Tuesday, December 04, 2012
0

နောင်တခါ စိတ်ဆိုးရန်ဖြစ်တိုင်း
မင်းနဲ့  ငါနဲ့ မပြောတော့ ဘူးချစ်သူ...........
မင်းနဲ့ငါနဲ့မပြောနဲ့ ကျမက ပြည်သူဆိုတော့

ယူနီဖောင်းဝတ်ထားတဲ့ မောင်က ပြည်သူမဟုတ်လို့ လား.........။

နေရာတိုင်း ဌာနတိုင်း
ရုပ်စွအဆုံး ရန်ကုန်က ကက စီးတိုင်းတောင်
ငွေပိုပေးတိုင်း အဆင်ပြေနေတဲ့  တိုင်းပြည်ကြီးမှာ
အစိုးရ ဌာနတွေကပဲ လာဒ်စားနေတယ်လို့ ပြောတာတော့ ချစ်သူရယ် နည်းနည်းမလွန်ဘူးလားကွယ်....... လပြည့်မတိုင်ခင်မှာ အဖြေပေးပါလို့ ပြောတာ
လပြည့် နေ့ မှာမပေးတော့  ဖက်နမ်းမိတာ ငါ အပြစ်လားချစ်သူ
ကြားထဲမှာ လူမိသွားတာတော့  ငါကံဆိုးတာပေါ့ .............။
ဘာဖြစ်ဖြစ် မိရိုးဖလာမဟုတ်တဲ့ ငါ
မှတ်ပုံတင်မှာ နင်တချက်ကြည့် ကြည့် ပါ
ငါ............
ကိုးကွယ်တာ ဗုဒ္မပါ။

လူစည်ကားတိုင်း ဘုရားပွဲထင်တဲ့ ငါ
လက်တွေ့ နဲ့ စိတ်ကူး ထပ်တူမကျတာ အပြစ်မယူပါနဲ့ ချစ်သူ
ခုခတ်က မချစ်ပဲနဲ့ ချစ်တယ်ပြော
တကယ်လားလို့ မေးမှ
ကျမကို လုပ်ကြပါဦးရှင် ဆိုတဲ့  အာလုပ်သံက ကြားနေရတုန်းမဟုတ်လား............
အချစ်မှာ သတ္တိရှိဖို့ လိုတယ်ဆိုတာ ငါပြောပြချင်လိုက်တာ။


လွတ်လပ်ခွင့် အရ ငါ ချစ်ပိုင်ခွင့် ရှိတယ်
အခွင့် အရေး အရ နင်ငြင်းပိုင်ခွင့် ရှိတယ်
လူငယ်တွေဘောင်အတိုင်း လုပ်ပိုင်ခွင့် ရှိပါလျက်နဲ့ 
လူမိုက်လိုလို သတ္တိရှိချင်ယောင်ဆောင်တာတော့  ငါမစဉ်းစားတက်တော့ ဘူးဟာ
ခက်တာက ဘုရားပွဲလှည့် တိုင်း ဒီလူတွေက ထီးတော်ကိုင်နေတာခက်တယ်..။

ဒီကြားထဲချစ်သူရယ်
စာပေးချင်လို့  ငါအားကိုးကာမှ
ရက်ကွက်ထဲ ဟိုးလေးတကြော်ကြော်
ငါ စာက မှန်စာဆိုပြီးအော်တဲ့ သူရှိသေး......(နင်သိမှာပါ ကိုဗွိုက်နဲ့  ကို အလဲဗင်းလေ)
လစ်တမစ်တက် စက္ကူက ရေထိရင်ပြောင်းမှန်း ငါသတိရနေမှတော့ 
ဒီစာကို ငါမပေးဖြစ်ဘူးဆိုတာ ဘုရားစူးမိုးကြိုးပစ်ယုံပေးပါချစ်သူရာ.........။

ဒီကြားထဲ
လက်ရှရာ ဓါးဝင်သွေးသေးတယ်
ဦးနှောက်ခပ်သေးသေး သူတွေကပေါ့ ဟာ
ဆရာဝန်ကျင့် ထုံးလည်းမသိ
မှင်နီတွေဝိုင်း
ရာဇ၀တ်ပြစ်မှု့ ပိုင်းတဲ့ 
ချစ်သူရေ သူတို့ က တော့ ခပ်တည်တည်ပဲသိလား။

ဒီကြားထဲချစ်သူရယ်
အဓိက က ငါ့ ကို မချစ်နိုင်တာမလား
ဘေးပြောစကားတွေနဲ့  မှန်စာဖြစ်သွားတဲ့  ရည်းစားစာအကြောင်းတော့ ထပ်မပေါင်းပါနဲ့ 
မဟုတ်ရင် ရည်ရွှယ်ချက်တွေ ရောကုန်မှာစိုးလို့ ပါ
တခုတော့ သတိပေးပါရစေချစ်သူရယ်
နင့်  သူငယ်ချင်းတွေကိုပေါ့ 

မြေငလျင်ကြောင့်  ပြိုပျက်သွားတဲ့  တံတားကမှသတင်းမဟုတ်ပါဘူး
ကေအိုင်အေ ဗုံးခွဲတဲ့  ရထားလမ်းကားလမ်းကလည်းသတင်းပါလို့ ..

ရခိုင်မှာ ကုလားတွေကို စစ်တပ်က မသတ်တာမှ သတင်းမဟုတ်ပါဘူး
ကုလားတွေကို ကေအိုင်အေ စစ်သင်တန်းပေးနေတာကလည်း သတင်းပါလို့ ..

ဘယ်နားမှာ သပိတ်စခန်းဖွင့်  ပြန်ပြီကမှ သတင်းမဟုတ်ပါဘူး
လွှတ်တော်ထဲမှာ ဗိုလ်ချူပ်ဝေလွင်ပြောတာကလည်း သတင်းပါလို့ ...

ရဲဖမ်းတာကမှ သတင်းမဟုတ်ပါဘူး
ဆန္ဒပြခွင့်  မတင်ပဲ ဆန္ဒပြရင်လည်း သတင်းပါလို့ ...

လူစုခွဲလိုက်တဲ့ ရဲအမှားကို ဖော်ပြမှ သတင်းမဟုတ်ပါဘူး
လူစုခွဲပါလို့ ပြောထားလျက်နဲ့  မခွဲတဲ့  သူတွေရဲ့  ဒီမိုကရေစီ လိုက်နာမှု့ အားနည်းချက်ကိုရေးရင်လည်း သတင်းပါလို့ .............

ဒီတော့ ချစ်သူရယ်
တဖက်စောင်းနင်းမတွေးပါနဲ့ ကွယ်
ဒီမိုကရေစီဖော်ဆောင်တာခြင်းတူရင်တောင်
မောင်တို့ နေတဲ့ တိုင်းပြည် ကမ္ဘာပျက်မှာစိုးလို့ ပါ။

ဒီပြည်သူနဲ့ ဒီရဲဘယ်လိုစခန်းသွားမလဲဆိုတော့ 
မောင်လည်းပြန်မေးလိုက်ချင်ပါတယ်
ဒီပြည်သူနဲ့  ဒီမိုကရေစီဘယ်လို စခန်းသွားကြပါမလဲလို့ ။

(ပုံရိပ်စစ်)

0 comments: