Wednesday, August 14, 2013
0


ကမ္ဘာလှည့် ခရီးသွားများ လာရောက် လည်ပတ်မှု အများဆုံး ဖြစ်တဲ့ ရွှေတိဂုံ စေတီတော်နဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို ကြည့်ရှုနိုင်တဲ့ ၀က်ဘ်ဆိုက်တစ်ခုကို စတင်လွှင့်တင်လိုက်ပြီ ဖြစ်တယ်လို့ ရွှေ တိဂုံဂေါပက အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

အဆိုပါဝက်ဘ်ဆိုက်ကို အင်္ဂလိပ်နဲ့မြန်မာ နှစ်ဘာသာဖြင့် လွှင့်တင် ထားပြီး ရွှေတိဂုံ စေတီ သမိုင်းကြောင်း၊ သတင်း ကြေညာချက်၊ ဗိသုကာလက်ရာများနဲ့ ဓာတ်ပုံများစတဲ့ အကြောင်းအရာများကို လွှင့်တင် ထား တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ရွှေတိဂုံစေတီတော်သမိုင်းကြောင်းနဲ့ ပတ်သက်တဲ့အကြောင်းအရာများကို www.Shweda gon.com မှာ စတင်ဝင်ရောက် ကြည့်ရှုနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရွှေတိဂုံစေတီသို့ လာရောက် လည်ပတ်တဲ့ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များကို သြဂုတ်လမှ စတင်ကာ ဇုန်ဝင်ကြေး၊ အမေရိကန် ဒေါ်လာ ၅ ဒေါ်လာမှ ၈ ဒေါ်လာသို့ တိုးမြင့် ကောက်ခံ လျက်ရှိတယ် လို့ သိရပါတယ်။




0 comments: