Wednesday, November 21, 2012
0

ပျောက်ဆုံးနေသော မြန်မာ စစ်သား (၃) ဦးကို ယခု အချိန်ထိ ပြန်မရသဖြင့် ဘင်္ဂလာဒေခ်ျ့ နှင့် မြန်မာအ ကြား ဖြတ်ကျော် သွားလာနေသော နယ်စပ်ဂိတ် များ အားလုံး ကို မြန်မာဘက်က  စတင် ပိတ်ထားလိုက်ပြီ
 ဖြစ်သည်။

ယခုပိတ်လိုက်သော နယ်စပ်ဂိတ်များတွင် နတ်မြစ်ကို မော်တော်ဘုတ်များဖြင့် နေ့စဉ် ဖြတ်ကျော် သွား လာနေသော ပတ်စ်ပို့ဂိတ်လည်း ပါဝင်သည်ဟု ဒေသခံ စီးပွားရေး သမား တစ်ဦးက ပြောသည်။“ အခု ပိတ်ထားလိုက်တဲ့ ဂိတ်တွေမှာ မောင်တောနဲ့ တက်ကနက်မြို့အကြား တရက်တာ ဗီဇာနဲ့ ပတ်စ်ပို့ ကိုင် သွားလာနေတဲ့ မောင်တောမြို့ပေါ်က ပီအိုကြီးဂိတ်လည်း ပါဝင်ပါတယ်။ ဒီလ ၁၉ ရက်နေ့ကနေ စ တင် ပိတ်ထားလိုက်တာ ဖြစ်ပါတယ်” ဟု ဆိုသည်။

တခြား ပိတ်ထားလိုက်သော ဂိတ်များမှာ ချောင်းဝတိုင်းတွင် ဖွင့်လှစ်ထားသော ငခူရဂိတ်၊ ခံပြင်ဂိတ်၊ ရွက် ညိုးတောင်ဂိတ်၊ မင်္ဂလာကြီးဂိတ်၊ မကျဲချောင်းဂိတ်၊ နခေါင်းတောင်စသည့် ဂိတ်များ အားလုံး ပါဝင်သည်ဟု သိရသည်။မြန်မာဘက်က ဂျီးအီး စစ်သား (၃) ကို ပြန်လည် မရရှိသဖြင့် နယ်စပ်တွင် အခြေအနေများ တစ်နေ့ထက် တစ်နေ့ တင်းမာလာနေရာမှ ယခုအခါ နယ်စပ် ဖြတ်ကျော်သွားလာနေသော ဂိတ်များကို စတင် ပိတ်ထားလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ မြန်မာနစကနဲ့ ဘင်္ဂလာဒေခ်ျ့က နယ်ခြားစောင့်တပ်ဖွဲ့ ဘီဂျီဘီတို့ တပ်သား သုံးယောက် ကိစ္စ အကြိမ် ကြိမ် အစည်းအဝေး ထိုင်ခဲ့ကြပါပြီ။ မြန်မာဘက်က တောင်းတာလည်း အကြိမ်ကြိမ်ရှိပါပြီ။ ဒါပေမယ့် မရတဲ့ အတွက် နယ်စပ် အခြေအနေက တဖြည်းဖြည်းတင်းမာလာပြီး အခုတော့ ဂိတ်တွေကိုပါ မြန်မာဘက်က စတင် ပိတ်လာတာ ဖြစ်ပါတယ်” ဟုဆိုသည်။

မြန်မာဘက်က နယ်စပ်တလျှောက်တွင် တပ်ရင်းများ အခိုင်အမာချထားပြီး  အခင်းဖြစ်ပွားရာ ဒေသတွင် အခုအချိန်ထိ စစ်သားများ နေရာယူထားသည်ဟု သိရသည်။မြန်မာ တပ်သား (၃) ဦးသည် မောင်တောမြို့ နယ်မြောက်ပိုင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံနှင့် ကပ်ရပ်တည်ရှိသော အောင်သပြေ နစက နယ်မြေ (၁) တွင် လမ်း လုပ်နေရာမှ လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ ဖမ်းဆီး ခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်။ ဖမ်းဆီးစဉ် အတွင်း ပစ် ခတ်မူ ဖြစ်ပွားသဖြင့် ကျော်ကျော်ထွေးဆိုသည့် စက်ပြင် ဆရာ တစ်ဦး သေဆုံးခဲ့သည်။

နယ်စပ် အခြေအနေ တင်းမားနေသဖြင့် ယနေ့တွင် နစကနှင့် ဘီဂျီဘီတပ်ဖွဲ့တို့အကြား နှစ်နိုင်ငံ တပ်မှူး အဆင့် အလံတင် အစည်းအဝေးကို မြန်မာဘက်ခြမ်း တောင်ပြိုတွင် ပြုလုပ်ကြမည်ဟု သတင်း ရရှိသည်။

0 comments: