Wednesday, November 21, 2012
0
သန်မာတဲ့သွားတွေဟာ ကျန်းမာတဲ့အခြေအနေကိုဖော်ညွှန်းပါတယ်။ သွားတွေကျန်းမာမှ ကိုယ်စားချင်တာ စားလို့ရမှာ ဖြစ်ပါတယ်။ ကိုယ်ခံစားချင်တဲ့ အရသာကို မြည်းစမ်းနိုင်ကြမှာ ဖြစ်ပါတယ်။ သွားဟာ ခန္ဓာကိုယ် အတွက် အရမ်းအရေးကြီးပါတယ်။ ဒါ့အပြင် လူတစ်ယောက်ရဲ့ အလှအပ ကိုလည်း သွားဟာ အဓိက ပံ့ပိုးပေးနိုင်ပါတယ်။

ရုပ်ဘယ်လောက်လှလှ၊ သွားမလှ၊ သွားချေးထူ၊ သွားကျိုးနေရင် ရုပ်ရဲ့ အလှကို ကောင်းစွာ ပျက်စီးစေနိုင် ပါတယ်။သွားဟာကျိုးနေခြင်း၊ ပဲ့နေခြင်း၊ အခေါင်းပေါက်ဖြစ်နေခြင်း၊ သွားနှုတ်ထားခြင်းတို့ဟာ လည်း လူ တစ်ယောက်ရဲ့ နုပျိုမှုကိုလျှင်မြန်စွာတိုက်စားနိုင်ပါတယ်။ အထူးသဖြင့် သွားနှုတ်ထားတဲ့သူတွေ ဟာ အမြန် အရွယ် အိုတတ်ကြပါတယ်။ ဒါကြောင့်သွားဟာ အလှအပအတွက်သာမက ကျန်းမာရေးအတွက် ပါ အရေး ကြီးနေတာမို့ သွားအလှ ကို ဖော်ပြလိုက်ရပါတယ်။

သွားတိုက်မှန်စေဖို့
သွားတိုက်တဲ့အခါမှာ နည်းစနစ်တကျနဲ့ မှန်ကန်မှ ခံတွင်းထဲက အညစ်အကြေးတွေကို သန့်စင်ရှင်းလင်းနိုင် မှာဖြစ်ပါတယ်။ အရင်ဆုံး လိုအပ်တာကတော့ သွားတိုက်တံကောင်းကောင်း တစ်ချောင်းပဲ ဖြစ်ပါတယ်။ သွားတိုက်တံကောင်းကောင်းနဲ့ တိုက်တာဟာ အကောင်းစား ကြိုက်တတ်အောင်သင်ပေးတာ မဟုတ်ပါဘူး။ သွားရဲ့ကျန်းမာရေးအတွက် ပြောတာဖြစ်ပါတယ်။ နောက်ပြီး သွားတိုက်တံကို ရက်ကိုးဆယ်ခြားတစ်ခါ လဲ လှယ်အသုံးပြုပေးရမှာ ဖြစ်ပါတယ်။ တစ်နေ့ကို နှစ်ကြိမ်ခန့် တိုက်ပေးသင့်ပြီး တစ်ကြိမ်က နံနက်စာစားပြီး တဲ့အချိန်နဲ့ နောက်တစ်ကြိမ်က ညအိပ်ရာမ၀င် ခင်အချိန်တို့ပဲ ဖြစ်ပါတယ်။


သွားချေးတက်စေသော အစားအသောက်များ
သွားအလှကို ပျက်ယွင်းစေတဲ့ အစားအသောက်တွေထဲမှာ ပျိုတို့ သောက်လေ့ရှိတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ၀ိုင်နီ၊ ဆေးလိပ်တို့ဟာ သွားရဲ့ အရောင်ကိုပျက်ယွင်းစေပါတယ်။ အထူးသဖြင့် ကော်ဖီ အသောက်များတဲ့ သွားတွေဟာ သွားအရောင်ကို ပျက်ယွင်းစေပါတယ်။ ကွမ်းစားခြင်းဟာ လည်း သွားရဲ့အရောင်ကို ပျက်စေပါတယ်။ ဒီအစားအသောက်တွေဟာ သွားထဲမှာ ကြာရှည်စွာ ခိုအောင်းနေနိုင်ပြီး သွားချေြး ဖစ်စေ ပါတယ်။ ဒီအတွက် ဒီအစားအသောက်တွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ပြီး မနက် မိုးလင်း လို့ နံနက်စာ စားပြီးတာနဲ့ သွားမှန်မှန်တိုက်ပေးဖို့ လိုပါတယ်။ ကိုယ်စားနေတဲ့ အစားအသောက်တွေ ထဲမှာ အချိုဓာတ် မပါရင် မဖြစ်ဘူးဆိုတဲ့ ပျိုမေများကို သတိထားစရာလေးတွေ ပြောပြချင်ပါတယ်။ သကြားဓာတ်ဟာ PH Level ကိုများစွာကျဆင်းစေပြီး ဘတ်တီးရီးယားပိုးတွေရှင်သန်နိုင်အောင်မွေးပေးနေသလို ဖြစ်နေပါလိမ့် မယ်။ အဆုံးမှာတော့ သွားအခေါင်းပေါက်ခြင်း၊ သွားပိုးစားခြင်းတို့ ဖြစ်လာပြီး သွားနှုတ်ရ တတ်ပါတယ်။ တချို့လုပ်လေ့ရှိပါတယ်။ ရေခဲရည်သောက်တာပဲဖြစ်ဖြစ်၊ တခြားရေခဲပါတဲ့ဟာ ကို သောက်သုံးတာပဲဖြ စ်ဖြစ် ရေခဲကို ၀ါးစားတဲ့အကျင့်လေးပါ။ ရေခဲကိုမ၀ါးပါနဲ့။ သွားကိုထိခိုက်စေလို့ ဖြစ်ပါတယ်။ တခြားမာေ ကျာတဲ့ အစားအသောက်တွေကိုလည်း ၀ါးစားတာတတ်နိုင်သမျှ ရှောင်ကြဉ်ပေးပါ။ အချို စားပြီးလို့ပဲဖြစ်ဖြစ်၊ နံနက်စာ စားပြီးလို့ပဲဖြစ်ဖြစ် သွားတိုက်တော့မယ်ဆိုရင် အနည်းဆုံး မိနစ်သုံးဆယ် ခန့် စောင့်ဆိုင်းပြီးမှ သွားတိုက်ပေးသင့်ပါတယ်။

သွားအလှကို တောက်ပြောင်စေသော အစားအသောက်များ
ပန်းသီးစားပေးပါ။ စတော်ဘယ်ရီလည်း စားသုံးနိုင်ပါတယ်။ စတော်ဘယ်ရီထဲမှာ သွားကိုဖြူစေတဲ့ ဓာတ် ပစ္စည်းတွေပါဝင်ပါတယ်။ မယ်လစ်အက်စစ်ပါဝင်ပြီး သွားချေးတွေကို ဖယ်ရှားပေးပါတယ်။ စတော်ဘယ်ရီနဲ့ သွားဖြူအောင်လုပ်တဲ့နေရာမှာ စတော်ဘယ်ရီကို နှစ်ခြမ်းလှီးပြီး သွားကိုပွတ်ပေးပါ။ ပြီးမှ ရေနဲ့ပလုတ် ကျင်းပြီး သွားတိုက်ဆေးနဲ့တစ်ဖန် ပြန်တိုက်ပေးပါ။ တစ်ပတ်ကို တစ်ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။ သံပရာသီးဟာလည်း စတော်ဘယ်ရီလို သွားဖြူအောင်လုပ်ပေးနိုင်ပါတယ်။ ၀ါထိန်နေတဲ့သွားတွေ ကို ဖြူအောင်လုပ်ပေးနိုင်တယ်။ အက်စစ်ဓာတ်များတဲ့အတွက် တချို့သွားတွေအတွက်တော့ သံပရာသီး ဟာ သင့်တော်ခြင်းမရှိပါဘူး။ သံပရာသီးသုံးစိတ်ကို ဆားနဲ့ရောပြီး တစ်မိနစ်ခန့် တိုက်ပေးပါ။ ပြီးမှ ရေနဲ့ပ လုတ်ကျင်းပြီး သွားတိုက်ဆေးနဲ့တစ်ဖန်ပြန်တိုက်ပေးပါ။ အက်စစ်ဓာတ်ပါတဲ့ အစားအသောက်တွေ ဖြစ် တဲ့အတွက် တစ်ပတ်တစ်ကြိမ်ခန့်သာ ပြုလုပ်ပေးပါ။ ပိုသွားရင် သွားကျန်းမာရေးအတွက် ထိခိုက်နိုင် ပါတယ်။ စတော်ဘယ်ရီနဲ့ သံပရာသီးထဲမှာပါတဲ့ ဗီတာမင်စီနဲ့ အက်စစ်ဓာတ်တွေဟာ သွားရဲ့အပေါ် ယံကြေလွှာကို ပျက်စီးစေနိုင်တာမို့ တစ်ပတ်တစ်ကြိမ်ခန့်သာ ပြုလုပ်ပေးကြပါ။ သံပရာဖျော်ရည်၊ ဂရိတ် ဖရု(တ်)သစ်သီးဖျော်ရည်တို့ဟာလည်း လိမ္မော်ရည်သောက်တာထက် သုံးဆသွားကိုထိခိုက်စေနိုင်တာမို့ သ တိပြုသင့်ကြပါတယ်။

သတိပြုသင့်သော လက္ခဏာများ
သွားနဲ့ ပတ်သက်တဲ့ရောဂါတွေဟာ ကိုယ်တွင်းအစိတ်အပိုင်းတွေနဲ့လည်း ဆက်စပ်နေပါတယ်။ သွားဖုံး မှာ သွေးထွက်လာတာဟာ နှလုံးရောဂါနဲ့ ဆက်စပ်နေပါတယ်။ ဆီးချို၊ လေဖြတ်ခြင်းစတဲ့ တခြားသော ရော ဂါကြီးများနဲ့လည်း ဆက်စပ်နေတာမို့ သွားဖုံးထဲမှ သွေးထွက်ခြင်းကို ပေါ့ပေါ့တန်တန် ယူဆလို့မရပါဘူး။ Mouthwash ခံတွင်းနံ့သန့်ရှင်းအောင် ပလုတ်ကျင်းတဲ့ဟာတွေဟာ အရက်ပါဝင်မှုရှိရင် သွားကင် ဆာကို ဖြစ်ပွားစေနိုင်တယ်လို့ သြစတြေးလျ သွားဂျာနယ်က ဆိုထားပါတယ်။ အယ်လ်ကိုဟော၂၇ ရာခိုင်နှု န်းနဲ့အထက် ပါဝင်မှုရှိတဲ့ဟာတွေကို သတိပြုပြီး သုံးပေးပါ။ သွားကျန်းမာရေးအတွက် တစ်နှစ်ကို နှစ်ကြိမ် ၊ ခြောက်လတစ်ကြိမ်ခန့် သွားဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။

မှားတတ်သော အမှားများ
သွားတိုက်တဲ့အခါမှာ ခပ်ကြမ်းကြမ်းတိုက်ခြင်း၊ ခပ်မြန်မြန်တိုက်ခြင်းဟာ သွားရဲ့အပေါ်ယံကြွေလွှာ ကိုပျက်စီးစေပါတယ်။ အမွှေးကြမ်းတဲ့ သွားတိုက်တံများဟာလည်း သွားကြွေလွှာကို ပျက်စီးစေတာမို့ သတိ ထားသင့်ကြပါတယ်။ ဖြည်းဖြည်းညှင်းညှင်းနဲ့ မိနစ်အနည်းငယ် ကြာတဲ့အထိ တိုက်ပေးသင့်ပါတယ်။သွား တိုက်တဲ့အခါမှာလည်း နေ့စဉ် ကိုယ်စတိုက်နေကျနေရာကနေ စပြီးတိုက်လေ့ရှိပါတယ်။ အမှန်တော့ အဲဒီလို မတိုက်သင့်ပါဘူး။ သွားတိုက်ဘရှက်ရှ်အမွှေးဟာ စတိုက်တဲ့အချိန်မှာ အကောင်းဆုံး အလုပ်လုပ်လေ့ရှိ ပါတယ်။ တိုက်တဲ့လူကလည်း စတိုက်တိုက်ခြင်းမှာ အကောင်းဆုံးနဲ့ ဂရုတစိုက်တိုက်လေ့ ရှိပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တိုက်အားရော၊ ဂရုစိုက်နိုင်စွမ်းအားရော လျော့ကျသွားလေ့ရှိတာမို့ နေ့စဉ် စ တိုက်တဲ့နေရာကို ပြောင်းပြီးတိုက်ပေးသွားပါ။ သွားအလှဟာ ရဲရဲဝံ့ဝံ့ ပြုံးစေနိုင်တဲ့ အလှတစ်ခု လည်း ဖြစ်ပါတယ်။ သွားမလှရင် ဘယ်လိုပြုံးပြုံး မြင်သူ မရွှင်ပြုံးနိုင်ပါဘူး။ မျက်နှာကိုပဲသပြီး သွားအလှကို ပစ်ထားလို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့အတွက် သွားအလှပိုင်ရှင်များ ဖြစ်နိုင်ကြစေရန် ရည်ရွယ်ပါသည်။
Ref: 8 Days Journal

0 comments: