နိုင်ငံရေးနဲ့ ပါတ်သက်လို့ လော့မောင့်ဘက်တန်ရဲ့ နိုင်ငံရေးလောကဟာ လူယုတ်မာတွေ ခိုးကိုးရာဆိုတဲ့ စကား ကို သူ့ရှေ့မှာတင် ဥပမာလေးနဲ့ ဗိုလ်ချုပ်ပြောခဲ့တာလေး ပြန်ပြောချင်ပါရဲ့..... သူဥပမာ ပေးတာက ဒီ Orient Club ဟာလူအများစုဝေးဖို့ ဆောက်ထားတယ်....အစောင့်အကြပ်ကင်းမဲ့တဲ့အချိန်တိုင်းမှာတစ်ခါတစ်ခါ ခွေးတွေ တက်အိပ်ကြတယ်....အဲ့ဒီလို ခွေးတွေတက်အိပ်နေတာကိုကြည့်ပီးဒီအဆောက်အဦးကြီးဟာ ခွေးအိပ်ဖို့ ဆောက် ထားတာပါလို့ဆိုရင် မှန်ပါ့မလား၊ မမှန်ပါဘူး။ ဒါကြောင့် နိုင်ငံရေးဟာလည်း ဒီလိုပါပဲ.... အင်မတန် မွန်မြတ်လှ ပါတယ်....
ဒီအဆောက်အဦးကြီးပေါ်မှာ ခွေးတက်အိပ်သလို၊ လူယုတ်မာတွေလည်း အလစ်မှာ နိုင်ငံရေး လောကထဲကိုဝင် လာတတ်ပါတယ်.... အဲ့ဒိလို ၀င်လာတဲ့အခါမှာ မျက်ခြည်မပြတ် ဟန့်တားဝိုင်းပယ်နိုင်မှ နိုင်ငံရေးလောကကြီး ဟာ သန့်ရှင်းစင်ကြယ် မွန်မြတ်လာမယ်.... ဒါပဲ ကျုပ်ပြောချင်တာ ဆိုတဲ့ စကားလေးပါပဲ....
အခုလည်း ဒီလိုပါပဲ တရုတ်နဲ့ အမေရိကန်ခြေပုန်းခုတ်နေပီး မြန်မာပြည်မှာ ခြေရှုပ်နေချိန်မှာငါ့ဖို့သာကြည့်တဲ့ လူ
လူတွေရဲ့ မြှောက်လုံး၊ပင့်လုံး၊လှိမ့်လုံး၊လှန့်လုံးတွေနဲ့လူတွေလမ်းပေါ်
မရောက်ရောက်အောင် တွန်းတင်နေတာ ကို မြင်တတ်အောင် မြင်ကြည့်ကြဖို့
လိုပါတယ်။ အထူးသဖြင့် ဒီမိုကရေစီ မစစ်တစစ်ကနေ နုနယ်တဲ့ ဒီမို ကရေစီ
အဖူးအငုံသစ်စီကိုသွားနေတဲ့ မြန်မာနိုင်ငံအဖို့ လမ်းတစ်ဝက်မှာ
ချွေယူပစ်ဖို့ ကြံနေတဲ့ လူယုတ်မာ နိုင်ငံရေးသ မားတွေရဲ့ ခြေလှမ်းတွေကို
မျက်ခြေမပြတ် သတိထားဖို့၊ ဘယ်အရာမဆို မျက်စိမှိတ် ယုံမယ့်အစား
ခြင့်ချိန်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်.....
0 comments:
Post a Comment