Thursday, November 22, 2012
0
  From: oppositeye
နိုဘယ်ဆုနှင့်တကွ များပြားလှစွာသော ဆုတံဆိပ်များကို ကျွန်တော် ဂရုမစိုက်။ ကျွန်တော် သိသည် က သူမ သည် မြန်မာနိုင်ငံ ၏ လွှတ်တော် အမတ် တစ်ဦးဖြစ်သည်။ မြန်မာ ၀တ်စုံကို လေဒီ ရှုးရောင်စုံဖြင့် တင့်တယ် စွာ ၀တ်ဆင်ပြီး ကမ္ဘာ ပတ်ခဲ့သည့် သူမကို မြန်မာ ၀တ်စုံ ၀တ်ပြီး မြန်မာဖိနပ် ဘာကြောင့် မစီးလဲ ဆိုပြီး ကျွန်တော် တို့ အပြစ် မတင်ခဲ့ကြ။ (ဤတွင် ခြေထောက်ဖုံး လိုသည့် အကြောင်းပြချက် ဆိုပါက ယနေ့ မြန် မာ ခေါင်းဆောင်ကြီး များ တိုက်ပုံ၊ ပုဆိုးနှင့် ရှုးဝတ်ဆင်သည့် ပုံ မတွေ့ရ သည် ကို ပြော လိုပါသည်။)
နိုင်ငံခြား တွင် အနေကြာခဲ့၍လား။ နေအိမ် အတွင်း အနေများသည့် အချိန်တွင် မြန်မာ့ ယဉ်ကျေးမှု အကြောင်း ဖတ် ရန် မေ့လျော့ ခဲ့သည်လား မပြောတတ်။ သူမ သည် တိုင်းတစ်ပါး သားကို ဆုံးဖြတ် ချက် မြန်စွာဖြင့် လက်ထပ်ခဲ့ပြီး သည့်နောက် တိုင်းတစ်ပါးသား အနမ်းကို လူမြင်ကွင်း တွင် ပြုံး ရွှင်စွာ ခံယူ ခဲ့လေ၏။ သမ္မတ အိုဘားမားသည် ထိုင်းနိုင်ငံ ကို ရောက်ခဲ့စဉ် ထိုင်းဝန်ကြီး ချုပ်ကို ပွေ့ဖက် နမ်းရှုပ်ခြင်း မပြုခဲ့ဘဲ မြန်မာနိုင်ငံ ရောက်မှ နမ်းဖို့ စိတ်ကူးပေါ်ခဲ့သည် မှာ မြန်မာနိုင်ငံမလာ ခင် မြန်မာ့ယဉ်ကျေးမှု အကြောင်း အရင်ဖတ်ခဲ့ မည် ထင်သော ကမ္ဘာ့ ထိပ်သီး သမ္မတ၏ စိတ်ကူးသက်သက်မှ ဟုတ်ပါလေစ။
နောင်တစ်ချိန် ကမ္ဘာပတ်မည့် မြန်မာခေါင်းဆောင်များက ထိုသို့လုပ်လာသည်ကို ငြင်းဆန်ပါက ဆုတံဆိပ် များ ရှင် သူမကို ပြ၍ သူမတောင် ပြုံးပြီး နားလည်တတ်တာ၊ နင်တို့က ဘာမို့လို့လဲ ဆိုရင် မခက်ကုန် ပါလား။ ဖိလစ်ပိုင် သမ္မတ ဟောင်း အာရိုယိုသည် အမျိုးသမီး သမ္မတအဖြစ် တာဝန်ထမ်းဆောင်သည်မှ စ၍ သူမကို ပွေ့ဖက်နမ်း၍ နှုတ်ဆက်ခြင်းအား မလုပ်ရန် တောင်းပန်ခဲ့ သည်။ ပွေ့ဖက်နမ်း ကာ နှုတ်ဆက်ခြင်းသည် မြန်မာ့ ယဉ်ကျေးမှု မဟုတ်သည်ကို သူမ သိမှ သိပါလေစ။
အခုတော့ မြန်မာကသာမက ကမ္ဘာကပါ ထိုဓာတ်ပုံများအတွက် စိတ် ပျက်ကြလေ သည်။ တွေ့ မရှောင် အကုန် နမ်းသော အိုဘားမား ဓာတ်ပုံများကို ကြည့်ချင်လျှင် ဒီမှာ သွားကြည့်ပါ။
 အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားသော် အနမ်း
 ကိုရီးယားဘာသာဖြင့် ဖော်ပြထားသော အနမ်း
 ရုရှားဘာသာဖြင့် ဖော်ပြထားသော အနမ်း
 ဂျပန်ဘာသာဖြင့် ဖော်ပြကြသော အနမ်းပုံရိပ်
 ထိုင်းဘာသာဖြင့် ပက်ပက်စက်စက်ဝေဖန်ထားသော အနမ်း

 
အနမ်းတံဆိပ် ခတ်နှိပ်လိုက်သည်
ပုံတွေကြည့်တာ အားမရဘူး၊ ဗီဒီယိုလေးပါ ကြည့်လိုက်မယ်ဆိုရင်တော့ ဖျတ်ဖျတ်လူးသွားတဲ့ အပျိုမလေး အလား တက်ကြွနေသူလေးကို တွေ့ရပါအုံးမယ်..
 

0 comments: