Wednesday, July 31, 2013
0
 
31.7.2013၊ဗုဒ္ဓဟူး
အမြန်လမ်းမကြီးပေါ်ပရိတ်ရွတ်ကြပြီတဲ့ ဖြစ်သင့်တာကြာပါပြီ လမ်းနဲ့ပတ်သက်သူတွေက ယဉ်မောင်း တွေကို အပြစ် ပုံကြ ကားသမားတွေက တာယာတွေခနခနကွဲရ တဲ့အ ကြောင်းကိုထောက်ပြကြ ငြင်းခုံနေမယ့်အစား အရှိကို အရှိအ တိုင်းလက်ခံလိုက်တာပိုကောင်းပါတယ်။

ကျွန်တော် အဲ့လမ်းကိုစမောင်းတော့ တိုးဂိတ်ကျော်တာနဲ့ အိပ်ငိုက်တော့တာပဲဗျာ အင်မတန် အအိပ်မမက် တဲ့ကောင်တောင် အိပ်ငိုက်တယ်ဆိုတော့ စဉ်းစားသာကြည့်ပါတော့ ဖြစ်သင့်တာက လမ်းမကြီးဟာလူတွေနဲ့ လုံးလုံး အဆက်ဖြတ်ထားတာမျိုး မဟုတ်ဘဲမကြာမကြာ ဘေးဘီဝဲယာမှာလူတွေ ဆိုင်တွေကိုတွေ့သင့်တယ် ခုတော့ ၁၁၅မိုင် ကျမှလူတွေနဲ့ပြန်တွေ့ရမယ် ဆိုတဲ့အသိက ယဉ်မောင်းကို psyco ဝင်စေတယ် မိုင် ၂၀တစ်ခါလောက် ဆီဆိုင် လဘက်ရည်ဆိုင် ဖြစ်ဖြစ် ဖွင့်ပေးထားသင့်တယ် ဒါဆိုနားနားနေနေမောင်းလို့ရတယ်။

ခုတော့ ၁၁၅ မိုင် ရောက်မှဆိုတဲ့အသိက tension ဖြစ်လာပြီး ခပ်သုတ်သုတ်ဖိမောင်းအောင် အားပေးတော့တာ ပဲ ပြီးတော့ ကွန်ကရစ်နဲ့ကတ္တရာဟာ friction ချင်းမတူတဲ့အတွက် ကွန်က လေ ပေါင် ပိုတက်စေတယ် နားရမယ့်နေ ရာ မရှိတောက်လျောက် မောင်းရ တော့တာယာတွေကွဲတယ် ကျွန်တော်တို့အမြန်မလိုပါဘူး။

နားနားနေနေ အပန်းဖြေပြီး အေးချမ်းသာယာစွာ ခရီးသွားချင်ပါတယ်။ ရှူခင်းတွေကြည့်ရင်း မကြာခန ကားရပ်ပြီး လဘက် ရည်ဆင်းသောက်ချင်ပါတယ် ဖြစ်နိုင်ရင် ဖြတ်သွားဖြတ်လာ လူတွေကိုလည်းငေးမောချင်ပါတယ်။ လွင် ထီးခေါင် ထဲမောင်းနေရပါလားဆိုတဲ့ အားငယ်စိတ်ကိုလည်း ပယ်ဖျောက်ချင်ပါတယ် ပြန်ပိတ်လို့မှမရနိုင် ပဲအရှိကို လက်ခံပြီး လိုတာတွေပံ့ပိုးလိုက်ရင်ကောင်းသွားမှာပါ တစ်လတစ်ခါ ပရိတ်ရွတ်တာမျိုးလည်း ပုံမှန်လုပ်သင့်ပါ တယ်နို့မို့ဆို တိုးဂိတ်ကျော်တာနဲ့ ငါတော့ အန္တရာယ် ဇုံထဲရောက်ပြီလို့ခံစားရပါကြောင်း"


0 comments: