Thursday, December 06, 2012
0

ခုတလောမှာ
သတင်းစာ ဖတ်လိုက်
ဖေ.စ်ဘွတ် ရွာပါတ်လိုက်
မြန်မာ့ဝက်ဘ်ဆိုဒ် ရှာဖတ်လိုက်နဲ့
တွေ့တာတွေက ဆန္ဒပြ
တောင်းဆိုတိုင်း ရရနေကြပေါ့။
သည်တော့ငါလဲ နည်းနည်းတော့နွှဲကြည့်ဦးမှ
အိမ်ကမော်ဒယ်လ်ကြီး အသက်ကြီးမှငါ့လူမထင်
ပင်စင်တင်ပြီးပြီ လဲဆိုရော
နေ့ရောညပါ ချက်ကြွေးတာက ..ဗျာ
ဘဲဥကြော်နဲ့ ချဉ်ရေဟင်းဗျ။
ဒင်းကိုတော့ဆန္ဒ ပြဦးမှဖြစ်မယ်
အိမ်မလည်ခဲ့ဘူးပေမဲ့ ဆယ်ရက်လောက်လိုက်လျှောက်သွား
မနက်စာ ညစာလုံးဝမစားဘဲ
မျက်နှာကိုလဲ ခပ်တင်းတင်းထား
သူငယ်ချင်းနဲ့ တပည့်ရင်းအိမ်တွေမှာ
လှည့်ပါတ်ခါ စားရတဲ့ဘ၀။
တစ်ခါသွားတော့ ရွှေဧည့်သည်
နှစ်ခါနားတော့ ငွေဧည့်သည်
သုံးခါအသွား တံခါးပိတ်ထားတာကြုံရ။
ငါလျှော့မှ ဖြစ်တော့မှာ
ဆန္ဒပြတာ မအောင်မြင်လဲနေ
ခါနာနိမ်းချီ ရဲ့အတွေးနဲ့
အိမ်ဘဲ ပြန်ပြေးရတာပါ့။
မသက်မသာ စိတ်အတွေးနဲ့
မိန်းမကို မေးကြည့်ဦးမှပါ
မြန်မာပြည် တစ်ဝှမ်းလုံး
ဆန္ဒပြသူတွေ တရုံးရုံးနဲ့
အားလုံး အဆင်ပြေကြတာ
ငါ့ကျမှ မင်းကတင်း
အရင်ဟင်းထက် ပိုဆိုးလာပါလား။
ဆန္ဒပြရာမှာ မင်းရဲ့ကြိုတင်ခွင့်ပြုချက်
မယူမိခဲ့လို့လား မေးမှ
သူ့အဖြေက ဒင်းနော် ဟင်း.ဟင်း..ဟင်း
အစိုးရမင်းက လိုက်လျောမှာပေါ့
သုံးနှစ်တောင်မှ မကျန်တော့တာ
နင်က နောက်ကမ္ဘာသွားဖို့
ဆယ်နှစ်လား အနှစ်နှစ်ဆယ်လား မသေခြာ
ပင်စင်စားဆိုတာ ကိုယ့်ကိုကိုယ်သတိရ
သုံးနှစ်သာစားပြီး ဘ၀ခြားမယ်ဆိုရင်
နေ့စဉ် ၀က်သား ကြက်သား
အ၀သာ စားသွားဟဲ့
အစိုးရနဲ့ ပြည်သူအကြား
ဒီမိုကရေစီနဲ့ သွားပေမဲ့
နင်နဲ့ ငါ့အကြား ဒီမိုကရေစီစကားလာမပြောနဲ့
ကျွေးတာ စားရင်စား
မစားနိုင်ရင် အိမ်ပေါ်ကဆင်းသွားတဲ့။
ဒါလားကွဲ့ ဆန္ဒပြခြင်းရဲ့ ရလာဒ်
အခုတော့ အောက်ထပ်မှာ အိပ်နေရပြီ
ကျွန်တော်ရသော ဒီမိုကရေစီ စစ်စစ်ပါ ခင်ဗျာ။

0 comments: