Tuesday, December 04, 2012
0
 

မိသားစု အိမ်ထောင်တစ်ခုမှာ မိခင်ရှိတော့ စားရေးသောက်ရေး၊ အိမ်မှုကိစ္စများ၊အချုပ်အလုပ်ကစပြီး ဘာမှပူပန် စရာမရှိပေ။ အနည်းအားဖြင့် အိမ်ထောင်တစ်ခုမှာ ဆင်းရဲချင် ဆင်းရဲလိမ့်မည်။ ဒါပေမယ့် မိခင်စေတနာကတော့ ဘယ်တော့မှပြောင်းလဲသွားမှာမဟုတ် ဘူး။အိမ်ထောင်တစ်ခုမှာဖခင်ရှိတော့ လုံခြုံတယ်။မင်းတို့အဖေတွေ က ဒေါသကြီးတတ်လို့အပြောခံချင်ခံရလိမ့်မယ်။ ဒါပေမယ့် ဖခင်ရင်ခွင်မှာ အဖေ့ရင်ခွင်ဟာ မိသားစုတစ်ခု အတွက် လြုံ ခုံမှု၊ နွေးထွေးမှု၊ ငြိမ်းချမ်းမှုရှိတယ်။ ဒီလိုပဲ ဒို့နိုင်ငံမှာ မိဘ နဲ့တူတဲ့ တပ်မတော်ဆိုတာရှိတယ်။ ဒို့ ပြည်သူပြည်သာတွေအတွက် မိခင်လို လိုလေသေးမရှိအောင်နဲ့ ဖခင်လို လုံခြုံမှု၊ နွေးထွေးမှု၊ ငြိမ်းချမ်းမှု ရှိအောင် လို့ အမြဲ ဦးထိပ်ထား ပေးဆပ်ထားတယ် ငါတို့အသက်၊ ခန္ဓာတွေနဲ့အတူတူပေါ့။

ဒါပေမယ့် မင်းတို့ပြောခဲ့ကြတယ်နော်။ ဟုတ်ပါတယ် စစ်တပ်ဆိုတာ လူမဆန်ဘူး။ အေး မှန်တယ် ဒို့လူမဆန်ဘူး ဆိုတာ ဒို့နိုင်ငံကို မငြိမ်းချမ်းအောင်လုပ်တဲ့လူတွေအပေါ်၊ ဒို့တိုင်းပြည်အပေါ် မရိုးမသား လုပ်တဲ့သူတွေအပေါ်၊ ဒို့ တိုင်းပြည်နဲ့ ဒို့လူမျိုးကို ဖျက်ရာဖျက်စီးလုပ်တဲ့သူတွေအပေါ်ပဲ။ သားဆိုး၊ သမီးဆိုးကို အဖေရိုက်ပြီးဆုံးမချင် ဆုံးမမယ်၊ ကိုယ့်သားသမီးကိုတော့ ဘယ်သူစိမ်းမှ အထိမခံတတ် တာ ကျွန်တော်တို့တပ်မတော်သားတွေရဲ့ သစ္စာပါ။ ဟုတ်ပါတယ် စစ်တပ်က လူလည်။ အေးမှန်တယ် ငါတို့လည်တာ ဒို့တိုင်းပြည်ကိုကာကွယ်ဖို့အတွက်ပဲ။ ကိုယ်ကျိုးအတွက်လို့ထင်ရင် ကိုယ့်မိဘတွေ လည်း ထမင်းစားတာကိုပြေးမြင်ကြည့်ပါ။ ဘယ်သားသမီးကို ဘယ်တုန်း ကများ အငတ်ထားခဲ့ဖူးသ လဲဆိုတာ သိပါလိမ့်မယ်။

အိမ်တစ်  အိမ်မှာ မိဘများကစည်းကမ်းကြီးရင် သားသမီးတွေက ငြိုငြင်တတ် ကြစမြဲပဲ။ ပျော့ညံ့ညံ့ မိဘတွေရှိတဲ့ အိမ်တစ်အိမ်ကိုကြည့်ပါ။တစ်အိမ်လုံး ကမောက်ကမတွေဖြစ်သွားနိုင်ပါတယ်။ သားသမီးတွေကို မွေးထုတ်ခဲ့တဲ့ မိ ဘတွေမှာသားသမီးတွေကို ကာကွယ်ဖို့အသိဥာဏ် ရှိပါတယ်။တပ်မတော်ဆိုတာလည်းမကြာမကြာပျောက်ပြီး ၀ုန်းဆိုရောက်လာတဲ့ မိစ္ဆာကောင်ကြီးတွေမဟုတ်ပါဘူး။ ဒီမြေမှာမွေး၊ ဒီရေအတူသောက်၊ ဒီတစ်မိုးအောက်မှာ အတူတူနေထိုင်လာကြပြီး ပြည်သူထဲကပေါက်ဖွားလာကာ လူမျိုးပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့မြန်မာတပ်မတော်ပဲဖြစ် တယ် ။ငါတို့ကို ကျေးဇူးတင်ချင်လည်းတင်ပါ မတင်ချင်လည်းနေပါစေ။ ငါတို့ကတော့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး အတွက်အသက်ပေးပြီး ကာကွယ်နေဦးမှာပါ။ ဘယ်သူမြင်မြင် မမြင်မြင် ကိုယ့်စေတနာကိုယ်မြင် ပါတယ်။ ဘယ် သူယုံယုံ မယုံယုံ ကိုယ့်သစ္စာကိုယ်ယုံပါတယ်။ ဘယ်သူသိသိ မသိသိ ကိုယ့်သတ္တိ ကိုယ်သိ ပါတယ်။ ဘယ်သူခွဲခွဲ မခွဲခွဲ ဒို့ ရင်ဘက်ထဲမှာ အမြဲစွဲထားတာ ပြည်ထောင်စုစိတ်ဓာတ်ပါပဲ။


 ခလုပ်ထိမှ အမိတတတ်တဲ့အလေ့အကျင့်ဟာ ငါတို့နိုင်ငံသားတိုင်းရဲ့စိတ်ထဲမှာစွဲမြဲနေတတ်ပါပြီ။ကိုယ့်တိုင်းပြည် မငြိမ်းချမ်းတဲ့အချိန်မျိုး၊ ဘေးအန္တရာယ်ဆိုးတွေနဲ့ကြုံကြိုက် တဲ့အခါမျိုး၊ တိုင်းတပါးကျူးကျော်လာတဲ့အချိန်မျိုးတွေ မှာ မိမိကို တမှတပါ့မလားလို့ မျှော်လင့်မိတဲ့မိခင်လိုငါတို့တပ်မတော်ဟာ မျှော်လင့်ချက်အပြည့်နဲ့ပါ။ တောင့်တ သ ည်ဖြစ်စေ၊ မတောင့်တသည်ဖြစ်စေ ဒီလိုအန္တရာယ်ဆိုးတွေနဲ့ကြုံလာပြီဆိုရင်လည်း အရင်ဆုံးရောက်နှင့်နေတာ ငါတို့တပ်မတော်ပါပဲ။ မည်သူမျှမလုပ်ချင်သော၊ ခက်ခဲကြမ်းတမ်းသော အလုပ်မျိုးများတွေလည်း ရှေ့ဆုံးကာ ဦးဆောင်ပြုလုပ်နေသူများမှာလည်း ငါတို့တပ်မတော်သားများပင်ဖြစ် ပါသည်။ ဒီလိုအလုပ်တွေလုပ်နေရတာကို က ငါတို့တပ်မတော်သားတွေရဲ့ ရင်ထဲမှာ ပီတိအပြုံးများအပြင် ဘာများရသေးလဲ။

 
ငါတို့အလုပ်၊ငါတို့တာဝန်အပြင် ဒီလိုလူမှုအကျိုးဆောင် လုပ်ငန်းများမှာတပ်မတော်ခေါင်းဆောင်များမှ ကိုယ်တိုင် ကိုယ်ကျ အားတက်သရော ပါဝင်ကူညီနေတာတွေ၊ ပြည်သူတွေရဲ့ မျက်ရည်လွယ်သော ပီတိအပြုံးတွေကို ငါတို့ မြင်ရတိုင်း ၀မ်းသာမဆုံးဖြစ်ရတာလဲ ငါတို့ပါပဲ။ စစ်ရဲ့အနိဌာရုံများကို အများဆုံး မြင်တွေ့ရတဲ့ ငါတို့တပ်မတော် သားတွေအနေနဲ့ စစ်မက်ဖြစ်ပွားခြင်းကို အထူးအရှောင်ချင်ဆုံးပါ။သို့ ပေမယ့် ငါတို့ပြည်သူပြည်သားတွေကိုတော့ လာမထိနဲ့၊ အသက်သေချင်သေသွားပါစေ၊ ကိုယ်ခန္ဓာ စွန့်လွှတ်ချင် စွန့်လွှတ်ရပါစေ တိုက်ပွဲဝင်သွားမည်ဖြစ် သည်။ တစ်ခုပဲပြောချင်ပါသည် မင်းတို့မင်းတို့လေးတွေဘယ်ဘ၀ရောက်ရောက် မှတ်သွားကြပါ တပ်မတော်သာ အမိ တပ်မတော်သာအဖဖြစ်သည်။









0 comments: