Wednesday, August 14, 2013
0

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ခါးတောက်ရင်းအုပ်စု၊ ယင်းသာကျေးရွာ၊ မအိအိဝင်း(ဘ) ဦးဝင်းမြင့်နှ င့် မောင်နေလင်းဦး (ဘ) ဦးထွန်းဝင်းတို့ဟာ 2.7.2013 နေ့မှာ တရားဝင် စာချုပ် ချုပ်ဆိုပြီး ကွားရှင်း ထားကြသူများ ဖြစ်ပါတယ်။ စာချုပ်ထဲမှာလည်း မအိအိဝင်း၏ ဘဝနစ်နာမှုအတွက် ငွေကျပ် (၂၅) သိန်းကို (15.8.2013) နေ့မှာ အပြေပေးချေဖို့ ကတိပြုချက်လည်း ပါဝင်ပါတယ်။အုပ်စု အုပ်ချုပ်ရေးမှူးနှင့် နှစ်ဖက် မိဘအပါအဝင် ရပ်မိရပ်ဖများ သက်သေထားပြီး ချုပ်ဆိုခဲ့ကြတာပါ။ ထိုသို့ ချုပ်ဆိုနိုင်ဖို့အတွက် ဗလီဆရာ ဦးစိုးလွင်နှင့် ရွာဘုန်းကြီး ဦးအာစိဏ္ဏတို့ ညှိနှိုင်းတိုင်ပင်ပြီး စီစဉ်ပေးခဲ့ကြတာပါ။

စာချုပ်ချုပ်ဆိုပြီး (၁၇) ရက်မြောက် 19.7.2013 ရက်နေ့ မနက် ၃းဝဝ နာရီမှာ ကုလားမောင်နေလင်းဦးက အိမ်ကြမ်းခင်းဖောက်ပြီး တက်လာတာပါ။ အဲဒီအချိန်မှာ မအိအိဝင်း၏ အမေရယ်၊ ညီမလေးရယ်၊ အခြား အဖော်မိန်းကလေးတစ်ယောက်ရယ် စုစုပေါင်း (၄) ယောက်အတူအိပ်ကြပါတယ်။(၄) ယောက်လုံးက လူ… လူ အော်ဟစ်ပြီး ဝိုင်းဖမ်းကြလို့ ကုလားပြန်ဆင်းလို့မရတော့ပါဘူး။ အုပ်စုဥက္ကဋ္ဌက ရဲစခန်းလှမ်းတိုင်ရာမှ ၄င်းနေ့မှာဘဲ ရဲကလာဖမ်းသွားပါတော့တယ်။ခုဆိုရင် ကုလားက အချုပ်ထဲမှာရှိနေပြီး။ 15.8.2013 ရက်နေ့ မှာ ရုံးချိန်းရှိတယ်လို့ သိရပါတယ်။

မပြတ်နိုင်လို့ အိမ်တက်တာလား၊ စာချုပ်ထားတဲ့ (၂၅) သိန်း မလျော်ချင်တော့လို့ ပြဿနာရှာတာ လား၊ မေးမြန်းစုံစမ်းနေချိန်မှာ ကုလားမိဘများဖြစ်တဲ့ ဦးထွန်းဝင်း+ဒေါ်သိင်္ဂီတို့က ရုံးရင်ဆိုင်လို့ သိန်း (၁၀၀) ကုန်ချင်ကုန်ပါစေ ဗမာတွေလက်ထဲ တစ်ပြားမှ မထည့်နိုင်ဘူး ဟု အတိအလင်းပြောလာကြောင်း သိရပါတယ်။

ကောင်မလေးက ကုလားခိုးရာလိုက်ပြေးခြင်းဖြစ်ပြီး မြစ်ကြီးနားမှာ အတူနေကြတာပါ။ ကောင်မလေးက ကုလားအယူယူရပါတယ်။မိဘတွေက အိမ်ခေါ်ထားတဲ့အခါ ကုလားကမိဘတွေနဲ့အတူ စားသောက်ြ ပီး ကောင်မလေးကိုတော့ အိမ်ဝင်းထဲက နွားတင်းကုတ်မှာ အခန်းကန့်ပြီး ထားပါတယ်။ စားစရာအဖြစ် ဆန်နဲ့ဆီဘဲ ထောက်ပံ့ပါတယ်။ ကောင်မလေးမနေနိုင်လို့ ဆင်းလာရာမှ ကွာရှင်းတဲ့အထိ ဖြစ်ခဲ့ရတာပါ။

ယင်းသာရွာဟာ အိမ်ခြေ (၂၀၀) ခန့်ရှိပြီး မွတ်ဆလင်က အိမ် (၈၀)။ ဗမာအိမ် (၁၂၀) ခန့်ရှိတယ်လို့ သိရပါတယ်။ကုလားယူလို့ နွားတင်းကုတ်မှာ နေခဲ့ရတဲ့ ဗမာအမျိုးသမီးတွေလည်း ရှိသေးတယ်ဆိုတာ ကန့်ဘလူက သက်သေပြခဲ့ပါပြီဗျာ


0 comments: