Thursday, November 22, 2012
0
From:oppositeye
အများကြိုက် ဒီမိုကရေစီ ခေတ်တွင် အလံဟောင်းကို ထမီလုပ်ဝတ်လို့ နို့တွဲလောင်း လွှတ်တော် ကိုယ်စားလှယ်ပုံအနုပညာများ တရားဝင် ဖန်တီးခွင့်ကို ကန့်သတ်ထားသလား မထားလားတော့ ကျွန်တော် မပြောတတ်။ ပန်းချီဆရာ၏ စာမျက်နှာတွင်တော့ ဒီလို ဖြေရှင်းထားပါတယ်။

ကျနော့် သူငယ်ချင်း မလေး တစ်ယောက်ရဲ့ စကားတစ်ခွန်းကို သတိရမိလို့ပါ ......သူမ အဖေ က တောရွာလေး တစ်ရွာမှာတာဝန်ကျခဲ့ဖူးတဲ့ အရာရှိ တစ်ယောက်ပါ.....သူမကို မိုးရာသီ မှာမွေးတာဆိုတော့ အနှီး မလောက်တော့ရင် သူမအဖေကသူမကို အလံ အဟောင်းတွေနဲ့ အနှီးပတ်ပေးလေ့ရှိတယ်.... ပထမတန်း ကျောင်းတက်တော့လည်း ဥာဏ်သိပ်မကောင်းပေမယ့် ဒို့အလံ အကြောင်းကိုတော့ အလွတ်ရ တယ်တဲ့....ဒို့အလံရဲ့ ကြယ်ဖြူ (၁၄)လုံး....စပါးနှံနှင့် စက်သွား ...အနီရောင် နှင့်အပြာရောင် တို့ရဲ့ သဘောတရားတွေကို သူမ ရင်းရင်းနှီးနှီး သိတယ်တဲ့.....ဒါပေမယ့် ဘာကြောင့်မှန်းမသိ ပြောက်ဆုံးသွားတာဟာ သူမရဲ့ ဖွားဖက်တော်တစ်ယောက် သေဆုံးသွားသလို ခံစား ရပါ တယ်တဲ့.. ....... 
ပန်းချီဆရာရဲ့ စာမျက်နှာကတော့ ဒီမှာ ပါ။

 

0 comments: