
ပုဒ်မ္မ-၁၄၄-ရဲ့  အမိန့် အာဏာမှာ ထိထိရောက်ရောက် အရေးယူပိုင်ခွင့်တွေ ရှိနေတယ် ။ လူ( ၅ ) ဦးထက် မစုရ ဆိုတဲ့  အမိန့်ကို သာမန်ပြည်သူတွေ သိကြပါတယ်။ ဒါပေမဲ့ ဒီ့ထက်ပို လို့မသိနိုင်ကြပါဘူး။ တစ်ကယ်လို့ လူစုဘာ
လုပ်ရမှာလဲဆိုတဲ့  ဥပဒေပြဋ္ဌန်းချက်တွေ ရှိနေတယ် ။
ပဋိပက္ခအဓိကရုဏ်းနှိမ်နှင်းရေးလက်စွဲ ဥပဒေစာအုပ်ကို ရဲ အရာရှိတွေသာ သီးသန်းလျှို့ဝှက်သင်ယူဖတ်ထားရတယ် ။ ပုဒ်မ္မ-၁၄၄-အမိန့် ကို ထုတ်ပြန်ပြီးတဲ့ နောက် လူ( ၅
)ဦးထက်ပိုမိုပြီး စုလာဖြစ်ပြီဆိုရင် ဒါဟာနိုင်ငံတော်က ပြဋ္ဌန်းထားတဲ့ 
ဥပဒေအမိန့် ကို ချိုးဖေါက်လာတာဖြစ်တယ် ။ ဒီတော့ခါ ဥပဒေပုဒ်မ္မ ၁၄၄- အမိန်
့ရဲ့  လုပ်ပိုင်ခွင့်အာဏာတွေကို ပြည်သူတွေ သိရှိရအောင် နိုင်ငံတော် အစိုးရ က
ဆောင်ရွက်ပေးသင့်တယ် ။ နိုင်ငံရေးပါတီတွေက ပြည်သူတွေကို
လေ့ကျင့်သင်ကြားပေးသင့်တယ် ။ ဒါပေ မဲ့  ဗြိတိသျှအင်္ဂလိပ်ခေတ်က ထုတ်ပြန်ခဲ့တဲ
့ အဓိကရုဏ်း ပဋိပက္ခနှိမ်နှင်းရေးလက်စွဲ ဥပဒေစာအုပ်ဟာ ခုအချိန် ထိ
ရဲအရာရှိများအတွက်သာ ပြဋ္ဌန်းထားတာဘဲဖြစ်နေသေးတယ် ။ ဒီတော့ ဒီဥပဒေရဲ့ 
အတိမ်အနက်ကို ဘာတခုမှ မသိကြရဘူး ။ လူစုလူဝေးနဲ့  ရုန်းရင်းဆန်ခတ် အဓိကရုဏ်းဖြစ်လာတဲ့ အချိန်မှာတောင် ဒီဥပဒေ ရဲ့ အကာအကွယ်ကို ဘယ်လိုယူရမယ်ဆိုတာ
ပြည်သူတွေမသိကြဘူး၊ ဥပဒေရဲ့  အစောင့်အရှောက်ကို ဘယ်လို ခံယူမယ်ဆိုတာလဲ
မသိကြဘူး ။ ဒါကြောင့် ပုဒ်မ္မ-၁၄၄-ရဲ့ အမိန့် အာဏာဒီဂရီကို
ဘယ်လိုဖေါ်ပြထားတယ်- ဘယ်လိုလုပ်ပိုင်ခွင့် ရှိတယ်ဆိုတာကို
ရှင်းပြပေးလိုက်ပါတယ် ။
အဓိကကတော့ ပုဒ်မ္မ-၁၄၄-ရဲ့  အမိန့် ကို
ထုတ်ပြန်လိုက်တာနဲ့  ပြည်သူတွေဟာ လူ( ၅ ) ဦးထက် မစုရတော့ ပါဘူး ။ လူစုပြီဆိုရင် သက်ဆိုင်ရာအဓိကရုဏ်းနှိမ်နှင်းရေးအဖွဲ့ တွေကလက်နက်ကိုင်အင်အားအပြည့်နဲ့ ဆန္ဒပြ လူုစုလူအုပ် ရှေ့မှာရှိနေရပါလိမ့်မယ် ။
ဒီ့နောက်မှာသံဆူးကြိုးတားထားပေးရပါတယ် ။ အရေးပေါ်ဆေးရုံ လူနာ တင်ကားတွေကို
သေသေချချာရှိနေရပါလိမ့်မယ် ။ ဆေးရုံမှာလဲ တာဝန်ကျဆရာဝန်တွေကို
ပြည့်ပြည့်စုံစုံ ရှိနေရ ပါတယ် ။ အဲဒီအချိန်မှာ လူအုပ်လူစုက ဆန္ဒပြနေရာက လူ (
၅ ) ဦးထက်ကျော်ပြီးသား ဖြစ်နေတဲ့ အတွက် ပုဒ်မ္မ-၁၄၄- အမိန့် ကို
ချိုးဖေါက်ပြီးသားဖြစ်နေပြီမို့  သံဆူးကြိုးကို ကာထားရာကနေပြီး
မကျူးကျော်လာဖို့ ကို လူအုပ် လူစု ကြားအောင် အသံချဲ့ စက်နဲ့  အော်ပြောရပါတယ်
။ ဒါတွေကိုတောင်မှ လူအုပ်လူစုက လက်မခံဘဲနဲ့ သံဆူး ကြိုးကာထားတာကို
ကျော်ဖြတ်ပြီး အတင်းဝင်ရောက်လာမယ်ဆိုရင် ဒါဟာ ပဒေကို ချိုးဖေါက်သွားပြီမို
့ ဥပဒေ ရဲ့ ဒီ၈ရီအတိုင်း ဆောင်ရွက်ရတော့မှာ ဖြစ်ပါတယ် ။ ဒါ့ကြောင့်
သံဆူးကြိုးကာ ထားတာများ ကို ကျော်ဖြတ် တဲ့ အတွက် ဆန္ဒပြလူအုပ်ကို ပထမဦးစွာ
မြင်းတပ်နဲ့ နှိမ်နှင်း တားဆီးပေးရမယ်လို့  ဖေါ်ပြထားပါတယ် ။ ဒါပေ မဲ့ 
မြင်းတပ်က နေရာတကာမှာ မရှိတဲ့ အတွက် မျက်ရည်ယိုဗုံးကို အသုံးပြုရပါတယ် ။
မျက်ရည်ယိုဗုံးကို အသုံးပြုသော်ငြားလဲ လူအုပ်လူစုကအတင်းရှေ့ဆက်ပြီး
အကြမ်းဖက်လှုပ်ရားလာလို့  ထိမ်းမ နိုင် သိမ်းမရရုန်းရင်းဆန်ခတ်
အဓိကရုဏ်းဖြစ်လာနိုင်တယ်လို့  သတ်မှတ်ရပြီဆိုရင် သေနတ်နဲ့ပစ်ဖို့  အမိန်
့ပေး ရတော့မှာဖြစ်ပါတယ် ။ ဒါဟာ ဥပဒေပုဒ်မ္မ-၁၄၄-ရဲ့ အမိန့် ကို
ဆောင်ရွက်ရတာဖြစ်တယ် ။ ဒီတော့ ခါ သေနတ် နဲ့ ပစ်တဲ့ အခါ မိုးပေါ်ထောင်ပစ်လို့မရဘူးဆိုတာ ဥပဒေ ပုဒ်မ္မ-၁၄၄- မှာဖွင့်ဆိုထားတာပါ ။ လူအုပ်လူစု ဟာသေနတ်နဲ့ပစ်တဲ့အခါ မိုးပေါ်ထောင်ပစ်လို့ရှိရင် သူတို့ကို တကယ်မပစ်ဘူးဆိုတဲ့ 
အသိဝင်သွားပြီး တဲ့ နောက် အတင့်ရဲပြီးတော့ နဂိုရ်ထက် အကြမ်းဖက်မှုများကိုပုလုပ်တတ်တဲ့  အကျင့်ရှိနေတတ်ပါတယ် ။
ဒါကြောင့် သေနတ်နဲ့ပစ်တဲ့ အခါ
လူအုပ်လူစုကို ပစ်ရပါတယ် ။ ပစ်တဲ့ အခါမှာလဲ အဆူအပူဆုံး လူစုကိုပစ်ရ ပါတယ် ။
ဆန္ဒပြတဲ့အခါမှာ ခေါင်းဆောင်တွေရှိတဲ့နေရာဟာ အဆူအပူဆုံး နေရာဖြစ်တာ မို
့တည့်တည့်ပစ်ရပါ တယ် ။ အဲဒီလိုပစ်ပြီးမှ ထိခိုက်ဒဏ်ရာရတဲ့ သူတွေ
သေဆုံးသွားတဲ့ သူတွေကို အရေးပေါ်ဆေးရုံ လူနာတင်ကား နဲ့  ချက်ချင်းတင်ယူသွားရပါတယ် ။ လူအုပ်လူစုဟာ ဒီလိုထိထိရောက်ရောက် ပစ်ခတ်နှိမ်နှင်းမှသာ
ရုန်းရင်း ဆန်ခတ် အဓိကရုဏ်းဖြစ်နေတာကို ရပ်တန့် ပြီး သူတို့ ရဲ့ 
အသက်အန္တရယ်ကို စိုးရိမ်ရလာတဲ့ အတွက် နောက် ဆုပ်သွားကြတာမျိုးဖြစ်တတ်ပါတယ် ။
ဒါကြောင့် ပုဒ်မ္မ-၁၄၄- အမိန့် ကို ထုတ်ပြန်ပြီးလို့ ရှိရင် ဒီလိုဥပဒေရဲ့ 
အကာအကွယ်နဲ့ ဥပဒေရဲ့  အမိန့် ဒီဂရီတွေကို စောင့်ရှောက်ခံယူ လိုက်နာခြင်းနဲ
့ တာဝန်ယူခြင်းများကို ဆောင် ရွက်ကြရမှာဖြစ်ပါတယ်။
(ခိုင်အောင်ကျော် (
နယူးယောက် ) )
0 comments:
Post a Comment