Wednesday, July 31, 2013
0


 
31.7.2013၊ဗုဒ္ဓဟူးနေ့
မိုးရာသီရောက်ရှိလာသည့်နှင့် မြန်မာနိုင်ငံတ၀ှမ်းရေကြီး၊ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လာနေပြီ ဖြစ်သည်။ ရခိုင်ပြည် နယ်၊ မကွေးတိုင်း တောင်ဘက်ခြမ်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတောင်ပိုင်း၊ ပဲခူးတိုင်းတောင်ပိုင်း၊ ကရင်ပြည် နယ်တောင်ပိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းမြောက်ပိုင်းနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့ တွင်ရေဖုံးလွှမ်းခံရနိုင်မှု အလားအလာ အမြင့်မားဆုံးဖြစ်နေသည်ဟု မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က ဆိုထားသည်။

ရေဖုံးလွှမ်းနိုင်သည့် ဒေသများကို လေ့လာကြည့်မည်ဆိုပါက မြေပြန့်ဒေသများဖြစ်သည့် ရန်ကုန်၊ ဧရာဝတီတို့ရှိ လယ်မြေဧကမြောက်များစွာ ရေလွှမ်းနိုင်သည်။ တောင်ထူထပ်သည့် ရှမ်းပြည်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့ တွင်လည်း မိုးများခြင်းကြောင့် တောင်ပြိုမှုများနှင့် ကြုံတွေ့လာနိုင်ပါသည်။

ဇူလိုင်လ ၂၇ ရက်နေ့တွင်ပင် ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နယ်အတွင်း င၀န်မြစ်ရေကြီးခြင်းကြောင့် မြစ်ကမ်း နံဘေးရှိ နေအိမ်အချို့ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီးဖြစ်သည်။ အလားတူပင် ကရင်ပြည်နယ် မြ၀တီမြို့တွင် လည်းရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး လူထောင်ပေါင်းများစွာ ရေဘေးသင့်ဒုက္ခကို ခံစားနေကြရပြီ ဖြစ်သည်။

လယ်မားတို့၏ လယ်မြေများရေလွှမ်းခြင်းနှင့်အတူ မြန်မာနိုင်ငံပြည်နယ်နှင့် တိုင်းအတော်များများတွင် လူနေအိမ်များ သို့ ရေ၀င်ရောက်ခြင်း အန္တရာယ်ရှိလာနိုင်သည်။ ရေကြီးခြင်းကဲ့သို့သော သဘာဝဘေး အန္တရာယ်ကို တားဆီးနိုင်စွမ်း မရှိသော်လည်း ကြိုတင်ကာကွယ်ခြင်းဖြင့် အကောင်းဆုံးဖြေရှင်းရမည်သာ ဖြစ်သည်။

သာမန်ပြည်သူတို့သည် ရုတ်တရက်သဘာဝဘေးဖြစ်သည် မိုးကြီးခြင်းကြောင့် တောင်ပြိုခြင်း၊ မြစ်ကမ်းများ ပြိုကျခြင်းတို့ကို အကူအညီတောင်းခံရန်၊ သတင်းအချက်အလက်မျှဝေရန်တို့ကို ပြုလုပ်နိုင်ရန် လွယ်ကူမည်မ ဟုတ်ပေ။ အကြောင်းမှာ တယ်လီဖုန်း၊ အင်တာနက် စသည်တို့သည် မြန်မာ့ကျေးလက်ဒေသများနေ ပြည်သူတို့ အတွက် အလှမ်းဝေးနေဆဲ ဖြစ်ခြင်းကြောင့်ပင်။

ရေကြီးခြင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ရန် “အမျိုးသား သဘာဝဘေးအန္တရာယ် ကာ ကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ”ကို ဒုသမ္မတဦးဉဏ်ထွန်းဦးဆောင်လျက် ပြည်ထဲရေး၊ ကာကွယ်ရေး၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး အပါအ၀င်အဖွဲ့ဝင် ၂၃ဦးဖြင့် မေလကတည်းက ဖွဲ့စည်း ထားပြီး ဖြစ်သည်။

ပြည်သူလူထုတို့ သဘာဝဘေးအန္တရာယ်ကျရောက်ခြင်းမှ ကာကွယ်နိုင်ရန် “အမျိုးသား သဘာဝဘေး အန္တရာယ် ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ” အနေဖြင့် အစီအမံများ၊ ကြိုတင်ပြင်ဆင်မှုများ၊ သဘာဝဘေး ကျရောက်လျက်ရှိသည့် ဒေသများသို့ သွားရောက်ကာအကူအညီများပေးနိုင်ရန် အချိန်ရောက်နေပြီ ဖြစ်သည်။

အလားတူလူမှု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်လည်း ပြည်သူတို့အတွက် သဘာ ၀ဘေးအန္တရာယ်များမှ အမှန်တကယ်ကာကွယ်ပေးနိုင်မည့် ၀န်ကြီးဌာနဖြစ်လာရန် ဘေးအန္တရာယ်သင့်နိုင်သည့် ဒေ သများသို့သွားရောက်ကာ ကြိုတင်ကာကွယ်မှုများ ပြုလုပ်သင့်နေပြီ ဖြစ်ပါသည်။

0 comments: