွေရဲ့နေထိုင် လုပ်ဆောင်ပုံတွေကို အတုယူကြတာ လည်းရှိတယ်။ ခုနောက်ပိုင်း အင်တာနက်ပေါ်မှာ ပျံ့နှံ့နေတဲ့အနုပညာရှင်တစ်ချို့ရဲ့ လုပ်ကိုင်ပုံ၊ ၀တ် စား ဆင်ယင်ပုံတွေက လူငယ်တွေကိုအတုယူလွဲစေဖို့ တွန်းအားတစ်ခုဖြစ်နိုင်တယ်လို့ ပညာရှင်တစ်ချို့ က သုံး သပ်ပါတယ်။


0 comments: