Wednesday, August 14, 2013
0


အမေရိကန်ပြည်ထောင်စု ၏ ထောက်လှမ်းရေးသတင်းများ ကို ဖွင့်ချသူအက်ဒဝပ်စနိုဒင်၏ ဖခင်ဖြစ်သူ လွန်စနိုဒင်သည် ရုရှား နိုင်ငံသို့ သွားရောက်ရန် ဗီဇာရရှိပြီဖြစ်သဖြင့် မကြာမီအတွင်း သူ၏သားဖြစ်သူထံ သွားရောက် လည်ပတ်မည်ဖြစ်ကြောင်း သူ၏ရှေ့နေက ပြောကြားခဲ့သည်။ စနိုဒင်၏ဖခင် မစ္စတာစနိုဒင်က သူ၏သားဖြစ်သူ၏အမှုတွင် မှန်ကန်စွာကျင့်သုံးသည့် တရားစီရင်ရေးစနစ်စီမံပေးပါက သားဖြစ်သူကို ဇာတိ နိုင်ငံသို့ ပြန်လာရန်လိုလားကြောင်း ပြောကြား ခဲ့သည်။ ထို့အပြင် သူ၏သား စနိုဒင်သည် ကြီးမားသော စွန့် လွှတ်မှု ဖြင့် အမှန်တရားကို ပြောကြားခဲ့ ခြင်းဖြစ်သည်ဟု ABC ရုပ်မြင်သံ ကြားတွေ့ဆုံမေးမြန်းခန်းတွင် ဖွင့်ဟခဲ့ကြောင်း သိရသည်။

အက်ဒဝပ်စနိုဒင်သည် ဇွန် ၂၃ရက်တွင် ဟောင်ကောင်မှနေ ၍ မော်စကိုမြို့သို့ ရောက်ရှိခဲ့ ခြင်းဖြစ်သည်။ အက်ဒဝပ်စနိုဒင်သည် အမေရိကန်ပြည်ထောင်စု၏ တိတ်တဆိတ်ထောက်လှမ်း မှုပြုသည့်အစီအစဉ် ကို ဖော်ကောင်လုပ်ခဲ့သူဖြစ်သည်။ စနိုဒင်သည် မော်စကိုမြို့၏ ရှာရာမီ ယေဗိုလေဆိပ်တွင် ရက်သတ္တငါး ပတ်ကြာ သောင်တင်နေခဲ့သူ ဖြစ်သည်။ လွန်စနိုဒင်၏ ရှေ့နေ ဘရုစ်ဖိန်းသည် အက်ဒဝပ်စနို ဒင်၏ ရုရှားလူမျိုးရှေ့နေနှင့် စကားပြောဆိုခဲ့ပြီး ရုရှားရှေ့နေ အနာတိုလီကူချရီနာက စနိုဒင်မှာ ဘေးကင်းရန် ကင်းရှိနေကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။ စနိုဒင်၏ဖခင်ကမူ သား ဖြစ်သူကို အိမ်သို့ပြန်လာစေ လို သော်လည်း တရားမျှတသော တရားစီရင်စစ်ဆေးမှုနှင့် တွေ့ ကြုံရခြင်းရှိမရှိအပေါ် စိုးရိမ်ပူပန် မိကြောင်း ပြောကြားခဲ့သည်။

0 comments: