Monday, December 03, 2012
0
သာသနာ့ ၀န်ထမ်းလား..သာသနာ့ဝန်ထုပ်လား ဘုရား.... ဖြေကြားပေးပါ... ( အရှင်သုစိတ္တသာရ ( မုတ်ကျွန်း ) ဆရာတော်ရေးသားသော .. သာသနာ့ဝန်ထမ်း ရှင်ရဟန်းဟူသည် ... ထဲမှ ဖတ်၍ မေးလျှောက်ရခြင်း ဖြစ်ပါ သည်.. )

သာသနာတော် တာဝန်ကို ဆောင်ရွက်ကြသော ရှင်ရဟန်းများ သည် “ သမဏ သာရုပ္ပ ” ခေါ် လေးစား ကြည်ညိုဖွယ်ရာ အသွင်ကို ဆောင်ပါမှ သာသနာတော် အားလည်း ကြည်ညို အလေးထား သူ ပေါများပေ လိမ့်မည်။ သို့သော် ရှင်ရဟန်းအချို့သည် ထိအချက်ကို အလေးမမူဘဲ မြတ်ဘုရား ပညတ် တော်မူခဲ့သော ၀ိနည်းတော် နှင့် မလျော်ညီသော မအပ်စပ်သော အားထုတ်မှုများ ကို ပေါ်ပေါ်ထင်ထင် ပြုလုပ်လာ ကြ သည်ကို တွေ့မြင်လာ ရပေသည်။


 ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး

လက်ပန်းတောင်းတောင် အရေး
 
ထိုသို့ ပြုလုပ်ရာတွင် “ ကိုယ်မကောင်းတာ လုပ်လျှင် ကိုယ်သာ ခံရသည် ” ဆိုသော် လည်း မိမိ၏ မဆ င်ခြင် မှုသည် “ တစ်ပါး မကောင်းမှုကြောင့် အများ ကိုပါ ထိခိုက် နစ်နာစေ လိမ့်မည် ” ဖြစ်သည်။ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုပ် မဖြစ်စေရန် .. မိမိပယောဂ ကြောင့် သံဃာ ထုကြိး တစ်ရပ်လုံး နှင့် သာသနာ တော် ကို ထိခိုက်စေမည့် အပြုအမူမျိုးကို အထူး အလေးထား ရှောင်ရှား သင့်ပေသည်။ စပါးကို ကိုက်တာ စပါးထဲကပိုး ၀ါကိုဖျက်တာ ၀ါထဲက ပိုး ဆိုသကဲ့သို့ သာသနာတော် ကိုဖျက်စီးရာမှာ သာသနာ တွင်းလူ ( ၀ါ ) သာသနာတွင်း ပိုး က ပို၍ ကြောက်စရာ ကောင်းသည် ကို သတိပြုမိ ကြဖို့ လိုပါသည်။


၈၈၈၈ အရေးအခင်း

သို့မဟုတ် ပါက သာသနာ့ ၀န်ထမ်း ဟု အမည်ခံထား ပါလျှက် သာသနာ ပြုသူ မဟုတ်ပဲ သာသနာ ဖျက် သူ ဖြစ်ခဲ့လျှင် သာသနာ့ ၀န်ထမ်း မဖြစ်ပဲ သာသနာ့ ၀န်ထုပ်များ သာ ဖြစ်ပေလိမ့်မည်။
from;myanmarexpress

0 comments: